ဒိုင္အခ်ိဳ႕ရဲ့ လုပ္ရပ္ေၾကာင့္ ပရိသတ္ေတြၾကား ေဝဖန္မႈျမင့္တက္ေနတဲ့ ၿပိဳင္ပြဲဝင္ တစ္ေယာက္ ရဲ့ သီခ်င္း

မေန႔ညက ထုတ္လႊင့္ျပသ ခဲ့တဲ့ The Voice Myanmar Third Week Blind Audition ပြဲမွာေတာ့ ရြက္ပုန္းသီးဝါသနာရွင္ေတြ မ်ားစြာ ပါဝင္ယွဥ္ၿပိဳင္ခဲ့သလို ပရိသတ္ဆႏၵနဲ႔ထပ္တူက်ခဲ့တဲ့ ၿပိဳင္ပြဲဝင္ေတြလည္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒီထဲမွာမွ ပင္ကိုယ္အသံအားေကာင္းေကာင္း နဲ႔ ဒိုင္ေလးေယာက္စလုံး ကို ဆြဲေဆာင္နိုင္ ခဲ့သူေတာ့ ေတာင္တြင္းႀကီးၿမိဳ႕နယ္ကေန လာေရာက္ ယွဥ္ၿပိဳင္တဲ့ ကိုရဲခန႔္ပါ။

“ညိဳ႕ေသာပင္လယ္ ဆြဲငင္ေသာလမင္း” သီခ်င္းေလးနဲ႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး လတ္တေလာ မွာေတာ့ ဒီသီခ်င္း နဲ႔ ပတ္သက္ၿပီး ပရိသတ္ၾကားမွာ ေဝဖန္မႈတခ်ိဳ႕ထြက္ေပၚလ်က္ရွိပါတယ္။ ဒီသီခ်င္းကေတာ့ ေခတ္အဆက္ဆက္ပရိသတ္ၾကားမွာ ေရပန္းစားခဲ့တဲ့သီခ်င္းျဖစ္တာေၾကာင့္ ျပန္ဆိုသူေတြ အမ်ားအျပားရွိခဲ့တဲ့ သီခ်င္းတစ္ပုဒ္ပါ။ ဘိုဘိုနဲ႔ ရတနာဦးတို႔ သီဆို ခဲ့သလို The Voice Myanmar ရဲ့ဒိုင္တစ္ဦးျဖစ္တဲ့ R ဇာနည္နဲ႔ မီးမီးခဲတို႔လည္း ဒီသီခ်င္းကို သီဆိုခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ အိပ္မက္ဆုံရာ(ရာသက္ပန္) ရဲ့ Winner တစ္ဦး ျဖစ္တဲ့ ေအာင္ထက္လည္း သီဆိုခဲ့ၿပီး အရမ္းေပါက္ ခဲ့တယ္လို႔ ဆိုရမွာပါ။ ကိုရဲခန႔္ရဲ့သီဆိုမႈအၿပီးမွာေတာ့ ဒိုင္တစ္ဦးျဖစ္သူနီနီခင္ေဇာ္က အဆိုေတာ္ေအာင္ထက္ထံဖုန္းေခၚခဲ့ၿပီး ၿပိဳင္ပြဲဝင္ ကိုရဲခန႔္နဲ႔ မိတ္ဆက္ေပး ခဲ့တဲ့အျပင္ အဆိုေတာ္က်ားေပါက္ နဲ႔ နီနီတို႔ႏွစ္ေယာက္ ကေတာ့ ကိုရဲခန႔္ကို ရဖို႔ ေအာင္ထက္နဲ႔ စကားေျပာ ခဲ့ၾကပါတယ္။

ဒီလိုအေၾကာင္းအရာ နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြကေတာ့ ဒီသီခ်င္းကို အရင္သီဆိုခဲ့သူက R ဇာနည္ျဖစ္တာမို႔ R ဇာနည္အတြက္ မ်က္ႏွာပူခဲ့ၾကသလို ေဝဖန္တဲ့မွတ္ခ်က္ေတြကိုလည္း ေရးသားခဲ့ၾကပါတယ္။ ဒါေပမယ့္ ၿပိဳင္ပြဲဝင္ကိုရဲခန႔္ကေတာ့ သူ႔ရဲ့ Coach အေနနဲ႔ R ဇာနည္ကို ေရြးခ်ယ္ခဲ့ပါတယ္ ပရိသတ္ႀကီးေရ…

Source – The Voice Myanmar

unicode

မနေ့ညက ထုတ်လွှင့်ပြသ ခဲ့တဲ့ The Voice Myanmar Third Week Blind Audition ပွဲမှာတော့ ရွက်ပုန်းသီးဝါသနာရှင်တွေ များစွာ ပါဝင်ယှဉ်ပြိုင်ခဲ့သလို ပရိသတ်ဆန္ဒနဲ့ထပ်တူကျခဲ့တဲ့ ပြိုင်ပွဲဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ ပင်ကိုယ်အသံအားကောင်းကောင်း နဲ့ ဒိုင်လေးယောက်စလုံး ကို ဆွဲဆောင်နိုင် ခဲ့သူတော့ တောင်တွင်းကြီးမြို့နယ်ကနေ လာရောက် ယှဉ်ပြိုင်တဲ့ ကိုရဲခန့်ပါ။

“ညို့သောပင်လယ် ဆွဲငင်သောလမင်း” သီချင်းလေးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လတ်တလော မှာတော့ ဒီသီချင်း နဲ့ ပတ်သက်ပြီး ပရိသတ်ကြားမှာ ဝေဖန်မှုတချို့ထွက်ပေါ်လျက်ရှိပါတယ်။ ဒီသီချင်းကတော့ ခေတ်အဆက်ဆက်ပရိသတ်ကြားမှာ ရေပန်းစားခဲ့တဲ့သီချင်းဖြစ်တာကြောင့် ပြန်ဆိုသူတွေ အများအပြားရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ ဘိုဘိုနဲ့ ရတနာဦးတို့ သီဆို ခဲ့သလို The Voice Myanmar ရဲ့ဒိုင်တစ်ဦးဖြစ်တဲ့ R ဇာနည်နဲ့ မီးမီးခဲတို့လည်း ဒီသီချင်းကို သီဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အိပ်မက်ဆုံရာ(ရာသက်ပန်) ရဲ့ Winner တစ်ဦး ဖြစ်တဲ့ အောင်ထက်လည်း သီဆိုခဲ့ပြီး အရမ်းပေါက် ခဲ့တယ်လို့ ဆိုရမှာပါ။ ကိုရဲခန့်ရဲ့သီဆိုမှုအပြီးမှာတော့ ဒိုင်တစ်ဦးဖြစ်သူနီနီခင်ဇော်က အဆိုတော်အောင်ထက်ထံဖုန်းခေါ်ခဲ့ပြီး ပြိုင်ပွဲဝင် ကိုရဲခန့်နဲ့ မိတ်ဆက်ပေး ခဲ့တဲ့အပြင် အဆိုတော်ကျားပေါက် နဲ့ နီနီတို့နှစ်ယောက် ကတော့ ကိုရဲခန့်ကို ရဖို့ အောင်ထက်နဲ့ စကားပြော ခဲ့ကြပါတယ်။

ဒီလိုအကြောင်းအရာ နဲ့ ပတ်သက်ပြီး ပရိသတ်တွေကတော့ ဒီသီချင်းကို အရင်သီဆိုခဲ့သူက R ဇာနည်ဖြစ်တာမို့ R ဇာနည်အတွက် မျက်နှာပူခဲ့ကြသလို ဝေဖန်တဲ့မှတ်ချက်တွေကိုလည်း ရေးသားခဲ့ကြပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်ကိုရဲခန့်ကတော့ သူ့ရဲ့ Coach အနေနဲ့ R ဇာနည်ကို ရွေးချယ်ခဲ့ပါတယ် ပရိသတ်ကြီးရေ…

Source – The Voice Myanmar