နိုင္ငံေတာ္ ရဲ့ ဝန္ထမ္းေတြကို အတိုးမဲ့(၂)လစာ ထုတ္ေခ်းမည့္ ရက္ကို အတိအလင္း ေၾကျငာလိုက္ၿပီ

နိုင္ငံ့ဝန္ထမ္း (အျမဲတမ္း)မ်ားကို ေအာက္တိုဘာ ၁ ရက္မွစတင္ကာ လစာ (၂) လစာ အတိုးမဲ့ျဖင့္ ထုတ္ေခ်း မည္ျဖစ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး႐ုံးမွ ထုတ္ျပန္ထားသည္။Covid-19 ကပ္ေရာဂါ သက္ေရာက္မႈမ်ား ကုစားနိုင္ရန္ နိုင္ငံ့ဝန္ထမ္း မ်ားကို လစာ ၂ လစာ အတိုးမဲ့ထုတ္ ေခ်းျခင္း ျဖစ္ေၾကာင္းထုတ္ျပန္ထားသည္။ ေခ်းေငြထုတ္ေခ်းေပးမည့္ဝန္ထမ္းမ်ားသည္ ေအာက္တိုဘာလ ၁ ရက္ေန႔တြင္ တာဝန္ထမ္းေဆာင္ဆဲျဖစ္သ ည့္နိုင္ငံ့ဝန္ထမ္းမ်ား၊ စာျဖင့္သတိေပးျခင္း ႏွစ္တိုး လစာရပ္ဆိုင္းျခင္းႏွင့္

ရာထူးတိုးျမႇင့္ျခင္းကို ရပ္ဆိုင္းျခင္း ျပစ္ဒဏ္က်ခံေနရသည့္ ဝန္ထမ္းမ်ား၊ လစာႏႈန္းအတြင္းလစာေလၽွာ့ခ်ျခင္းျပစ္ဒဏ္ က်ခံေနရသည့္ ဝန္ထမ္းမ်ား၊ ရာထူးအဆင့္ ေလၽွာခ်ျခင္းျပစ္ဒဏ္က် ခံေနရသည့္ဝန္ထမ္းမ်ား၊ တာဝန္မွ ယာယီရပ္ဆိုင္းခဲ့သည့္ကာလအတြက္ လစာအျပည့္ခံစားခြင့္မျပဳျခင္းျပစ္ဒဏ္က်ခံေနရသည့္ဝန္ထမ္းမ်ား၊ ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာ ၂ ရက္ေန႔ မွစ၍ ၂၀၂၂ ခုႏွစ္၊ မတ္လ ၁ ရက္ေန႔အထိ အတြင္း အၿငိမ္းစားယူမည့္ နိုင္ငံ့ဝန္ထမ္း မ်ားကိုေခ်းေငြထုတ္ေခ်း ေပးမည္ျဖစ္သည္။ ေခ်းေငြျပန္လည္ေကာက္ခံရာတြင္ ျပန္လည္ ေပးဆပ္မႈကို ဆိုင္းငံ့ကာလကုန္ဆုံးခ်ိန္ မွစ၍ လစဥ္ လစာမွျဖတ္ ေတာက္ေကာက္ခံျခင္း၊ ဝန္ထမ္းသည္ ဌာနကူးေျပာင္းပါက လက္ခံသည္ ဌာနက ဝန္ထမ္းလစာမွျဖတ္ေတာ က္၍ မူလေခ်းေငြယူ ခဲ့သည့္ ဌာနသို႔ ျပန္လည္ေပးသြင္းရန္၊

ဝန္ထမ္းအျဖစ္မွထုတ္ပယ္ျခင္း ျပဳသည့္ အခ်ိန္တြင္ ျပန္လည္ေပးဆပ္ရမည့္ေခ်းေငြကို အေျပအေက် ေကာက္ခံရန္၊ ဝန္ထမ္းရာထူးမွႏႈတ္ထြက္ ပါက ႏႈတ္ထြက္ခြင့္မျပဳမီ ေခ်းေငြကို အေက်ေပးၿပီးမွႏႈတ္ထြက္ခြင့္ျပဳရန္၊ ေခ်းေငြမေက်မီ ဝန္ထမ္းေသဆုံးပါက က်န္ရစ္သူမိသာစုမွျပန္လည္ေပးဆပ္ရန္၊ အၿငိမ္းစားယူမည့္ဝန္ထမ္းမ်ား ေခ်းေငြျပန္ဆပ္မႈႏွင့္ ပတ္သက္၍ အၿငိမ္းစားယူခ်ိန္တြင္ အၿပီးေပးဆပ္ေစရမည္ ျဖစ္သည္။

unicode

နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း)များကို အောက်တိုဘာ ၁ ရက်မှစတင်ကာ လစာ (၂) လစာ အတိုးမဲ့ဖြင့် ထုတ်ချေး မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ထုတ်ပြန်ထားသည်။Covid-19 ကပ်ရောဂါ သက်ရောက်မှုများ ကုစားနိုင်ရန် နိုင်ငံ့ဝန်ထမ်း များကို လစာ ၂ လစာ အတိုးမဲ့ထုတ် ချေးခြင်း ဖြစ်ကြောင်းထုတ်ပြန်ထားသည်။ ချေးငွေထုတ်ချေးပေးမည့်ဝန်ထမ်းများသည် အောက်တိုဘာလ ၁ ရက်နေ့တွင် တာဝန်ထမ်းဆောင်ဆဲဖြစ်သ ည့်နိုင်ငံ့ဝန်ထမ်းများ၊ စာဖြင့်သတိပေးခြင်း နှစ်တိုး လစာရပ်ဆိုင်းခြင်းနှင့်

ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း ပြစ်ဒဏ်ကျခံနေရသည့် ဝန်ထမ်းများ၊ လစာနှုန်းအတွင်းလစာလျှော့ချခြင်းပြစ်ဒဏ် ကျခံနေရသည့် ဝန်ထမ်းများ၊ ရာထူးအဆင့် လျှောချခြင်းပြစ်ဒဏ်ကျ ခံနေရသည့်ဝန်ထမ်းများ၊ တာဝန်မှ ယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက် လစာအပြည့်ခံစားခွင့်မပြုခြင်းပြစ်ဒဏ်ကျခံနေရသည့်ဝန်ထမ်းများ၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂ ရက်နေ့ မှစ၍ ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့အထိ အတွင်း အငြိမ်းစားယူမည့် နိုင်ငံ့ဝန်ထမ်း များကိုချေးငွေထုတ်ချေး ပေးမည်ဖြစ်သည်။ ချေးငွေပြန်လည်ကောက်ခံရာတွင် ပြန်လည် ပေးဆပ်မှုကို ဆိုင်းငံ့ကာလကုန်ဆုံးချိန် မှစ၍ လစဉ် လစာမှဖြတ် တောက်ကောက်ခံခြင်း၊ ဝန်ထမ်းသည် ဌာနကူးပြောင်းပါက လက်ခံသည် ဌာနက ဝန်ထမ်းလစာမှဖြတ်တော က်၍ မူလချေးငွေယူ ခဲ့သည့် ဌာနသို့ ပြန်လည်ပေးသွင်းရန်၊

ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခြင်း ပြုသည့် အချိန်တွင် ပြန်လည်ပေးဆပ်ရမည့်ချေးငွေကို အပြေအကျေ ကောက်ခံရန်၊ ဝန်ထမ်းရာထူးမှနှုတ်ထွက် ပါက နှုတ်ထွက်ခွင့်မပြုမီ ချေးငွေကို အကျေပေးပြီးမှနှုတ်ထွက်ခွင့်ပြုရန်၊ ချေးငွေမကျေမီ ဝန်ထမ်းသေဆုံးပါက ကျန်ရစ်သူမိသာစုမှပြန်လည်ပေးဆပ်ရန်၊ အငြိမ်းစားယူမည့်ဝန်ထမ်းများ ချေးငွေပြန်ဆပ်မှုနှင့် ပတ်သက်၍ အငြိမ်းစားယူချိန်တွင် အပြီးပေးဆပ်စေရမည် ဖြစ်သည်။