(၇-၉-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီCOVID-19 အတည္ျပဳလူနာ(၅၄)ဦး ထပ္ေတြ႕ၿပီး ရန္ကုန္တိုင္းမွ(၃၉)ဦးပါဝင္

ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာစစ္ေဆးမႈတြင္ (၂) ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူ (၃)ဦး (Case – 389, 391 ႏွင့္ 466) ရွိသျဖင့္ ယေန႔အထိ စုစုေပါင္း (၃၈၈) ဦးရွိပါသည္။ ၎တို႔အနက္ (၃၆၉) ဦးအား ေဆး႐ုံမွဆင္းခြင့္ ျပဳခဲ့ၿပီး ျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြားအလာ ဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၈)ဦး ရွိပါသည္။ (၆-၉-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၇-၉-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၁၂၉) ဦးရွိပါသည္။ ဓာတ္ခြဲအတည္ျပဳလူနာသစ္မ်ား၏ သတင္း အခ်က္အလက္မ်ားကို ထပ္မံထုတ္ျပန္မည္ ျဖစ္ပါသည္။

(၇-၉ -၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲနမူနာ (၆၅၆)ခု၊ ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၁၃၉) ခု ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ ရာဌာန (မႏၲေလး) မွ ဓာတ္ခြဲနမူနာ (၂၂၄) ခုႏွင့္ ျပည္သူ႔ေဆး႐ုံႀကီး၊ ေမာ္လၿမိဳင္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၁၅၁) ခု၊

စုစုေပါင္း (၁,၁၇၀)ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၅၄) ဦး ေတြ႕ရွိရပါသည္ ။(၇-၉-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၁,၅၁၈) ဦးရွိပါသည္။

REF: MINISTRY OF HEALTH

unicode

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၃)ဦး (Case – 389, 391 နှင့် 466) ရှိသဖြင့် ယနေ့အထိ စုစုပေါင်း (၃၈၈) ဦးရှိပါသည်။ ၎င်းတို့အနက် (၃၆၉) ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၈)ဦး ရှိပါသည်။ (၆-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၇-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၂၉) ဦးရှိပါသည်။ ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်း အချက်အလက်များကို ထပ်မံထုတ်ပြန်မည် ဖြစ်ပါသည်။

(၇-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၆၅၆)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၃၉) ခု ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင် ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၂၂၄) ခုနှင့် ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ ဓာတ်ခွဲနမူနာ (၁၅၁) ခု၊

စုစုပေါင်း (၁,၁၇၀)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၄) ဦး တွေ့ရှိရပါသည် ။(၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၅၁၈) ဦးရှိပါသည်။

REF: MINISTRY OF HEALTH