COVID ေၾကာင့္ ရပ္႐ြာအက်ိဳးသယ္ပိုးတတ္သူ အခ်စ္ဆုံးသူငယ္ခ်င္း ေႂကြလြင့္ ခဲ့ရတဲ့အတြက္ ဂေရဟမ္ ယူက်ဳံးမရျဖစ္ေန

သူငယ္ခ်င္းအတြက္ စိတ္မေကာင္း ျဖစ္ရေၾကာင္းကို ” ကြၽန္ေတာ့္ရဲ႕ လက္ခ်ိဳးေရ လို႔ရတဲ့ အခ်စ္ဆုံးသူငယ္ခ်င္း ေတြထဲကတစ္ေယာက္ ခြဲ ခြာသြားတာ မယုံႏိုင္စရာ စိတ္ထားေကာင္းၿပီး အလႉအတန္း အရမ္းရက္ေရာတဲ့သူငယ္ခ်င္း ေကာင္းရာမြန္ရာေရာက္မွာပါ ခင္ဗ်ား လုပ္တဲ့ ပြဲ တိုင္းမွာ ခင္ဗ်ားနဲ႔ အၿမဲအတူတြဲဆိုခဲ့ၾကတဲ့ “ေသသည့္တိုင္ေအာင္ ခ်စ္ေနမယ္” သီခ်င္း သတိရေနမယ္ ကိုဖိုးေအာ္ေရ။ ” ဆိုၿပီး ေျပာျပ လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္း ေလာက္က ဆုံးပါးသြား ခဲ့တဲ့ လူနာအမွတ္ (၁၄၉၁) ဟာ ရပ္႐ြာအက်ိဳးကို သယ္ပိုးတတ္တဲ့ လူေတာ္လူေကာင္း တစ္ ေယာက္ျဖစ္ၿပီး အဆိုေတာ္ဂေရဟမ္ရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္းတစ္ေယာက္လည္းျဖစ္ပါတယ္။ စိတ္ထားေကာင္းၿပီး လူအမ်ားကို ကူညီ တတ္တဲ့ တန္ဖိုးရွိတဲ့သူငယ္ခ်င္း တစ္ေယာက္ ဆုံးရႈံးလိုက္ရတာမို႔ ဂေရဟမ္ကေတာ့ အေတာ္ေလးကို စိတ္မေကာင္းျဖစ္ေနခဲ့တာ ပါ။

ဒီသတင္းကိုၾကားၾကားခ်င္း တစ္မိသားစုလုံး ဝမ္းပန္းတနည္း ငိုခဲ့ရတဲ့အေၾကာင္းကိုလည္း ေသဆုံးသူရဲ႕ ညီျဖစ္သူကို ေျပာျပခဲ့ပါေသး တယ္။ သူငယ္ခ်င္းအတြက္လည္း ရည္စူး ကုသိုလ္အျဖစ္နဲ႔ ဘုန္းႀကီးဆြမ္းကပ္ေပးမယ့္ အေၾကာင္းလည္း ေျပာခဲ့ပါေသးတယ္။ ကိုးကြယ္ ရာ ဘာသာေတြမတူေပမယ့္ ရင္ဘတ္ထဲက ခ်စ္ျခင္းေမတၱာဟာ နက္ရႈိင္းလြန္းပါတယ္။

Happy – Cele Zone

Photo – Garaham

unicode

သူငယ်ချင်းအတွက် စိတ်မကောင်း ဖြစ်ရကြောင်းကို ” ကျွန်တော့်ရဲ့ လက်ချိုးရေ လို့ရတဲ့ အချစ်ဆုံးသူငယ်ချင်း တွေထဲကတစ်ယောက် ခွဲ ခွာသွားတာ မယုံနိုင်စရာ စိတ်ထားကောင်းပြီး အလှူအတန်း အရမ်းရက်ရောတဲ့သူငယ်ချင်း ကောင်းရာမွန်ရာရောက်မှာပါ ခင်ဗျား လုပ်တဲ့ ပွဲ တိုင်းမှာ ခင်ဗျားနဲ့ အမြဲအတူတွဲဆိုခဲ့ကြတဲ့ “သေသည့်တိုင်အောင် ချစ်နေမယ်” သီချင်း သတိရနေမယ် ကိုဖိုးအော်ရေ။ ” ဆိုပြီး ပြောပြ လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း လောက်က ဆုံးပါးသွား ခဲ့တဲ့ လူနာအမှတ် (၁၄၉၁) ဟာ ရပ်ရွာအကျိုးကို သယ်ပိုးတတ်တဲ့ လူတော်လူကောင်း တစ် ယောက်ဖြစ်ပြီး အဆိုတော်ဂရေဟမ်ရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်လည်းဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး လူအများကို ကူညီ တတ်တဲ့ တန်ဖိုးရှိတဲ့သူငယ်ချင်း တစ်ယောက် ဆုံးရှုံးလိုက်ရတာမို့ ဂရေဟမ်ကတော့ အတော်လေးကို စိတ်မကောင်းဖြစ်နေခဲ့တာ ပါ။

ဒီသတင်းကိုကြားကြားချင်း တစ်မိသားစုလုံး ဝမ်းပန်းတနည်း ငိုခဲ့ရတဲ့အကြောင်းကိုလည်း သေဆုံးသူရဲ့ ညီဖြစ်သူကို ပြောပြခဲ့ပါသေး တယ်။ သူငယ်ချင်းအတွက်လည်း ရည်စူး ကုသိုလ်အဖြစ်နဲ့ ဘုန်းကြီးဆွမ်းကပ်ပေးမယ့် အကြောင်းလည်း ပြောခဲ့ပါသေးတယ်။ ကိုးကွယ် ရာ ဘာသာတွေမတူပေမယ့် ရင်ဘတ်ထဲက ချစ်ခြင်းမေတ္တာဟာ နက်ရှိုင်းလွန်းပါတယ်။

Happy – Cele Zone

Photo – Garaham