(ေဒါက္ တာ ေနေသြး)ေျပာျပတဲ့ ကိုဗစ္ ဒုတိယ လႈိင္း ကို ျဖတ္သန္းေန ရၿပီျဖစ္တဲ့ ျမန္မာျပည္အေၾကာင္း

ဒီစာကို ဖတ္ေနတဲ့သူက ေဆး႐ုံကုတင္ေပၚက လူတေယာက္လဲျဖစ္ ေကာင္းျဖစ္မယ္။ ရန္ကုန္ သို႔ ရခိုင္ သို႔ တခ်ိဳ႕ၿမိဳ႕ေတြေပ ၚက သတ္ မွတ္ထားတဲ့ ေနရာမွာ ေနထိုင္ရင္း ဖတ္လိုက္ရတာလဲ ျဖစ္ေကာင္းျဖစ္မယ္။ ႐ြာအျပင္က တဲကေလးမွာ ျခင္ကိုက္ခံရင္း တေယာက္ထဲ ဒု ကၡခံလို႔ တ႐ြာလုံးနဲ႔ တေယာက္ မလဲရေစဖို႔ စြန႔္စားလိုက္တဲ့ လူငယ္ေလး လဲ ျဖစ္ေကာင္းျဖစ္မယ္။ ေနရထိုင္ ရတာ အဆင္မေျပေပမယ့္ အမ်ားအက်ိဳးအတြက္ အတၱနဲ႔ ပရကို ဖလွယ္လိုက္သူလဲ ျဖစ္ေကာင္းျဖစ္မယ္။ အိမ္မွာ သက္ေတာင့္သက္သာ ထိုင္ေနရင္းနဲ႔ လူနာေတြ မ်ားလာပီဆိုပီး စိတ္ဓာတ္ က်ေနသူလဲ ျဖစ္ေကာင္းျဖစ္မယ္။

အစားအေသာက္အလွ်ံပယ္နဲ႔ ဘီယာေလး ငုံရင္း ေနာက္တလေလာက္ေတာ့ အိမ္ထဲ မွာပဲ ေအာင္းေနမွျဖစ္မယ္ ဆိုတဲ့ သူႂကြယ္ႀကီးလဲ ျဖစ္ေကာင္းျဖစ္မယ္။ အခန္းတခန္းမွာ လူဆယ္ခ်ီ စုေနရပီး အိမ္မျပန္ႏိုင္ေတာ့တဲ့အေၾကာင္း ၿငီးတြားရင္း လက္က်န္ေငြေလးနဲ႔ အသက္ ဆက္ဖို႔ ႐ုန္းကန္ေနရတဲ့ အလုပ္သမေလးေတြလဲ ျဖစ္ေကာင္း ျဖစ္မယ္။ က်ဴးေက်ာ္ တဲေလးမွာ စုၿပဳံတိုးေနရတဲ့ မိသားစုေတြကို မေၾကာက္ ၾကဖို႔နဲ႔ အားမငယ္ဖို႔ အားေပးေနတဲ့ ေရာဂါေတြၾကား ဝမ္းတထြာကို ရွာေဖြရတဲ့ တေန႔လုပ္ တေန႔စား အလုပ္သမားေလးလဲ ျဖစ္ေကာင္း ျဖစ္မယ္။အခက္ခဲဆုံးအခ်ိန္ေတြမွာ တေယာက္ကို တေယာက္ ေဖးမၾက မယ္။ အတူ တူ တိုက္ပြဲဝင္ၾကမယ္။

အခ်ိန္တိုင္းမွာ ေခါင္းေတြေမ့ထားမယ္။ အားတင္းထားၾကမယ္။ လူမ်ိဳး ဘာသာ ဆင္းရဲ ခ်မ္းသာမေ႐ြး ကုသေပးၾကမယ္။ ခက္ခဲတဲ့ေန႔ေတြ အေမွာင္ဆုံးနာရီေတြမွာ အတူတကြ ေလွ်ာက္လွမ္းၾကမယ္။ေနာက္ဆုံးတေန႔… ဒီေရာဂါႀကီး ၿပီးသြားပီဆိုတဲ့တေန႔မွာ…. အားလုံးနဲ႔အတူ ေန႔သစ္ တခုရဲ႕ ေနေရာင္ကို မိုးေကာင္းကင္ တခုထဲေအာက္မွာ အတူၾကည့္ၾကမယ္။ ႐ုန္းကန္ခဲ့ရမႈေတြကို သတိရရင္းနဲ႔ေပါ့……ျမန္မာျပည္ ကေတာ့ ကိုဗစ္ ဒုတိယလႈိင္းကို ျဖတ္သန္းေန ရပီျဖစ္ပါတယ္။ ျမင့္မားလာတဲ့ လူနာအေရအတြက္၊ ကန႔္သတ္ခ်က္ရွိတဲ့ က်န္းမာေရးဝန္ ထမ္းေတြရဲ႕ အေနအထား၊ စက္ပစၥည္းေတြနဲ႔ ေနရာထိုင္ခင္း အစရွိတာေတြကိုလဲ ထိန္းပီး လုပ္ကိုင္ေနရပါတယ္။

ေရွ႕တန္းက လူေတြလဲ အလြန္ပင္ပန္းေနၾကပါပီ။ ျပည္သူေတြ ထဲမွာလဲ ေၾကာက္လန႔္ေနသူေတြ ရွိတယ္။ ဂ႐ုမစိုက္သူေတြလဲ ရွိတယ္။ ဂ႐ုစိုက္ခ်င္ေသာ္လည္း ဝမ္းေရးအရ အံႀကိတ္လုပ္ေနရသူေတြလဲရွိတယ္။ အမ်ားစု ရင္ထဲမွာေတာ့ ပူပင္မႈေတြ အျပည့္နဲ႔ပါပဲ။ လူမႈေရး၊ စီးပြားေရး၊ က်န္းမာေရးနဲ႔ ပညာေရး အကုန္လုံးကို စိတ္ပူေနၾကရပါတယ္။ ဒါေပမယ့္ ျဖတ္သန္းေန ရဆဲပါပဲ။တမနက္ မိုးလင္းလာတယ္။ လူနာ ဘယ္ႏွေယာက္လဲ ၾကည့္ၾကတယ္။ လန႔္ၾကတယ္။ စိတ္ပူၾကမယ္။ ေနာက္ ညေရာက္လာတယ္။ လူနာစာရင္း ၾကည့္ၾကတယ္။ လန႔္ၾကတယ္။ စိတ္ဓာတ္က်ကုန္ၾကတယ္။ ဒီလိုနဲ႔ ေန႔စြဲေတြ တရက္ပီး တရက္ ျဖတ္သန္းလာခဲ့ၾကတာ အခုဆို ၁လ နီးပါးရွိေတာ့မယ္။

၁ လ ဆိုတဲ့ အခ်ိန္က မေသးပါဘူး။ ပိုးကူးစက္မႈကလဲ ေနာက္ ၂ ပတ္ေလာက္ထိ ေလွ်ာ့က်ဖို႔ မရွိေသးဘူး။ ျမင့္ေနဦးမွာပါပဲ။ ဒီအခ်ိန္မွာ အားတင္းထားၾကဖို႔ ေျပာေပမယ့္ လူအမ်ားစုက စိတ္ဓာတ္က်ေနၾကပါပီ။ မက်ၾကပါနဲ႔ဦး။ ဒီတိုက္ပြဲကို အႏိုင္တိုက္ၾက ရေအာင္ပါ။ တရက္ တရက္ ေနထြက္လာတိုင္း တာဝန္က်တဲ့ က်န္းမာေရးဝန္ထမ္းေတြက ေရွ႕တန္းက ကုသေနၾကတယ္။ အစိုးရဝန္ထမ္းေတြလဲ ႐ုံးတက္ေန ၾကတုန္းပဲ။ အျပင္လုပ္ငန္းေတြလဲ ဆက္လက္လည္ပတ္ေနဆဲ။ ျပည္သူေတြလဲ ဝမ္းေရးအတြက္ ႐ုန္းကန္ေနရဆဲပါ။ တရက္ပီး တရက္ ကိုယ့္အလုပ္ ကိုယ္လုပ္ေနၾကရင္း ေက်ာ္ျဖတ္ေနၾကတာပါ။ ပိုထူးလာတာက ေရာဂါကာကြယ္ဖို႔ သတိထားေနထိုင္ရတာေလး တခုပါပဲ။

စိတ္ဓာတ္မက်ပါနဲ႔။ ေန႔သစ္တိုင္းကို လူသားတိုင္း အတူတူ ေက်ာ္ျဖတ္ၾကရတာပါ။ က်ေနာ္တို႔လဲ ရင္ဆိုင္မယ္။ ခင္ဗ်ားတို႔လဲ ရင္ဆိုင္ၾက ရတာပါပဲ။ အားလုံးဟာ အတူတကြပါပဲ။ ကုသရသူက ကုမယ္။ သံသယရွိသူက သတ္မွတ္ေနရာမွာ ေနရမယ္။ ေရာဂါပိုး ကူးစက္ခံရသူက ေဆး႐ုံမွာ ေနရမယ္။ က်န္သူေတြက ကိုယ့္အလုပ္ကို ဆက္လုပ္ေနၾကမယ္။ ျပန္ေကာင္းလာသူက တာဝန္ေတြ ျပန္ထမ္းေဆာင္မယ္။ ေန မေကာင္းျဖစ္လာသူက ေဆး႐ုံကို ျပန္လာမယ္။ ဒီလိုပဲ သံသရာလည္ရင္းနဲ႔ ေက်ာ္ျဖတ္သြားၾကရမွာပါ။ ဘာမွမလုပ္ရေသးခင္ ဘာမွကူး စက္မႈ မခံရေသးခင္ထဲက ႀကိဳေတြးပီး စိတ္ဓာတ္ က်ေနမယ္ဆို လူျဖစ္ရႈံးပါတယ္။

အရာရာကို ေကာင္းမြန္တဲ့ စိတ္၊ အရႈံးမေပးတဲ့ ဇြဲနဲ႔ ေက်ာ္ျဖတ္ပါ။ ေရာဂါရွိေနသူေတြကလဲ ငါျပန္ေကာင္းရမယ္ဆိုတဲ့စိတ္ဓာတ္၊ မရွိေသး သူကလဲ ငါ မကူးစက္ေအာင္ ႀကိဳးစားေနမယ္ဆိုတဲ့စိတ္ဓာတ္နဲ႔ ရဲရဲေတာက္ျဖတ္သန္းၾကပါ။ ေလွခြက္ ခ်ည္းက်န္ အလံမလွဲပဲ တိုက္ပြဲ ဝင္ၾကပါ။ အားလုံးဟာ ဒုတိယလႈိင္းကို အတူတကြ ျဖတ္သန္းေနၾကတာပါ။ တေယာက္ထဲ ရင္ဆိုင္ေက်ာ္လႊားေနရတာ မဟုတ္ပါဘူး။ စိတ္မေလွ်ာ့လိုက္ပါနဲ႔။ မနက္ျဖန္မ်ားစြာ ရွိပါေသးတယ္။ အားတင္းထားပါ။

(Nay Thway)

unicode

ဒီစာကို ဖတ်နေတဲ့သူက ဆေးရုံကုတင်ပေါ်က လူတယောက်လဲဖြစ် ကောင်းဖြစ်မယ်။ ရန်ကုန် သို့ ရခိုင် သို့ တချို့မြို့တွေပေ ါ်က သတ် မှတ်ထားတဲ့ နေရာမှာ နေထိုင်ရင်း ဖတ်လိုက်ရတာလဲ ဖြစ်ကောင်းဖြစ်မယ်။ ရွာအပြင်က တဲကလေးမှာ ခြင်ကိုက်ခံရင်း တယောက်ထဲ ဒု က္ခခံလို့ တရွာလုံးနဲ့ တယောက် မလဲရစေဖို့ စွန့်စားလိုက်တဲ့ လူငယ်လေး လဲ ဖြစ်ကောင်းဖြစ်မယ်။ နေရထိုင် ရတာ အဆင်မပြေပေမယ့် အများအကျိုးအတွက် အတ္တနဲ့ ပရကို ဖလှယ်လိုက်သူလဲ ဖြစ်ကောင်းဖြစ်မယ်။ အိမ်မှာ သက်တောင့်သက်သာ ထိုင်နေရင်းနဲ့ လူနာတွေ များလာပီဆိုပီး စိတ်ဓာတ် ကျနေသူလဲ ဖြစ်ကောင်းဖြစ်မယ်။

အစားအသောက်အလျှံပယ်နဲ့ ဘီယာလေး ငုံရင်း နောက်တလလောက်တော့ အိမ်ထဲ မှာပဲ အောင်းနေမှဖြစ်မယ် ဆိုတဲ့ သူကြွယ်ကြီးလဲ ဖြစ်ကောင်းဖြစ်မယ်။ အခန်းတခန်းမှာ လူဆယ်ချီ စုနေရပီး အိမ်မပြန်နိုင်တော့တဲ့အကြောင်း ငြီးတွားရင်း လက်ကျန်ငွေလေးနဲ့ အသက် ဆက်ဖို့ ရုန်းကန်နေရတဲ့ အလုပ်သမလေးတွေလဲ ဖြစ်ကောင်း ဖြစ်မယ်။ ကျူးကျော် တဲလေးမှာ စုပြုံတိုးနေရတဲ့ မိသားစုတွေကို မကြောက် ကြဖို့နဲ့ အားမငယ်ဖို့ အားပေးနေတဲ့ ရောဂါတွေကြား ဝမ်းတထွာကို ရှာဖွေရတဲ့ တနေ့လုပ် တနေ့စား အလုပ်သမားလေးလဲ ဖြစ်ကောင်း ဖြစ်မယ်။အခက်ခဲဆုံးအချိန်တွေမှာ တယောက်ကို တယောက် ဖေးမကြ မယ်။ အတူ တူ တိုက်ပွဲဝင်ကြမယ်။

အချိန်တိုင်းမှာ ခေါင်းတွေမေ့ထားမယ်။ အားတင်းထားကြမယ်။ လူမျိုး ဘာသာ ဆင်းရဲ ချမ်းသာမရွေး ကုသပေးကြမယ်။ ခက်ခဲတဲ့နေ့တွေ အမှောင်ဆုံးနာရီတွေမှာ အတူတကွ လျှောက်လှမ်းကြမယ်။နောက်ဆုံးတနေ့… ဒီရောဂါကြီး ပြီးသွားပီဆိုတဲ့တနေ့မှာ…. အားလုံးနဲ့အတူ နေ့သစ် တခုရဲ့ နေရောင်ကို မိုးကောင်းကင် တခုထဲအောက်မှာ အတူကြည့်ကြမယ်။ ရုန်းကန်ခဲ့ရမှုတွေကို သတိရရင်းနဲ့ပေါ့……မြန်မာပြည် ကတော့ ကိုဗစ် ဒုတိယလှိုင်းကို ဖြတ်သန်းနေ ရပီဖြစ်ပါတယ်။ မြင့်မားလာတဲ့ လူနာအရေအတွက်၊ ကန့်သတ်ချက်ရှိတဲ့ ကျန်းမာရေးဝန် ထမ်းတွေရဲ့ အနေအထား၊ စက်ပစ္စည်းတွေနဲ့ နေရာထိုင်ခင်း အစရှိတာတွေကိုလဲ ထိန်းပီး လုပ်ကိုင်နေရပါတယ်။

ရှေ့တန်းက လူတွေလဲ အလွန်ပင်ပန်းနေကြပါပီ။ ပြည်သူတွေ ထဲမှာလဲ ကြောက်လန့်နေသူတွေ ရှိတယ်။ ဂရုမစိုက်သူတွေလဲ ရှိတယ်။ ဂရုစိုက်ချင်သော်လည်း ဝမ်းရေးအရ အံကြိတ်လုပ်နေရသူတွေလဲရှိတယ်။ အများစု ရင်ထဲမှာတော့ ပူပင်မှုတွေ အပြည့်နဲ့ပါပဲ။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေး အကုန်လုံးကို စိတ်ပူနေကြရပါတယ်။ ဒါပေမယ့် ဖြတ်သန်းနေ ရဆဲပါပဲ။တမနက် မိုးလင်းလာတယ်။ လူနာ ဘယ်နှယောက်လဲ ကြည့်ကြတယ်။ လန့်ကြတယ်။ စိတ်ပူကြမယ်။ နောက် ညရောက်လာတယ်။ လူနာစာရင်း ကြည့်ကြတယ်။ လန့်ကြတယ်။ စိတ်ဓာတ်ကျကုန်ကြတယ်။ ဒီလိုနဲ့ နေ့စွဲတွေ တရက်ပီး တရက် ဖြတ်သန်းလာခဲ့ကြတာ အခုဆို ၁လ နီးပါးရှိတော့မယ်။

၁ လ ဆိုတဲ့ အချိန်က မသေးပါဘူး။ ပိုးကူးစက်မှုကလဲ နောက် ၂ ပတ်လောက်ထိ လျှော့ကျဖို့ မရှိသေးဘူး။ မြင့်နေဦးမှာပါပဲ။ ဒီအချိန်မှာ အားတင်းထားကြဖို့ ပြောပေမယ့် လူအများစုက စိတ်ဓာတ်ကျနေကြပါပီ။ မကျကြပါနဲ့ဦး။ ဒီတိုက်ပွဲကို အနိုင်တိုက်ကြ ရအောင်ပါ။ တရက် တရက် နေထွက်လာတိုင်း တာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ရှေ့တန်းက ကုသနေကြတယ်။ အစိုးရဝန်ထမ်းတွေလဲ ရုံးတက်နေ ကြတုန်းပဲ။ အပြင်လုပ်ငန်းတွေလဲ ဆက်လက်လည်ပတ်နေဆဲ။ ပြည်သူတွေလဲ ဝမ်းရေးအတွက် ရုန်းကန်နေရဆဲပါ။ တရက်ပီး တရက် ကိုယ့်အလုပ် ကိုယ်လုပ်နေကြရင်း ကျော်ဖြတ်နေကြတာပါ။ ပိုထူးလာတာက ရောဂါကာကွယ်ဖို့ သတိထားနေထိုင်ရတာလေး တခုပါပဲ။

စိတ်ဓာတ်မကျပါနဲ့။ နေ့သစ်တိုင်းကို လူသားတိုင်း အတူတူ ကျော်ဖြတ်ကြရတာပါ။ ကျနော်တို့လဲ ရင်ဆိုင်မယ်။ ခင်ဗျားတို့လဲ ရင်ဆိုင်ကြ ရတာပါပဲ။ အားလုံးဟာ အတူတကွပါပဲ။ ကုသရသူက ကုမယ်။ သံသယရှိသူက သတ်မှတ်နေရာမှာ နေရမယ်။ ရောဂါပိုး ကူးစက်ခံရသူက ဆေးရုံမှာ နေရမယ်။ ကျန်သူတွေက ကိုယ့်အလုပ်ကို ဆက်လုပ်နေကြမယ်။ ပြန်ကောင်းလာသူက တာဝန်တွေ ပြန်ထမ်းဆောင်မယ်။ နေ မကောင်းဖြစ်လာသူက ဆေးရုံကို ပြန်လာမယ်။ ဒီလိုပဲ သံသရာလည်ရင်းနဲ့ ကျော်ဖြတ်သွားကြရမှာပါ။ ဘာမှမလုပ်ရသေးခင် ဘာမှကူး စက်မှု မခံရသေးခင်ထဲက ကြိုတွေးပီး စိတ်ဓာတ် ကျနေမယ်ဆို လူဖြစ်ရှုံးပါတယ်။

အရာရာကို ကောင်းမွန်တဲ့ စိတ်၊ အရှုံးမပေးတဲ့ ဇွဲနဲ့ ကျော်ဖြတ်ပါ။ ရောဂါရှိနေသူတွေကလဲ ငါပြန်ကောင်းရမယ်ဆိုတဲ့စိတ်ဓာတ်၊ မရှိသေး သူကလဲ ငါ မကူးစက်အောင် ကြိုးစားနေမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ရဲရဲတောက်ဖြတ်သန်းကြပါ။ လှေခွက် ချည်းကျန် အလံမလှဲပဲ တိုက်ပွဲ ဝင်ကြပါ။ အားလုံးဟာ ဒုတိယလှိုင်းကို အတူတကွ ဖြတ်သန်းနေကြတာပါ။ တယောက်ထဲ ရင်ဆိုင်ကျော်လွှားနေရတာ မဟုတ်ပါဘူး။ စိတ်မလျှော့လိုက်ပါနဲ့။ မနက်ဖြန်များစွာ ရှိပါသေးတယ်။ အားတင်းထားပါ။

(Nay Thway)