တရုတ် နှင့် တင်းမာမှု မြင့်တက်နေချိန်တွင် ထိုင်ဝမ်သမ္မတက လေကြောင်း ကာကွယ်ရေး ဒုံးကျည်စခန်း တစ်ခုသို့ သွားရောက် ( မိမိ အချုပ်ခြာ အာဏာကို အထိပါး မခံရန် တပ်ဖွဲ့ဝင် များကို တိုက်တွန်း )
တရုတ် နိုင်ငံနှင့် တင်းမာမှု များ ဆက်လက်မြင့် တက် နေချိန် တွင် ထိုင်ဝမ် သမ္မတ ဆန်အင်းဝမ် က လေကြောင်း ကာကွယ်ရေး ဒုံးကျည်စခန်း တစ်ခုသို့ စက်တင် ဘာလ (၁၁) ရက် တွင် သွားရောက်ခဲ့ပြီး ထိုင်ဝမ် ၏ အချုပ်အခြာ အာဏာနှင့် ဒီမိုကရေစီ ကို ကာကွယ် ရာတွင် တည်ကြည် ခိုင်မာမှု ရှိရန် ထိုစခန်း မှ စစ်သား များအား တိုက်တွန်း ခဲ့သည်။
ယခု နှစ် ဇန်နဝါရီလ က သမ္မတ ရွေးကောက်ပွဲတွင် ထပ်မံရွေးကောက် ခံခဲ့ရပြီး တရုတ် နိုင်ငံကို ရင်ဆိုင် သွားမည်ဟု ကတိပြုခဲ့ သည့် ဆန် သည် ထိုင်ဝမ် စစ်သားများ ၏ လေ့ကျင့် မှုများကို ကြည့်ရှု ခဲ့ပြီး ၎င်းတို့ ၏ ကြိုးပမ်း အားထုတ် မှုများ အတွက် ကျေးဇူးတင် စကားပြောကြား ခဲ့ကြောင်း ထိုင်ဝမ် အစိုးရမှ ထုတ်ပြန် သည့် ဗီဒီယို တွင် ဖော်ပြ ထားသည်။
“ခု အချိန် ကာလ တွေမှာ တရုတ် ကွန်မြူနစ် ရဲ့ လေယာဉ် တွေဟာ ထိုင်ဝမ် ကို ထိပါးနှောင့်ယှက် နေပြီးတော့ စစ်ရေး လေ့ကျင့်မှု တွေလည်း မကြာ ခဏပြုလုပ်နေ ပါတယ်” ဟု ဆန် က ပြောကြား ခဲ့သည်။ယခု ကဲ့သို့ အခြေအနေ မျိုးတွင် တရုတ် နိုင်ငံ၏ လုပ်ဆောင် မှုများကို လူတိုင်း က ရှင်းလင်း တိကျစွာ သိမြင်နိုင် လိမ့်မည် ဟု ယုံကြည်ကြောင်း၊ တရုတ် နိုင်ငံ အနေဖြင့် ၎င်းတို့ တွင် တာဝန် ကြီးမားစွာရှိသည် ကို လူတိုင်း က သိရှိကြောင်း ဆန် က ပြောကြား ခဲ့သည်။
News Eleven
crd:Pencil power
unicode
တရုတ်် နိုင်ငံနှင့် တင်းမာမှု များ ဆက်လက်မြင့်် တက်် နေချိန်် တွင် ထိုင််ဝမ်် သမ္မတ ဆန်အင်းဝမ်် က လေကြောင်း ကာကွယ်ရေး ဒုံးကျည််စခန်း တစ်ခုသို့ စက်တင် ဘာလ (၁၁) ရက် တွင် သွားရောက်ခဲ့ပြီး ထိုင်ဝမ် ၏ အချုပ်အခြာ အာဏာနှင့် ဒီမိုကရေစီ ကို ကာကွယ် ရာတွင် တည်ကြည် ခိုင်မာမှု ရှိရန် ထိုစခန်း မှ စစ်သား များအား တိုက်တွန်း ခဲ့သည်။
ယခု နှစ် ဇန်နဝါရီလ က သမ္မတ ရွေးကောက်ပွဲတွင် ထပ်မံရွေးကောက် ခံခဲ့ရပြီး တရုတ် နိုင်ငံကို ရင်ဆိုင် သွားမည်ဟု ကတိပြုခဲ့ သည့် ဆန် သည် ထိုင်ဝမ် စစ်သားများ ၏ လေ့ကျင့် မှုများကို ကြည့်ရှု ခဲ့ပြီး ၎င်းတို့ ၏ ကြိုးပမ်း အားထုတ် မှုများ အတွက် ကျေးဇူးတင်် စကားပြောကြား ခဲ့ကြောင်း ထိုင်ဝမ် အစိုးရမှ ထုတ်ပြန် သည့် ဗီဒီယို တွင် ဖော်ပြ ထားသည်။
“ခု အချိန် ကာလ တွေမှာ တရုတ် ကွန်မြူနစ် ရဲ့ လေယာဉ် တွေဟာ ထိုင်ဝမ် ကို ထိပါးနှောင့်ယှက် နေပြီးတော့ စစ်ရေး လေ့ကျင့််မှု တွေလည်း မကြာ ခဏပြုလုပ်နေ ပါတယ်” ဟု ဆန် က ပြောကြား ခဲ့သည်။ယခု ကဲ့သို့ အခြေအနေ မျိုးတွင် တရုတ် နိုင်ငံ၏ လုပ်ဆောင် မှုများကို လူတိုင်း က ရှင်းလင်း တိကျစွာ သိမြင်နိုင်် လိမ့်မည်် ဟု ယုံကြည်ကြောင်း၊ တရုတ် နိုင်ငံ အနေဖြင့်် ၎င်းတို့ တွင် တာဝန် ကြီးမားစွ ာရှိသည် ကို လူတိုင်း က သိရှိကြောင်း ဆန် က ပြောကြား ခဲ့သည်။
ထိုင်ဝမ် ၏ ကောင်းကင်ယံ များနှင့် ပြည်သူများသည် အပြင်းအထန် ကြိုးစားအား ထုတ်မှု များကြောင့် ဘေးရန် ကင်းကြောင်း၊ ထိုင်ဝမ် ၏ အချုပ် အခြာ အာဏာ အား တစ်လက်မ မှ မပေးရန် နှင့် ဒီမိုကရေစီ နှင့် လွတ််လပ််မှုကို ကိုင်ဆွဲ ထားရန် လူတိုင်း ကို တိုက်တွန်း ကြောင်း ဆန် က ပြောကြား ခဲ့ သည်။ထို့ပြင် ထိုင် ဝမ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက လည်း ထိုင်ဝမ် အ နောက် တောင်ပိုင်း ကမ်းလွန် ရေပြင်တွင် တရုတ် နိုင်ငံ၏ စစ်ရေး လေ့ကျင့်မှုများ အား စက်တင် ဘာလ (၁၀)ရက် တွင် ရှုတ်ချ ခဲ့သည်။အဆို ပါ စစ်ရေး လေ့ကျင့်မှု များသည် ဆိုးရွား သည့် ရန်စမှုဖြစ် ပြီး နိုင်ငံ တကာ လေကြောင်းသွားလာမှု အတွက် ခြိမ်းခြောက် မှုဖြစ်ကာ တရုတ် နိုင်ငံ အနေဖြင့် ၎င်း ၏ လက်နက်ကိုင် တပ်ဖွဲ့များ ကို ထိန်း ထားရန် ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီး ဌာန၏ စစ်ဆင်ရေး များနှင့် အစီ အစဉ်ရေး ဆွဲရေးဌာနမှ အရာ ရှိ Yeh Kou- Hui က ပြောကြားခဲ့ သည်။
တရုတ် နိုင်ငံသည် ထိုင်ဝမ် အား ၎င်း ပိုင်ဆိုင် သည့်နယ်မြေ အဖြစ် ကြေညာ ထားပြီး ထိုင်ဝမ် ကျွန်းအနီး တွင် စစ်ရေးလေ့ကျင့်မှု များကို အရှိန်မြှင့် လုပ်ဆောင် လျက်ရှိ သည်။ ယင်းစစ်ရေး လေ့ကျင့်မှုများ သည် တရုတ် နိုင်ငံ၏ ဖိအားပေးမှု များဖြစ်ကြောင်း ထိုင်ဝမ် က ရှုမြင်ခဲ့ သည်။ထိုင်ဝမ် ဒုတိယ ကာကွယ်ရေး ဝန်ကြီး Chang Cheping က တရုတ် ၏ စစ်ရေးလေ့ကျင့်မှု များသည် ဒေသတွင်း တည်ငြိမ် မှုအား ခြိမ်းခြောက်နေပြီး နိုင်ငံ တကာ လေကြောင်း သွားလာမှုများ အတွက်လည်း အန္တရာယ် ရှိစေကြောင်း ပြော ကြားခဲ့ သည်။
အမေရိ ကန် ပင်တဂွန် စစ်ဌာနချုပ် ကလည်း ထိုင်ဝမ် ကျွန်းအနီး တွင် တရုတ် ၏ စစ်ရေး လေ့ကျင့်မှု များအား အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန က ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မှတ်ချက်် မ ပေးခဲ့ပေ။ တရုတ် နိုင်ငံ သည် မကြာသေး မီ သီတင်း ပတ်များ အတွင်း ထိုင်ဝမ်ကျွန်း အနီးတွင် စစ်ရေး လေ့ကျင့်မှုများ ကို မကြာ ခဏပြုလုပ် ခဲ့သည်။
News Eleven
crd:Pencil power