ေဝဘာဂီေဆး႐ုံမွာ တာဝန္က်ေနတဲ့ ဆရာဝန္၊ သူနာျပဳေတြ နဲ႔ က်န္းမာေရး ဝန္ထမ္းေတြအတြက္ ၾကက္ေၾကာ္ နဲ႔ ပီဇာေတြ ပို႔ေပး ခဲ့ တဲ့ Sinon Loresca

ေဂး တစ္ေယာက္ျဖစ္ၿပီး ၾကင္နာတတ္ တဲ့ ႏွလုံးသားကို ပိုင္ဆိုင္ထားတဲ့ Sinon Loresca ကိုေတာ့ ျမန္မာပရိသတ္ေတြေတာ္ေတာ္မ်ားမ်ား ခ်စ္ခင္အားေပးၾကၿပီးသား ျဖစ္မွာပါ။ Sinon က ၾကင္နာတတ္ၿပီး သူတစ္ပါးရဲ႕ အပူအပင္ေတြကို မွ်ေဝခံစားတတ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးအားေပးျခင္းခံရတဲ့ တိုင္းတစ္ပါးသားပါပဲ။ Sinon က ဖိလစ္ပိုင္လူမ်ိဳးတစ္ေယာက္ျဖစ္ေပမယ့္ ျမန္မာလူမ်ိဳးေတြအေပၚ ေတာ္ေတာ္ေလး သံေယာဇဥ္ရွိၿပီး ျမန္မာလူမ်ိဳးေတြအတြက္ ကူညီလႉဒါန္းမႈေတြကို လုပ္ေဆာင္ေနသူပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ Sinon က ေဝဘာဂီေဆး႐ုံမွာ တာဝန္က်ေနတဲ့ ဆရာဝန္၊ သူနာျပဳေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြအတြက္ ၾကက္ေၾကာ္နဲ႔ ပီဇာေတြ ပို႔ေပးခဲ့တဲ့အေၾကာင္းကို အခုလိုပဲ မွ်ေဝေပးထားပါတယ္။Sinon ကဒီေန႔ ကြၽန္ေတာ္ ကြၽန္ေတာ္တို႔ရဲ႕Covid-19ေရာဂါ ကုသမႉခံယူေနတဲ့ လူနာေတြကို ၾကည့္ရွေစာင့္ေရွာက္ေနတဲ့ ကြၽန္ေတာ္တို႔ သူရဲေကာင္းေတြကို ကြၽန္ေတာ့္ရဲ႕ေလးစားမႈ ‌အနည္းငယ္အေထာက္အပံ့ ေပးပို႔မွာျဖစ္ပါတယ္။

ပီဇာ နဲ႔ ၾကက္ေၾကာ္ ေတြကိုဆရာဝန္ေတြ သူနာျပဳ ဆရာမေတြနဲ႔ ေဝဘာဂီေဆး႐ုံအနီးအနားတဝိုက္က ခ်ိဳ႕တဲ့သူအခ်ိဳ႕ကို ေပးပို႔မွာပဲ ျဖစ္ပါတယ္။ ဘာမွမေျပာပေလာက္နဲ႔ ကြၽန္ေတာ္ရဲ႕ ေထာက္ပံ့မႈေလးက ကြၽန္ေတာ္တို႔သူရဲေကာင္းေတြကို တစ္ေန႔တာေပ်ာ္႐ႊင္ေစမွာပါ ဆိုၿပီး သူ႔ရဲ႕ အေပ်ာ္ေတြကို မွ်ေဝေပးထားပါတယ္။

Sinon ကေတာ့ လက္ရွိမွာျဖစ္ေနတဲ့ အခက္အခဲေတြအတြက္ ေထာင့္ေစ့ေအာင္ကို စဥ္းစားေပးတတ္သူတစ္ေယာက္ပါပဲ။ Sinon ရဲ႕ ေမတၱာတရားေၾကာင့္ က်န္းမာေရးဝန္ထမ္းေတြအတြက္လည္း အင္အားသစ္ေတြ ရရွိသြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

unicode

ဂေး တစ်ယောက်ဖြစ်ပြီး ကြင်နာတတ် တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ Sinon Loresca ကိုတော့ မြန်မာပရိသတ်တွေတော်တော်များများ ချစ်ခင်အားပေးကြပြီးသား ဖြစ်မှာပါ။ Sinon က ကြင်နာတတ်ပြီး သူတစ်ပါးရဲ့ အပူအပင်တွေကို မျှဝေခံစားတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးအားပေးခြင်းခံရတဲ့ တိုင်းတစ်ပါးသားပါပဲ။ Sinon က ဖိလစ်ပိုင်လူမျိုးတစ်ယောက်ဖြစ်ပေမယ့် မြန်မာလူမျိုးတွေအပေါ် တော်တော်လေး သံယောဇဉ်ရှိပြီး မြန်မာလူမျိုးတွေအတွက် ကူညီလှူဒါန်းမှုတွေကို လုပ်ဆောင်နေသူပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Sinon က ဝေဘာဂီဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကြက်ကြော်နဲ့ ပီဇာတွေ ပို့ပေးခဲ့တဲ့အကြောင်းကို အခုလိုပဲ မျှဝေပေးထားပါတယ်။Sinon ကဒီနေ့ ကျွန်တော် ကျွန်တော်တို့ရဲ့Covid-19ရောဂါ ကုသမှူခံယူနေတဲ့ လူနာတွေကို ကြည့်ရှစောင့်ရှောက်နေတဲ့ ကျွန်တော်တို့ သူရဲကောင်းတွေကို ကျွန်တော့်ရဲ့လေးစားမှု ‌အနည်းငယ်အထောက်အပံ့ ပေးပို့မှာဖြစ်ပါတယ်။

ပီဇာ နဲ့ ကြက်ကြော် တွေကိုဆရာဝန်တွေ သူနာပြု ဆရာမတွေနဲ့ ဝေဘာဂီဆေးရုံအနီးအနားတဝိုက်က ချို့တဲ့သူအချို့ကို ပေးပို့မှာပဲ ဖြစ်ပါတယ်။ ဘာမှမပြောပလောက်နဲ့ ကျွန်တော်ရဲ့ ထောက်ပံ့မှုလေးက ကျွန်တော်တို့သူရဲကောင်းတွေကို တစ်နေ့တာပျော်ရွှင်စေမှာပါ ဆိုပြီး သူ့ရဲ့ အပျော်တွေကို မျှဝေပေးထားပါတယ်။

Sinon ကတော့ လက်ရှိမှာဖြစ်နေတဲ့ အခက်အခဲတွေအတွက် ထောင့်စေ့အောင်ကို စဉ်းစားပေးတတ်သူတစ်ယောက်ပါပဲ။ Sinon ရဲ့ မေတ္တာတရားကြောင့် ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း အင်အားသစ်တွေ ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။