(၅) ရက် အတွင်း အပြီး တည်ဆောက် လျက်ရှိ သည့် ယာယီ Quarantine Center ၏ နေ့စဉ် အစား အသောက် ကုန်ကျစရိတ် အားလုံးကို ဦးဇော်ဇော်မှ တာဝန်ယူပေးမည်





unicode

ရန်ကုန်မြို့တွင်း ကိုဗစ်ကူးစက်ခံရမှု များပြားလာသည်နှင့်အမျှ ကွာရန်တင်းစင်တာတွေလည်း လိုအပ်ချက်ရှိလာသောကြောင့် (၅) ရက်အတွင်း အပီးတည်ဆောက်လျက်ရှိသည့် ယာယီ Quarantine Center ၏ နေ ့စဉ်အစားအသောက် ကုန်ကျစရိတ်အားလုံးကို ဦးဇော်ဇော်မှ တာဝန်ယူေ ပးမည်။

ကို ဗစ်-၁၉ ဒုတိယလှိုင်းမှာ လူနာတွေ များပြားလာတာကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ဆွေးနွေးတိုင်ပင်ပြီး ယာယီ Quarantine Center တစ်ခုကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ (၅)ရက်အတွင်း အပြီး တည်ဆောက်လျက် ရှိပါတယ်။

ပထမအဆင့် အနေနဲ့ လူ(၂၀၀)ထားရှိနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပြီး လူဦးရေ (၄၀၀)အထိ တိုးချဲ့ထားရှိနိုင်ဖို့ကိုလည်း အစီအစဉ် ရေးဆွဲ ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသရေးကိစ္စ အဝဝကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမှာ ဖြစ်ပြီး တည်ဆောက်ရေး၊ နေရေးထိုင်ရေးနဲ့ နေ့စဉ် အစားအသောက် ကုန်ကျစရိတ် အားလုံးကိုတော့ ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံပေးသွားမှာ ဖြစ်ပါ တယ်။

ထို့အတူ လာရောက် တာဝန်ထမ်းဆောင်ကြမယ့် ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးရဲ့ နေထိုင်စားသောက်ရေး ကိစ္စ အဝဝကိုလည်း စီမံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်။