ရခိုင္ျပည္နယ္ကေန ရန္ကုန္သို႔ ျပန္လာသူေတြ အခ်ိန္ေပးထားၿပီး ျဖစ္၍ မဆက္သြယ္ပါက အေရးယူမည္ဟု အတိုင္ပင္ခံေျပာၿပီ

ႀသဂုတ္လ ၁၀ ရက္ေနာက္ပိုင္း ရခိုင္ကေန ေလေၾကာင္း ခရီးနဲ႔ ရန္ကုန္ကို ေရာက္လာသူ ၅၄၀၀ ေက်ာ္ကို က်န္းမာေရးဌာနေတြက ဆက္ သြယ္အေၾကာင္းၾကားေပမယ့္ ဖုန္းခ်သြားတာ၊ ေျဖၾကားဖို႔ ျငင္းဆန္တာ၊ ဖုန္းနံပါတ္မွားေနတယ္ေျပာၿပီးထပ္မံဆက္သြယ္မရတာက ထက္ ဝက္ေက်ာ္ရွိေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနကလည္းသတင္းထုတ္ျပန္ထားပါတယ္။ ရခိုင္က ျပန္လာသူ ၂၅၄၇ ဦးဟာ ဖုန္းျပန္လည္ ေျဖၾကားမႈမရွိခဲ့သလို လက္ခံေျဖၾကားခဲ့သူ အခ်ိဳ႕မွာလည္း သက္ဆိုင္ရာ က်န္းမာေရးဌာနနဲ႔ အုပ္ခ်ဳပ္ေရးဌာနေတြကို သတင္းပို႔ တာနဲ႔ အ သြားအလာ ကန႔္သတ္တဲ့လုပ္ငန္းေတြမွာ ပူးေပါင္းမႈ အလြန္အားနည္းေနတယ္လို႔လည္း ဝန္ႀကီးဌာန က ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ရခိုင္ကျပန္လာၿပီး က်န္းမာေရးဌာနေတြကို မဆက္သြယ္တာ ထက္ဝက္ခန႔္ ရွိေနတာျဖစ္ပါတယ္။စစ္ေတြကေန ရန္ကုန္သို႔ ေလယာဥ္နဲ႔ ျပန္လာသူေတြကို နာမည္၊လိပ္စာေတြနဲ႔တကြ ႏိုင္ငံပိုင္သတင္းစာေတြမွာ ထည့္သြင္းေဖာ္ျပမွာျဖစ္ၿပီး အခ်ိန္အတိုင္းအတာတစ္ခုအတြင္း မဆက္သြယ္ပါက အေရးယူမွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။ ဒီကေန႔ စက္တင္ဘာလ (၇) ရက္ေန႔မွာ ျပဳလုပ္တဲ့ ကိုဗစ္-၁၉ ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရးအတြက္ Quarantine စင္တာေတြနဲ႔ ပတ္သက္ၿပီး ေနျပည္ေတာ္ေကာင္စီဝင္ဦးညီထြန္း၊ ရန္ကုန္တိုင္း၊ ဒုတိယ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာခ်စ္ကိုဟန္၊

We Love Yangon၊ EC Member ဦးေမာင္ေမာင္ေအးတို႔နဲ႔ အျပန္အလွန္တိုက္႐ိုက္ေဆြးေႏြးျခင္းအစီအစဥ္မွာေျပာခဲ့တာျဖစ္ပါတယ္။ စစ္ ေတြကေန ရန္ကုန္သို႔ျပန္လာသူေတြကို သတင္းစာ ေတြထဲမွာ နာမည္ေတြနဲ႔ထည့္သြင္းေဖာ္ျပၿပီး သက္ဆိုင္ရာဌာနေတြကို ဆက္သြယ္ၿပီး အသိေပးပါလို႔ ေျပာထားေပမယ့္ တစ္ဝက္ေလာက္က အခုထိ မဆက္သြယ္ေသးတာေၾကာင့္ လိပ္စာေတြပါထည့္သြင္းၿပီး ထပ္မံေဖာ္ျပမယ္ လို႔ အတိုင္ပင္ခံပုဂၢိဳလ္ကေျပာပါတယ္။ “အခုလိပ္စာေတြပါထည့္ပါမယ္။ ဒါမွ ေဘးက အိမ္နီးနားခ်င္းေတြ၊ မိတ္ေဆြေတြ ဒါဘယ္သူေတြလဲ ဆိုတာ သိၿပီး အေၾကာင္းၾကားႏိုင္ေအာင္လို႔။ ရက္ပိုင္းအခ်ိန္အတိုင္းအတာတစ္ခုထိေပးပါမယ္။

အဲဒီအတြင္းမွာ ကိုယ့္သေဘာဆႏၵအရ မဆက္သြယ္ဘဲ ေနာက္မွ ပါမွန္းသိရင္ အေရးယူပါမယ္။ အေရးယူတယ္ဆိုတာ ဒဏ္ေပးခ်င္တဲ့ စိတ္ မဟုတ္ဘူး။ သတိေပးခ်င္တဲ့စိတ္နဲ႔။ ဒီလိုမလုပ္လို႔ကေတာ့ ရန္ကုန္လိုေနရာမ်ိဳးမွာ အျမန္ျပန႔္သြားႏိုင္ပါတယ္ “ လို႔ ေဒၚေအာင္ဆန္းစု ၾကည္က ဆိုပါတယ္။ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ရခိုင္ျပည္နယ္ကေန ျပန္လာၿပီး မဆက္သြယ္သူေတြကို ျပည္သူေတြက သတင္းေပးၾကဖို႔ တိုက္တြန္းလိုၿပီး ဒါဟာ အတင္းေျပာတာမဟုတ္ဘဲ အားလုံးအတြက္သာ ျဖစ္တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

Credit : Duwun

unicode

သြဂုတ်လ ၁၀ ရက်နောက်ပိုင်း ရခိုင်ကနေ လေကြောင်း ခရီးနဲ့ ရန်ကုန်ကို ရောက်လာသူ ၅၄၀၀ ကျော်ကို ကျန်းမာရေးဌာနတွေက ဆက် သွယ်အကြောင်းကြားပေမယ့် ဖုန်းချသွားတာ၊ ဖြေကြားဖို့ ငြင်းဆန်တာ၊ ဖုန်းနံပါတ်မှားနေတယ်ပြောပြီးထပ်မံဆက်သွယ်မရတာက ထက် ဝက်ကျော်ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကလည်းသတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်က ပြန်လာသူ ၂၅၄၇ ဦးဟာ ဖုန်းပြန်လည် ဖြေကြားမှုမရှိခဲ့သလို လက်ခံဖြေကြားခဲ့သူ အချို့မှာလည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနတွေကို သတင်းပို့ တာနဲ့ အ သွားအလာ ကန့်သတ်တဲ့လုပ်ငန်းတွေမှာ ပူးပေါင်းမှု အလွန်အားနည်းနေတယ်လို့လည်း ဝန်ကြီးဌာန က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရခိုင်ကပြန်လာပြီး ကျန်းမာရေးဌာနတွေကို မဆက်သွယ်တာ ထက်ဝက်ခန့် ရှိနေတာဖြစ်ပါတယ်။စစ်တွေကနေ ရန်ကုန်သို့ လေယာဉ်နဲ့ ပြန်လာသူတွေကို နာမည်၊လိပ်စာတွေနဲ့တကွ နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်းဖော်ပြမှာဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း မဆက်သွယ်ပါက အရေးယူမှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၇) ရက်နေ့မှာ ပြုလုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် Quarantine စင်တာတွေနဲ့ ပတ်သက်ပြီး နေပြည်တော်ကောင်စီဝင်ဦးညီထွန်း၊ ရန်ကုန်တိုင်း၊ ဒုတိယ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချစ်ကိုဟန်၊

We Love Yangon၊ EC Member ဦးမောင်မောင်အေးတို့နဲ့ အပြန်အလှန်တိုက်ရိုက်ဆွေးနွေးခြင်းအစီအစဉ်မှာပြောခဲ့တာဖြစ်ပါတယ်။ စစ် တွေကနေ ရန်ကုန်သို့ပြန်လာသူတွေကို သတင်းစာ တွေထဲမှာ နာမည်တွေနဲ့ထည့်သွင်းဖော်ပြပြီး သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်ပြီး အသိပေးပါလို့ ပြောထားပေမယ့် တစ်ဝက်လောက်က အခုထိ မဆက်သွယ်သေးတာကြောင့် လိပ်စာတွေပါထည့်သွင်းပြီး ထပ်မံဖော်ပြမယ် လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။ “အခုလိပ်စာတွေပါထည့်ပါမယ်။ ဒါမှ ဘေးက အိမ်နီးနားချင်းတွေ၊ မိတ်ဆွေတွေ ဒါဘယ်သူတွေလဲ ဆိုတာ သိပြီး အကြောင်းကြားနိုင်အောင်လို့။ ရက်ပိုင်းအချိန်အတိုင်းအတာတစ်ခုထိပေးပါမယ်။

အဲဒီအတွင်းမှာ ကိုယ့်သဘောဆန္ဒအရ မဆက်သွယ်ဘဲ နောက်မှ ပါမှန်းသိရင် အရေးယူပါမယ်။ အရေးယူတယ်ဆိုတာ ဒဏ်ပေးချင်တဲ့ စိတ် မဟုတ်ဘူး။ သတိပေးချင်တဲ့စိတ်နဲ့။ ဒီလိုမလုပ်လို့ကတော့ ရန်ကုန်လိုနေရာမျိုးမှာ အမြန်ပြန့်သွားနိုင်ပါတယ် “ လို့ ဒေါ်အောင်ဆန်းစု ကြည်က ဆိုပါတယ်။ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရခိုင်ပြည်နယ်ကနေ ပြန်လာပြီး မဆက်သွယ်သူတွေကို ပြည်သူတွေက သတင်းပေးကြဖို့ တိုက်တွန်းလိုပြီး ဒါဟာ အတင်းပြောတာမဟုတ်ဘဲ အားလုံးအတွက်သာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Credit : Duwun