ျမန္မာႏိုင္ငံအတြင္းက COVID -19 ေနာက္ဆုံး စမ္းသပ္ခ်က္အေနအထား အေၾကာင္း ေဒါက္တာခင္ခင္ႀကီး ေျပာျပလာပုံ

ကိုဗစ္-၁၉ဗိုင္းရပ္စ္၏ ရွင္သန္မႈသည္ အပူခ်ိန္ျမင့္မားမႈႏွင့္ ေျပာင္းျပန္အခ်ိဳးက်ေၾကာင္း သိရပါတယ္။ ဒီအတိုင္းပါပဲ ခုလက္ရွိ အေျခအေန ဟာလဲ ေရာဂါပိုးေတြ႕ရွိမႈ ေထာင္တက္ေနတဲ့အေျခအေနကေန ေလ်ာ့က်သြားဖို႔က ျပည္သူလူထုရဲ႕ ပူးေပါင္းပါဝင္မႈနဲ႔ ေျပာင္းျပန္အခ်ိဳးက် ေနပါတယ္။ျပည္သူသာ အျပည့္အဝ ပူးေပါင္းပါဝင္ရင္ ကိုဗစ္ကလဲ ျမန္ျမန္ဆန္ဆန္ ဒလိမ့္ထိုး ျပဳတ္ က်မွာ ျဖစ္ပါတယ္။ ျပည္သူအားသိပ္ မထည့္ရင္ အားနည္းေနရင္ ကိုဗစ္က ေပ်ာ္ေပ်ာ္ပါးပါး အေဖာ္အေပါင္းမ်ားႏွင့္ ၾကာရွည္စြာ ကစားေနမွာ ျဖစ္ပါေၾကာင္း သိေစအပ္ပါတယ္။

ဒါ့ေၾကာင့္ စုေပါင္းအားနဲ႔ ျမန္ျမန္ေမာင္းထုတ္ၾကစို႔ေနာ္။အားလုံးအသက္ဝဝ ရႉႏိုင္တဲ့ေန႔ အျမန္ေရာက္ပါေစ။ဒီေန႔ေတာ့ ကိုယ္တို႔႐ုံးမွာလဲ စာ႐ြက္စာတမ္းေတြ ကေန ကူးစက္မွာ စိုးရိမ္ေနၾကတာေတြ႕မိလို႔ ဒီဟာေလးေတာ့ ေရးအုံးမွလို႔ ေတြးမိလို႔ အားလုံးလဲသိရေအာင္ ပို႔စ္တင္ လိုက္ပါတယ္‘Modeling the stability of SARS-CoV-2 on skin, currency and clothing’ by MedRxiv 1/7/2020 ထုတ္ျပန္တဲ့ ထဲက ဘာသာျပန္ ေဖာ္ျပမွာျဖစ္ပါတယ္လူ႔ခႏၶာကိုယ္အေရျပား ေငြေၾကးနဲ႔ အဝတ္အစားေတြကို အပူခ်ိန္အမ်ိဳးမ်ိဳးမွာထားၿပီး စမ္းသပ္ခဲ့ တာျဖစ္ပါတယ္ ။စမ္းသပ္တဲ့ အပူခ်ိန္ေတြကေတာ့ 4C, 22C နဲ႔ 37*C သုံးမ်ိဳးမွာ စမ္းသပ္ခဲ့တာ ျဖစ္ပါတယ္။

(၁)အေရျပားကို ၾကည့္ၾကစို႔လူ႔အေရျပား ကိုေတာ့ ႏွစ္မ်ိဳးမွာပဲ စမ္းပါတယ္။22*C မွာ ကိုဗစ္က ၉၆ နာရီေနပါတယ္။37*C မွာေတာ့ ၈ နာရီေနေၾကာင္း သိရပါတယ္။(၂)ေငြေၾကးေတြနဲ႔ ပတ္သက္ လို႔ေရာ စမ္းသပ္တာပါ။ဒီေနရာမွာေတာ့ တစ္ေဒၚလာတန္ နဲ႔ ေဒၚလာ ၂၀ တန္မွာ စမ္းထားတာျဖစ္ပါတယ္ ဘာလို႔ဒီလိုႏွစ္မ်ိဳးစမ္းထားတာလဲဆိုရင္ အသုံးမ်ားတဲ့အငယ္ဆုံးေဒၚလာနဲ႔ နည္းနည္းတန္ဖိုးႀကီးတဲ့ ေဒၚလာနဲ႔ စမ္းတာျဖစ္ပါတယ္ (ကြၽန္မတို႔ဆီမွာေတာ့တစ္ေထာင္တန္နဲ႔ တစ္ေသာင္းတန္ သေဘာမ်ိဳးပါ စကားခ်ပ္)။ 1 $ တန္ကေတာ့ 4*C မွာ ၉၆ နာရီေနပါတယ္။ဒီအခ်ိန္မွာ 20 $ တန္ကေတာ့ ၇၂ နာရီပဲေနတာျဖစ္ပါတယ္။

ႏွစ္ခုလုံးကေတာ့ 22C မွာ ၈ နာရီၾကာၿပီး37C မွာေတာ့ ၄ နာရီပဲ ေနပါတယ္။(၃)အဝတ္အစားေတြက်ေတာ့ေရာေငြေၾကး နဲ႔ တူတာမ်ားပါ တယ္။4*C မွာဆို ၉၆ နာရီထိ ရွိေနပါတယ္22*C မွာေတာ့ ၄ နာရီပဲ ေနပါတယ္အားရစရာကေတာ့ 37*C မွာဆိုရင္ေတာ့အသက္ရွင္ေနတဲ့ ဗိုင္းရပ္စ္ကို မေတြ႕ရဘူးဆိုတာပါပဲ။ဒီေတြ႕ရွိခ်က္က ဘာကိုေျပာခ်င္တာလဲဆိုရင္ အဲကြန္းခန္းေတြမွာ အလုံပိတ္ၿပီး လူေတြအမ်ားႀကီး ရွိ ေနမယ္ဆိုရင္ ဗိုင္းရပ္စ္က ၾကာရွည္စြာ အသက္ရွင္ ႏိုင္ၿပီး တေယာက္နဲ႔တစ္ေယာက္ ကူးစက္ဖို႔ အလြန္လြယ္ကူေစတယ္ဆိုတာ မီးေမာင္း ထိုးျပလိုရင္းျဖစ္ပါတယ္။ဒီေနရာမွာ ကိုယ္႐ုံးခန္း အလုပ္ခန္းသာေလေကာင္းေလသန႔္ရၿပီး ေနေရာင္ျခည္သာ ရရွိေနရင္။

ပိုးက ၾကာၾကာမေနဘူး ဆိုခ်င္တာပါပဲ။ဒီေန႔ေတာ့ ႐ုံးမွာ အခ်င္းခ်င္းစကားေျပာျဖစ္ၾကတယ္ မိန္းခေလးေတြကအိမ္ျပန္ရင္အဝတ္ေတြ အားလုံးေလွ်ာ္ မီးပူတိုက္ ဝတ္ခ်ိန္မွာ အမ်ိဳးသားေတြက တိုက္ပုံေတြတကားကား မေလွ်ာ္ပဲ ႐ုံးခန္းကတန္းမွာခ်ိတ္ထား ႐ုံးေရာက္ရင္ ျပန္ ျပန္ဝတ္ေနရင္ေတာ့ ဂြက်ၿပီလို႔ ေနာက္မိၾကေသးတယ္အမွန္ေတာ့ တေန႔ဝတ္တာ တေန႔ေလွ်ာ္ဖြပ္ၿပီး ဝတ္ဆင္ျခင္းျဖင့္ ဗိုင္းရပ္စ္အႏၲရာယ္ မွ ေလွ်ာ့ပါးေစႏိုင္မွာျဖစ္ပါေၾကာင္း လူႀကီးလူေကာင္းမ်ားကို ေစတနာျဖင့္ သတိေပးလိုက္ပါတယ္။

CRD: DR KHIN KHIN GYI

unicode

ကိုဗစ်-၁၉ဗိုင်းရပ်စ်၏ ရှင်သန်မှုသည် အပူချိန်မြင့်မားမှုနှင့် ပြောင်းပြန်အချိုးကျကြောင်း သိရပါတယ်။ ဒီအတိုင်းပါပဲ ခုလက်ရှိ အခြေအနေ ဟာလဲ ရောဂါပိုးတွေ့ရှိမှု ထောင်တက်နေတဲ့အခြေအနေကနေ လျော့ကျသွားဖို့က ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ပြောင်းပြန်အချိုးကျ နေပါတယ်။ပြည်သူသာ အပြည့်အဝ ပူးပေါင်းပါဝင်ရင် ကိုဗစ်ကလဲ မြန်မြန်ဆန်ဆန် ဒလိမ့်ထိုး ပြုတ် ကျမှာ ဖြစ်ပါတယ်။ ပြည်သူအားသိပ် မထည့်ရင် အားနည်းနေရင် ကိုဗစ်က ပျော်ပျော်ပါးပါး အဖော်အပေါင်းများနှင့် ကြာရှည်စွာ ကစားနေမှာ ဖြစ်ပါကြောင်း သိစေအပ်ပါတယ်။

ဒါ့ကြောင့် စုပေါင်းအားနဲ့ မြန်မြန်မောင်းထုတ်ကြစို့နော်။အားလုံးအသက်ဝဝ ရှူနိုင်တဲ့နေ့ အမြန်ရောက်ပါစေ။ဒီနေ့တော့ ကိုယ်တို့ရုံးမှာလဲ စာရွက်စာတမ်းတွေ ကနေ ကူးစက်မှာ စိုးရိမ်နေကြတာတွေ့မိလို့ ဒီဟာလေးတော့ ရေးအုံးမှလို့ တွေးမိလို့ အားလုံးလဲသိရအောင် ပို့စ်တင် လိုက်ပါတယ်‘Modeling the stability of SARS-CoV-2 on skin, currency and clothing’ by MedRxiv 1/7/2020 ထုတ်ပြန်တဲ့ ထဲက ဘာသာပြန် ဖော်ပြမှာဖြစ်ပါတယ်လူ့ခန္ဓာကိုယ်အရေပြား ငွေကြေးနဲ့ အဝတ်အစားတွေကို အပူချိန်အမျိုးမျိုးမှာထားပြီး စမ်းသပ်ခဲ့ တာဖြစ်ပါတယ် ။စမ်းသပ်တဲ့ အပူချိန်တွေကတော့ 4C, 22C နဲ့ 37*C သုံးမျိုးမှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

(၁)အရေပြားကို ကြည့်ကြစို့လူ့အရေပြား ကိုတော့ နှစ်မျိုးမှာပဲ စမ်းပါတယ်။22*C မှာ ကိုဗစ်က ၉၆ နာရီနေပါတယ်။37*C မှာတော့ ၈ နာရီနေကြောင်း သိရပါတယ်။(၂)ငွေကြေးတွေနဲ့ ပတ်သက် လို့ရော စမ်းသပ်တာပါ။ဒီနေရာမှာတော့ တစ်ဒေါ်လာတန် နဲ့ ဒေါ်လာ ၂၀ တန်မှာ စမ်းထားတာဖြစ်ပါတယ် ဘာလို့ဒီလိုနှစ်မျိုးစမ်းထားတာလဲဆိုရင် အသုံးများတဲ့အငယ်ဆုံးဒေါ်လာနဲ့ နည်းနည်းတန်ဖိုးကြီးတဲ့ ဒေါ်လာနဲ့ စမ်းတာဖြစ်ပါတယ် (ကျွန်မတို့ဆီမှာတော့တစ်ထောင်တန်နဲ့ တစ်သောင်းတန် သဘောမျိုးပါ စကားချပ်)။ 1 $ တန်ကတော့ 4*C မှာ ၉၆ နာရီနေပါတယ်။ဒီအချိန်မှာ 20 $ တန်ကတော့ ၇၂ နာရီပဲနေတာဖြစ်ပါတယ်။

နှစ်ခုလုံးကတော့ 22C မှာ ၈ နာရီကြာပြီး37C မှာတော့ ၄ နာရီပဲ နေပါတယ်။(၃)အဝတ်အစားတွေကျတော့ရောငွေကြေး နဲ့ တူတာများပါ တယ်။4*C မှာဆို ၉၆ နာရီထိ ရှိနေပါတယ်22*C မှာတော့ ၄ နာရီပဲ နေပါတယ်အားရစရာကတော့ 37*C မှာဆိုရင်တော့အသက်ရှင်နေတဲ့ ဗိုင်းရပ်စ်ကို မတွေ့ရဘူးဆိုတာပါပဲ။ဒီတွေ့ရှိချက်က ဘာကိုပြောချင်တာလဲဆိုရင် အဲကွန်းခန်းတွေမှာ အလုံပိတ်ပြီး လူတွေအများကြီး ရှိ နေမယ်ဆိုရင် ဗိုင်းရပ်စ်က ကြာရှည်စွာ အသက်ရှင် နိုင်ပြီး တယောက်နဲ့တစ်ယောက် ကူးစက်ဖို့ အလွန်လွယ်ကူစေတယ်ဆိုတာ မီးမောင်း ထိုးပြလိုရင်းဖြစ်ပါတယ်။ဒီနေရာမှာ ကိုယ်ရုံးခန်း အလုပ်ခန်းသာလေကောင်းလေသန့်ရပြီး နေရောင်ခြည်သာ ရရှိနေရင်။

ပိုးက ကြာကြာမနေဘူး ဆိုချင်တာပါပဲ။ဒီနေ့တော့ ရုံးမှာ အချင်းချင်းစကားပြောဖြစ်ကြတယ် မိန်းခလေးတွေကအိမ်ပြန်ရင်အဝတ်တွေ အားလုံးလျှော် မီးပူတိုက် ဝတ်ချိန်မှာ အမျိုးသားတွေက တိုက်ပုံတွေတကားကား မလျှော်ပဲ ရုံးခန်းကတန်းမှာချိတ်ထား ရုံးရောက်ရင် ပြန် ပြန်ဝတ်နေရင်တော့ ဂွကျပြီလို့ နောက်မိကြသေးတယ်အမှန်တော့ တနေ့ဝတ်တာ တနေ့လျှော်ဖွပ်ပြီး ဝတ်ဆင်ခြင်းဖြင့် ဗိုင်းရပ်စ်အန္တရာယ် မှ လျှော့ပါးစေနိုင်မှာဖြစ်ပါကြောင်း လူကြီးလူကောင်းများကို စေတနာဖြင့် သတိပေးလိုက်ပါတယ်။

CRD: DR KHIN KHIN GYI