အီဂ်စ္ အထက္တန္း ေက်ာင္းမ်ားတြင္ တရုတ္ ဘာသာစကားအား အျဖစ္ မေန သင္ၾကားေရး သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္

အီဂ်စ္ႏိုင္ငံ အတြင္း က အထက္တန္း ေက်ာင္းေတြ မွာ တ႐ုတ္ဘာသာစကား ကို မျဖစ္မေန သင္ၾကားရမယ့္ ဒုတိယ ႏိုင္ငံျခား ဘာသာစကား အျဖစ္ ျပဌာန္းေရး အတြက္ စက္တင္ဘာလ ၊ ၇ ရက္ က တ႐ုတ္ နဲ႔ အီဂ်စ္ တို႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၾက ပါတယ္ ။ တ႐ုတ္ – အီဂ်စ္ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ မွာ အီဂ်စ္ ပညာေရးဝန္ႀကီး တာရက္ေလွ်ာ္ကီ နဲ႔ တ႐ုတ္ သံအမတ္ ေလ်ာင္လီခ်ီယန္တို႔ က လက္မွတ္ေရး ထိုးခဲ့ၾက ပါတယ္ ။

အဲဒီ လက္မွတ္ေရး ထိုးပြဲ အခမ္းအနား မွာ တ႐ုတ္ သံအမတ္ ေလ်ာင္လီခ်ီယန္က ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ႏွစ္ႏိုင္ငံၾကားက ပညာေရး ေပါင္းကူးဖလွယ္မႈေတြ ရပ္တန္႔သြား မွာ မဟုတ္ေၾကာင္း၊ မိမိတို႔ ႏွစ္ႏိုင္ငံအေန နဲ႔ ပညာေတာ္သင္ ေက်ာင္းသားေတြ ကို အျပန္အလွန္ ကူညီေစာင့္ေရွာက္ေပး ခဲ့ၾကၿပီး တ႐ုတ္ အစိုးရအေနနဲ႔ အီဂ်စ္ဝန္ႀကီးဌာနနဲ႔ AI-Azhar တကၠသိုလ္ကို ႏွာေခါင္းစည္း ၃သိန္း နဲ႔ တျခား ဗိုင္းရပ္ စ္ႏွိမ္ႏွင္းေရး ပစၥည္းေတြ လႉဒါန္းခဲ့ တယ္ လို႔ ေျပာၾကား ခဲ့ ပါ တယ္ ။

ဒါ့အျပင္ ဆရာ/ဆရာမေတြရဲ႕ အရည္အေသြး တိုးတက္ျမင့္မားေရး၊ သင္ၾကားေရးပစၥည္းေတြ မရွားပါးေရး၊ သင္ၾကားမႈ နည္းလမ္းေတြ တိုးတက္ေကာင္းမြန္ေရးနဲ႔ သင္႐ိုးၫႊန္းတမ္းေတြ ေရးဆြဲရာ မွာ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔လည္း ဆိုပါ တယ္ ။

အီဂ်စ္ ပညာေရးဝန္ႀကီး ကလည္း အီဂ်စ္ႏိုင္ငံ က တ႐ုတ္ႏိုင္ငံ နဲ႔ သံတမန္ ဆက္ဆံေရး တည္ေဆာက္ ခဲ့တဲ့ ပထမဆုံး အာရပ္နဲ႔ အာဖရိကႏိုင္ငံျဖစ္တာမို႔ အီဂ်စ္-တ႐ုတ္ ဆက္ဆံေရးက နက္နက္ရႈိင္းရႈိင္း အျမစ္တြယ္ေနၿပီျဖစ္ေၾကာင္း၊ အီဂ်စ္ႏိုင္ငံအေန နဲ႔ တ႐ုတ္ႏိုင္ ငံရဲ႕ စီးပြါးေရးနဲ႔ တျခားက႑ေတြ အရွိန္အဟုန္ နဲ႔ ဖြံၿဖိဳးတိုးတက္ေနမႈ ကို အမွီလိုက္ႏိုင္ဖို႔ စိတ္အားထက္သန္ေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ တ႐ုတ္ႏိုင္ငံအေန နဲ႔ အီဂ်စ္ႏိုင္ငံအတြင္း က ေက်ာင္းေတြမွာ ေနေရာင္ျခည္ စြမ္းအင္သုံး လွ်ပ္စစ္ဓါတ္အားေပး စက္႐ုံ တည္ေဆာက္ေပးျခင္း၊ နည္းပညာ ဆိုင္ရာ သင္ၾကားေရး အေထာက္အကူျပဳ အလုပ္႐ုံ ေဆြးေႏြးပြဲေတြ က်င္းပေပးျခင္း၊ တစ္ႏိုင္ငံလုံးက အလယ္တန္းေက်ာင္းေတြမွာ အီလက္ထေရာနစ္ ပညာေရး အေထာက္အကူျပဳ ပစၥည္းေတြ တပ္ဆင္ေပးျခင္း၊ အဆင္ျမင့္ စာသင္ခန္းေတြ တည္ေဆာက္ေပးျခင္း စတဲ့ က႑ေတြမွာ ကူညီေပးခဲ့တယ္လို႔လည္း အီဂ်စ္ ပညာေရးဝန္ႀကီးက ဆိုပါတယ္။

တ႐ုတ္သံ႐ုံး ရဲ႕ အဆိုအရ အီဂ်စ္ႏိုင္ငံ မွာ ကြန္ျဖဴးရွပ္ တကၠသိုလ္ေတြျဖစ္တဲ့ ကိုင္႐ို တကၠသိုလ္နဲ႔ စူးအက္တူးေျမာင္း တကၠသိုလ္တို႔အျပင္ ကြန္ျဖဴးရွပ္ စာသင္ခန္းေတြလည္း ရွိတယ္ လို႔ ဆိုပါ တယ္။

ဒါ့အျပင္ အီဂ်စ္ႏိုင္ငံက တကၠသိုလ္ ၁၆ ခု မွာလည္း တ႐ုတ္ ဘာသာစကား ကို သင္႐ိုးၫႊန္းတမ္း တစ္ခုအေန နဲ႔ ထည့္သြင္း သင္ၾကားေပးေနတယ္လို႔ ဆိုပါတယ္။ တ႐ုတ္အစိုးရအေနနဲ႔ ပညာေရး ေထာက္ပံ့မႈ အစီအစဥ္အျဖစ္ အီဂ်စ္ႏိုင္ငံ မွာ စာသင္ေက်ာင္း ႏွစ္ေက်ာင္း တည္ေဆာက္ေပးခဲ့တဲ့အျပင္ မဟာဘြဲ႕နဲ႔ ပါရဂူဘြဲ႕အတြက္ ပညာသင္ဆုေပါင္း ၃၀၀ေက်ာ္ ေပးအပ္ခဲ့တယ္ လို႔ တ႐ုတ္သံ႐ုံး က ထုတ္ျပန္ေၾကညာ ပါတယ္ ။

နကၡတ္ထူး

Channel Key Myanmar

unicode

အီဂျစ်နိုင်ငံ အတွင်း က အထက်တန်း ကျောင်းတွေ မှာ တရုတ်ဘာသာစကား ကို မဖြစ်မနေ သင်ကြားရမယ့် ဒုတိယ နိုင်ငံခြား ဘာသာစကား အဖြစ် ပြဌာန်းရေး အတွက် စက်တင်ဘာလ ၊ ၇ ရက် က တရုတ် နဲ့ အီဂျစ် တို့ နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြ ပါတယ် ။ တရုတ် – အီဂျစ် နှစ်ဦးသဘောတူ စာချုပ် မှာ အီဂျစ် ပညာရေးဝန်ကြီး တာရက်လျှော်ကီ နဲ့ တရုတ် သံအမတ် လျောင်လီချီယန်တို့ က လက်မှတ်ရေး ထိုးခဲ့ကြ ပါတယ် ။

အဲဒီ လက်မှတ်ရေး ထိုးပွဲ အခမ်းအနား မှာ တရုတ် သံအမတ် လျောင်လီချီယန်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နိုင်ငံကြားက ပညာရေး ပေါင်းကူးဖလှယ်မှုတွေ ရပ်တန့်သွား မှာ မဟုတ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံအနေ နဲ့ ပညာတော်သင် ကျောင်းသားတွေ ကို အပြန်အလှန် ကူညီစောင့်ရှောက်ပေး ခဲ့ကြပြီး တရုတ် အစိုးရအနေနဲ့ အီဂျစ်ဝန်ကြီးဌာနနဲ့ AI-Azhar တက္ကသိုလ်ကို နှာခေါင်းစည်း ၃သိန်း နဲ့ တခြား ဗိုင်းရပ် စ်နှိမ်နှင်းရေး ပစ္စည်းတွေ လှူဒါန်းခဲ့ တယ် လို့ ပြောကြား ခဲ့ ပါ တယ် ။

ဒါ့အပြင် ဆရာ/ဆရာမတွေရဲ့ အရည်အသွေး တိုးတက်မြင့်မားရေး၊ သင်ကြားရေးပစ္စည်းတွေ မရှားပါးရေး၊ သင်ကြားမှု နည်းလမ်းတွေ တိုးတက်ကောင်းမွန်ရေးနဲ့ သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲရာ မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါ တယ် ။

အီဂျစ် ပညာရေးဝန်ကြီး ကလည်း အီဂျစ်နိုင်ငံ က တရုတ်နိုင်ငံ နဲ့ သံတမန် ဆက်ဆံရေး တည်ဆောက် ခဲ့တဲ့ ပထမဆုံး အာရပ်နဲ့ အာဖရိကနိုင်ငံဖြစ်တာမို့ အီဂျစ်-တရုတ် ဆက်ဆံရေးက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီဖြစ်ကြောင်း၊ အီဂျစ်နိုင်ငံအနေ နဲ့ တရုတ်နိုင် ငံရဲ့ စီးပွါးရေးနဲ့ တခြားကဏ္ဍတွေ အရှိန်အဟုန် နဲ့ ဖွံဖြိုးတိုးတက်နေမှု ကို အမှီလိုက်နိုင်ဖို့ စိတ်အားထက်သန်နေကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေ နဲ့ အီဂျစ်နိုင်ငံအတွင်း က ကျောင်းတွေမှာ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ပေးခြင်း၊ နည်းပညာ ဆိုင်ရာ သင်ကြားရေး အထောက်အကူပြု အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပပေးခြင်း၊ တစ်နိုင်ငံလုံးက အလယ်တန်းကျောင်းတွေမှာ အီလက်ထရောနစ် ပညာရေး အထောက်အကူပြု ပစ္စည်းတွေ တပ်ဆင်ပေးခြင်း၊ အဆင်မြင့် စာသင်ခန်းတွေ တည်ဆောက်ပေးခြင်း စတဲ့ ကဏ္ဍတွေမှာ ကူညီပေးခဲ့တယ်လို့လည်း အီဂျစ် ပညာရေးဝန်ကြီးက ဆိုပါတယ်။

တရုတ်သံရုံး ရဲ့ အဆိုအရ အီဂျစ်နိုင်ငံ မှာ ကွန်ဖြူးရှပ် တက္ကသိုလ်တွေဖြစ်တဲ့ ကိုင်ရို တက္ကသိုလ်နဲ့ စူးအက်တူးမြောင်း တက္ကသိုလ်တို့အပြင် ကွန်ဖြူးရှပ် စာသင်ခန်းတွေလည်း ရှိတယ် လို့ ဆိုပါ တယ်။

ဒါ့အပြင် အီဂျစ်နိုင်ငံက တက္ကသိုလ် ၁၆ ခု မှာလည်း တရုတ် ဘာသာစကား ကို သင်ရိုးညွှန်းတမ်း တစ်ခုအနေ နဲ့ ထည့်သွင်း သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရအနေနဲ့ ပညာရေး ထောက်ပံ့မှု အစီအစဉ်အဖြစ် အီဂျစ်နိုင်ငံ မှာ စာသင်ကျောင်း နှစ်ကျောင်း တည်ဆောက်ပေးခဲ့တဲ့အပြင် မဟာဘွဲ့နဲ့ ပါရဂူဘွဲ့အတွက် ပညာသင်ဆုပေါင်း ၃ဝဝကျော် ပေးအပ်ခဲ့တယ် လို့ တရုတ်သံရုံး က ထုတ်ပြန်ကြေညာ ပါတယ် ။

နက္ခတ်ထူး

Channel Key Myanmar