ေကာ့ မႈး NLD ဥကၠ႒ အပါ အဝင္ (၃)ဦးတြင္ ပိုးေတြ႕၊ ပါ တီဝင္ (၂၃) ဦးကို အသြားအလာကန႔္သတ္

ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ရန္ကုန္ၿမိဳ့၊ တကၠသိုလ္ရိပ္သာလမ္းေနအိမ္ ၿခံအမွတ္ ၅၄ က ကိုဗစ္-၁၉ ပိုးေတြနဲ႔လူနာနဲ႔ဆက္စပ္ၿပီး ေကာ့မႈးျမိဳ႕နယ္ NLD ပါတီဥကၠ႒ အပါအဝင္၃ ဦး ေရာဂါပိုးကူးစက္ခံရတယ္လို့ ေကာ့မႈးျမိဳ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္မင္းေအာင္က ေျပာပါတယ္။

“အခုေနာက္ပိုင္း ကူးစက္မွုႏွုန္း အရမ္းျမန္ေတာ့ ဘယ္လမ္းေၾကာင္းကေန ဘယ္လိုကူးစက္တယ္ဆိုတာ မသိရဘူး။ ကြင္းဆက္က ဘယ္ကလာတယ္ဆိုတာ မသိရဘူး။က်ေနာ္တိုေတြက ထိေတြ႕ေနရတဲ့သူဆိုေတာ့ ေစာင့္ၾကည့္ခံရတာေပါ့။ “လို့ ဦးေဇာ္မင္းေအာင္က ေျပာပါတယ္။အခုကူးစက္ခံရတဲ့ ေကာ့မႈးျမိဳ့နယ္ NLD ပါတီဥကၠ႒အပါအဝင္ ၃ ဦးနဲ႔ဆက္စပ္ထိေတြ႕မွုရွိခဲ့တဲ့ ပါတီဝင္ ၂၃ ဦးရွိေၾကာင္း သူကေျပာပါတယ္။

ပိုးေတြ႕လူနာသုံးဦးစလုံးကေတာ့ အမ်ိဳးသားေတြျဖစ္ၿပီး လူနာအမွတ္ (၁၄၆၁) ၊ (၁၄၆၂)နဲ႔ (၁၄၆၃) တို့ ျဖစ္ၾကပါတယ္။ၿခံအမွတ္ (၅၄) က ပိုးေတြ႕လူနာကို မေန႔ကေတြ႕ခဲ့တာျဖစ္ၿပီး သူနဲ႔ ဆက္စပ္ၿပီး ကူးစက္ခံေကာ့မႈး NLD ပါတီ ဥကၠ႒ အပါအဝင္ ၃ ဦးနဲ႔ဆက္စပ္ၿပီး ထိစပ္ခဲ့သူ ၂၃ ဦးကိုလည္းေကာ့မႈးၿမိဳ့နယ္ အ.ထ.က ေက်ာင္းမွာ ကြာရန္တင္းထားရွိသြားမွာျဖစ္တယ္လို့ သိရပါတယ္။

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေကာ့မႈးၿမိဳ့နယ္ကိုသြားေရာက္မယ့္ ခရီးစဥ္ကို ဖ်က္သိမ္းလိုက္တယ္လို့ အြန္လိုင္းကျပဳလုပ္တဲ့ ကိုဗစ္-၁၉ ေရာဂါဆိုင္ရာ ေဆြးေႏြးပြဲမွာ ေျပာၾကားထားပါတယ္။ဒါ့အျပင္ ရန္ကုန္ၿမိဳ့ ဗဟန္းၿမိဳ့နယ္ တကၠသိုလ္ရိပ္သာလမ္းရွိ သူ႔ရဲ့ ေနအိမ္ၿခံဝင္းမွာ ကိုဗစ္-၁၉ ေရာဂါ ေတြ႕တာနဲ႔ ပတ္သက္ၿပီးလည္း ေဒၚေအာင္ဆန္းစုၾကည္က ေတာင္းပန္လိုက္ပါတယ္။

DVB TV News ညီငယ္

unicode

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ခြံအမှတ် ၅၄ က ကိုဗစ်-၁၉ ပိုးတွေနဲ့လူနာနဲ့ဆက်စပ်ပြီး ကော့မှုးမြို့နယ် NLD ပါတီဥက္ကဋ္ဌ အပါအဝင်၃ ဦး ရောဂါပိုးကူးစက်ခံရတယ်လို့ ကော့မှုးမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်က ပြောပါတယ်။

“အခုနောက်ပိုင်း ကူးစက်မှုနှုန်း အရမ်းမြန်တော့ ဘယ်လမ်းကြောင်းကနေ ဘယ်လိုကူးစက်တယ်ဆိုတာ မသိရဘူး။ ကွင်းဆက်က ဘယ်ကလာတယ်ဆိုတာ မသိရဘူး။ကျနော်တိုတွေက ထိတွေ့နေရတဲ့သူဆိုတော့ စောင့်ကြည့်ခံရတာပေါ့။ “လို့ ဦးဇော်မင်းအောင်က ပြောပါတယ်။အခုကူးစက်ခံရတဲ့ ကော့မှုးမြို့နယ် NLD ပါတီဥက္ကဋ္ဌအပါအဝင် ၃ ဦးနဲ့ဆက်စပ်ထိတွေ့မှုရှိခဲ့တဲ့ ပါတီဝင် ၂၃ ဦးရှိကြောင်း သူကပြောပါတယ်။

ပိုးတွေ့လူနာသုံးဦးစလုံးကတော့ အမျိုးသားတွေဖြစ်ပြီး လူနာအမှတ် (၁၄၆၁) ၊ (၁၄၆၂)နဲ့ (၁၄၆၃) တို့ ဖြစ်ကြပါတယ်။ခြံအမှတ် (၅၄) က ပိုးတွေ့လူနာကို မနေ့ကတွေ့ခဲ့တာဖြစ်ပြီး သူနဲ့ ဆက်စပ်ပြီး ကူးစက်ခံကော့မှုး NLD ပါတီ ဥက္ကဋ္ဌ အပါအဝင် ၃ ဦးနဲ့ဆက်စပ်ပြီး ထိစပ်ခဲ့သူ ၂၃ ဦးကိုလည်းကော့မှုးမြို့နယ် အ.ထ.က ကျောင်းမှာ ကွာရန်တင်းထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကကော့မှုးမြို့နယ်ကိုသွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ အွန်လိုင်းကပြုလုပ်တဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားထားပါတယ်။ဒါ့အပြင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ သူ့ရဲ့ နေအိမ်ခြံဝင်းမှာ ကိုဗစ်-၁၉ ရောဂါ တွေ့တာနဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်လိုက်ပါတယ်။

DVB TV News ညီငယ်