တ႐ုတ္္ သတင္း သမားေတြေနအိမ္ ​ၾသစေၾတးလ် ရဲမ်ား ဝင္စီးမႈ တ႐ုတ္ အစိုးရ ရႈတ္ခ် ၊ ဥပေဒ နဲ႔ အညီ လုပ္ေဆာင္ခဲ့ျခင္း သာျဖစ္ေၾကာင္း ၾသဇီဝန္ႀကီး ေျပာ…..

ႀသစေၾတးလ် မွာ အလုပ္လုပ္ကိုင္ေန တဲ့ တ႐ုတ္ သတင္းသမားေတြ ရဲ႕ ေနအိမ္ ကို စီးနင္းဝင္ေရာက္တဲ့ အတြက္​ၾသစေၾတးလ် အစိုးရ ကို တ႐ုတ္က ရႈတ္ခ်လိုက္ ပါတယ္ ။ အခုအခ်ိန္ဟာ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရး တင္းမာမႈေတြ ျဖစ္ေနခ်ိန္လည္း ျဖစ္ ပါတယ္။

​ၾသစေၾတးလ် အာဏာပိုင္ေတြ ရဲ႕ လုပ္ရပ္ဟာ လြန္စြာ စိတ္ပ်က္ စရာေကာင္းၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရး ကို ထိခိုက္ေစတယ္ ၊ ဒီလို စီးနင္း ဝင္ေရာက္တာဟာ ​ၾသစေၾတးလ်ႏိုင္ငံမွာရွိတဲ့ တ႐ုတ္ သတင္း သမားေတြ ရဲ႕ ဥပေဒနဲ႔ ကိုက္ညီ တဲ့ လုပ္ပိုင္ခြင့္ေတြ ကို အတိအလင္း ခ်ိဳးေဖာက္တာျဖစ္ၿပီး သတင္းသမားေတြ နဲ႔ သူတုိ ႔ရဲ႕ မိသားစုဝင္ေတြ အေပၚ ႐ုပ္ပိုင္းစိတ္ပိုင္းအရ ျပင္းထန္စြာ ထိခိုက္ေစတယ္ လို႔ တ႐ုတ္ အစိုးရပိုင္ ဆင္ဟြာသတင္းဌာနက ေရးသားတာပါ။

တ႐ုတ္သတင္းသမား ၄ ဦး ရဲ႕ အိမ္ေတြကို ၾသစေၾတးလ် အာဏာပိုင္ေတြ ဇြန္လ ၄ ရက္ေန႔က ဝင္ေရာက္စီးနင္းခဲ့ၾကတယ္ ဆိုတာ တ႐ုတ္ႏိုင္ငံပိုင္ Global Times သတင္းစာက ဒီလအေစာပိုင္းမွာ ေရးသားခဲ့ ပါတယ္။

​ၾသစေၾတးလ် ကုန္သြယ္ေရးဝန္ႀကီး ကေတာ့ သူတို႔ ရဲ႕ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ တရားဥပေဒနဲ ႔အညီ လုပ္ေဆာင္ခဲ့ျခင္းသာ ျဖစ္တယ္လို႔ ေသာၾကာေန႔က တုံ႔ျပန္ထား ပါတ ယ္။

ဥပေဒ နဲ႔ အညီ လုပ္ေဆာင္ခဲ့ျခင္းသာျဖစ္ေၾကာင္း ၾသဇီဝန္ႀကီးေျပာ…..
အခုလို ဝင္ေရာက္စီးနင္းမႈဟာ ​ၾသစေၾတးလ် သတင္းသမား ၂ ဦး တ႐ုတ္ျပည္ကေန ျပန္လည္ထြက္ခြာလာရ တဲ့ ျဖစ္ရပ္နဲ႔လည္း တိုက္ဆိုင္ေန ပါတယ္။

ေဘဂ်င္း နဲ႔ ရွန္ဟိုင္းၿမိဳ႕မွာ ရွိတဲ့ သူတိုိ႔ေနအိမ္ေတြ ကို တ႐ုတ္ရဲေတြ လာေရာက္ခဲ့ၿပီးတဲ့ေနာက္ သူတို႔ဟာ​ၾသစေၾတးလ် ေကာင္စစ္ဝန္႐ုံး အကူအညီနဲ႔ တ႐ုတ္ႏိုင္ငံကေန ထြက္ခြာလာခဲ့ရတာ ျဖစ္ ပါတယ္။

unicode

သစတြေးလျ မှာ အလုပ်လုပ်ကိုင်နေ တဲ့ တရုတ် သတင်းသမားတွေ ရဲ့ နေအိမ် ကို စီးနင်းဝင်ရောက်တဲ့ အတွက်​သြစတြေးလျ အစိုးရ ကို တရုတ်က ရှုတ်ချလိုက် ပါတယ် ။ အခုအချိန်ဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုတွေ ဖြစ်နေချိန်လည်း ဖြစ် ပါတယ်။

​သြစတြေးလျ အာဏာပိုင်တွေ ရဲ့ လုပ်ရပ်ဟာ လွန်စွာ စိတ်ပျက် စရာကောင်းပြီး နှစ်နိုင်ငံဆက်ဆံရေး ကို ထိခိုက်စေတယ် ၊ ဒီလို စီးနင်း ဝင်ရောက်တာဟာ ​သြစတြေးလျနိုင်ငံမှာရှိတဲ့ တရုတ် သတင်း သမားတွေ ရဲ့ ဥပဒေနဲ့ ကိုက်ညီ တဲ့ လုပ်ပိုင်ခွင့်တွေ ကို အတိအလင်း ချိုးဖောက်တာဖြစ်ပြီး သတင်းသမားတွေ နဲ့ သူတို ့ရဲ့ မိသားစုဝင်တွေ အပေါ် ရုပ်ပိုင်းစိတ်ပိုင်းအရ ပြင်းထန်စွာ ထိခိုက်စေတယ် လို့ တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ရေးသားတာပါ။

တရုတ်သတင်းသမား ၄ ဦး ရဲ့ အိမ်တွေကို သြစတြေးလျ အာဏာပိုင်တွေ ဇွန်လ ၄ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ကြတယ် ဆိုတာ တရုတ်နိုင်ငံပိုင် Global Times သတင်းစာက ဒီလအစောပိုင်းမှာ ရေးသားခဲ့ ပါတယ်။

​သြစတြေးလျ ကုန်သွယ်ရေးဝန်ကြီး ကတော့ သူတို့ ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တရားဥပဒေနဲ ့အညီ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်တယ်လို့ သောကြာနေ့က တုံ့ပြန်ထား ပါတ ယ်။

ဥပဒေ နဲ့ အညီ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း သြဇီဝန်ကြီးပြော…..
အခုလို ဝင်ရောက်စီးနင်းမှုဟာ ​သြစတြေးလျ သတင်းသမား ၂ ဦး တရုတ်ပြည်ကနေ ပြန်လည်ထွက်ခွာလာရ တဲ့ ဖြစ်ရပ်နဲ့လည်း တိုက်ဆိုင်နေ ပါတယ်။

ဘေဂျင်း နဲ့ ရှန်ဟိုင်းမြို့မှာ ရှိတဲ့ သူတိို့နေအိမ်တွေ ကို တရုတ်ရဲတွေ လာရောက်ခဲ့ပြီးတဲ့နောက် သူတို့ဟာ​သြစတြေးလျ ကောင်စစ်ဝန်ရုံး အကူအညီနဲ့ တရုတ်နိုင်ငံကနေ ထွက်ခွာလာခဲ့ရတာ ဖြစ် ပါတယ်။