အောင်ရဲလင်းနဲ့ နေခြည်ဦးတို့ရဲ့ MUSIC SERIES ဒုတိယပိုင်းဖြစ်တဲ့ ထက်ယံ နဲ့ X – BOX ရဲ့ “မင်းထက်နိဗ္ဗာန်ကိုမလိုချင်” သီချင်း MV
Source: Htet Yan’s fb
unicode
လက် ရှိ ပရိသတ်တွေ ကြားမှာ နာမည် ကြီးပြီး ရေပန်းစားနေ တာကတော့ ထက်ယံ ရဲ့ Music Series တွေပဲ ဖြစ်ပါတယ်။ ထက်ယံက သီချင်း သုံးပုဒ် ရဲ့ သီချင်း MV တွေကို Series ပုံစံရိုက်ကူးပြီး အပိုင်းလိုက် ပရိသတ်တွေဆီ ချပြနေတာပဲ ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာကတော့ ထက် ယံရဲ့ Music Series မှာ အဓိကသရုပ်ဆောင်အဖြစ် နေခြည်ဦးနဲ့ အောင်ရဲလင်းတို့က သရုပ်ဆောင်ပေးထားကြတာမို့ ပရိသတ်တွေ ရဲ့ အာရုံစိုက်ခြင်းကို အကြီးအကျယ် ရရှိနေတာပဲ ဖြစ်ပါတယ်။
နေခြည် ဦးနဲ့ အောင်ရဲလင်းတို့ကလည်း အလုပ်အပေါ် အာရုံစူးစိုက်ပြီး အကောင်းဆုံးသရုပ်ဆောင်ခဲ့တာကြောင့် MV လေးက ပိုလို့တောင် အသက် ဝင်လာခဲ့ တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Music Series ရဲ့ Episode 2 အဖြစ် “မင်းထက်နိဗ္ဗာန်ကိုမလိုချင်” သီချင်း MV လေး က ထွက် ရှိလာပါတယ်။ “မင်းထက်နိဗ္ဗာန်ကိုမလိုချင်” သီချင်း ကို ထက်ယံနဲ့ X – Box က သီဆိုထားတာမို့ MV လေးနဲ့ ဘယ်လောက် တောင် လိုက်ဖက်လဲဆိုတာ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။
သီချင်း လေး နဲ့ MV လေး ကတော့ ရုပ်ရှင်တစ်ကားကိုကြည့်နေရတဲ့အတိုင်း အရမ်းကို လိုက်ဖက်မှုရှိတာပဲနော်။ ပရိသတ်ကြီးလည်း ထက်ယံ နဲ့ X – Box သီဆိုထားတဲ့ “မင်းထက်နိဗ္ဗာန်ကိုမလိုချင်” သီချင်းလေးကို ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်် ကြီးအားလုံး လည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Htet Yan’s fb