REF: LET PAN DAILY
unicode
အဆိုပြိုင်ပွဲမှာ နီနီခင်ဇော်ရဲ့ လုပ်ရပ်ကြောင့် ဝေဖန်ခံနေရတာနဲ့ ပက်သက်ပြီး ဟေဇယ်က ပွင့်ပွင့်လင်းလင်း ပြောပြီ
ဟေဇယ်ကကျ စိတ်နုတော့ တယောက်ယောက်က ပြောလိုက်ရင်ကို သူက င့ါကို ဒီလိုမြင်သွားတာလား ငါက အဲ့လိုမဟုတ်ဘူးလေဆိုပြီး ကိုယ်က အရမ်းကို ရှင်းပြ ချင်တယ်။ ဒါပေမဲ့ တယောက်ကို ရှင်းပြနေရင်လည်း သူ့ခံယူချက်နဲ့သူ ဆိုတော့ ရှင်းပြနေလည်း ပြီးသွားမှာ မဟုတ်ဘူးလေ။မရှင်းပြတာကို အရမ်းကြိုက်တယ်။ မမနီ နေနိုင်တာ ကိုလည်း အရမ်းလေးစားတယ်။ အတုယူစရာကောင်းတာက တခု နှစ်ခု မဟုတ်ဘူး အများကြီးပဲ ဆိုတော့ ကိုယ်ယူနိင်သလောက်လေးပဲ ယူနေရတယ်။
အရမ်းလေးစားတဲ့ အထဲမှာတော့ မမနီက ထိပ်ဆုံးပဲ။ ဟေဇယ့်မှာ ဆရာသမားတွေကတော့ အများကြီးပေမဲ့ မနီက ကျတော့ ဟေ ဇယ့်ရဲ့ idol coach ဆိုတော့ ချစ်လည်း ချစ်တယ် လေးလည်း လေးစားတယ်။ ” ဆိုကာ နီနီခင်ဇော်နဲ့ ပက် သက်ပြီး ဖြေကြားခဲ့ပါတယ်။ ဟေဇယ် ကတော့ ပြီးခဲ့တဲ့ The Voice Myanmar Season 2 ရဲ့ ပြိုင်ပွဲဝင်ဟောင်း တဦးပဲ ဖြစ်ပါတယ်။ တ ကျော့ နှစ်ကျော့ တေးကိုသီ သီချင်းနဲ့ ပရိတ်သတ်တွေကြား ပြောစမှတ် ပြုသွားပြီး ဝေဖန်မှုများနဲ့အတူ အားပေးလက်ခံသူ အများအပြား ရရှိခဲ့တဲ့သူပါ။
လတ်တလောမှာတော့ သီချင်းကောင်း များစွာကို သီဆိုဖန်တီးနိုင်ဖို့အတွက်လည်း ကြိုးစားနေသူပါ။လက်ရှိမှာတော့ အဆိုတော် နီနီခင် ဇော်ဟာ ပြိုင်ပွဲ တလျှောက် သူမရဲ့ အပြုအမူများကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။ သူမရဲ့ coach ဖြစ်ခဲ့ဖူးသူ နီနီ ခင်ဇော်နဲ့ ပက်သက်ပြီး ပြိုင်ပွဲဝင်ဟောင်း ဟေဇယ်ကတော့ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ကိုယ့်ရဲ့ coach ဖြစ်ခဲ့ဖူးတဲ့ မနီနီခင်ဇော်ကို ဝေဖန် နေမှုတွေ အပေါ်မှာတော့ ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ ဟေဇယ့်အတွက်က မနီနီခင်ဇော်က အတုယူစရာတွေ အများကြီးရှိသလို။
အရမ်းလည်း လေးစားတယ်။ဟိုတနေ့က ဗီဒီယိုမှာ မမနီရှင်းပြတဲ့ အမှိုက်ပုံ ဥပမာလေးကိုလည်း ကြိုက်တယ်။အမှိုက်ကို ကိုယ့်အိမ်ရှေ့ ကိုယ့်ခြံဝင်းထဲမှာ အပုံမခံနိုင်ဘူးဆိုတာလေ…..လုံးဝ ဂရုမစိုက်တဲ့ ပုံစံမျိုး အဲ့ဒါကို အရမ်း သဘောကျတယ်လို့ ပြောသွားပါတယ်။
REF: LET PAN DAILY