အုတ်ဖို ဆေးရုံတွင် Q ၀င်နေသော ရခိုင်ပြည်နယ် စစ်တွေပြန် အမျိုးသား တစ်ဦးထွက်ပြေး..တွေ့ရှိက အမြန်ဆုံးအကြောင်းကြားပေးပါရန်နှင့် လက်ခံထားပါက ဥပဒေအရရာဇဝတ်မှုဖြင့် အရေးယူမည်







unicode

အုတ်ဖိုမြို့နယ်အတွင်း ရှိ မိဘပြည်သူများသိရှိစေရန် အထူးအသိပေးကြေညာအပ်ပါသည်

၁၂ စက်တင်ဘာ ၂၀၂၀ ရက် အုတ်ဖိုဆေးရုံ ၂ထပ်ဆောင် ( Hospital Quarantine ) ထားရှိသော ဆေးရုံနှစ်ထပ်ဆောင်သစ် ကန့်သတ်ထား ရှိသောနေရာ မှ ရခိုင်ပြည်နယ် စစ်တွေပြန် အမျိုးသား တစ်ဦးသည် ယနေ့ ညနေပိုင်း တွင် ထွက်ပြေး လွတ်မြောက်သွား ပါ ည်။

အုတ်ဖိုဆေးရုံ၂ထပ်ဆောင်တွင် Hospital Quarantineထားရှိသော အမည်-စိုးသူအောင် (၂၄ )နှစ် (ဘ) ဦးရွှေထွန်းစိန် + ဒေါ်သိန်းထွေး နေရပ်-အုတ်ဖိုမြို့နယ် ဝိုင်းအုပ်စု ပတ္တမြားရေတာ ဟု လိပ်စာပေး ထားသော ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မှ ပြန်လာသူ တစ်ဦး သည် ယနေ့ညနေပိုင်းတွင် ဆေးရုံFQCမှထွက်ပြေးလွတ်မြောက်သွားပါသည်။ သက်ဆိုင်ရာပြည်သူ့ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေနေပြီးယခု ပုံပါအတိုင်း ဝတ်ဆင်ထား ပါသည် ။

စိုးသူအောင် မှာ Hospital Quarantine တွင်ထားရှိခဲ့သော်လည်း (Swab) နှာခေါင်းတို့ပတ်၊အာခေါင်တို့ပတ် နမူနာ ရယူထားခြင်း မရှိသေးကြောင်း သိရှိရပါသည်။

ဝိုင်းအုပ်စု ပတ္တမြားရေတာကျေးရွာက တစ်ဦးမှ အထက်ဖော်ပြပါ ခရီးသွားမှတ်တမ်းပါရှိသော အမိအဘ အမည်နှင့်ဓာတ်ပုံများပါရှိသူစိုးသူအောင်မှာ ပတ္တမြားရေတာကျေးရွာတွင် နေထိုင်သူများထဲတွင် မရှိကြောင်း ပြောပြ၍ သိရ ပါသည် ။တွေ့မြင်သိရှိသူများက သတင်းအမြန်ဆုံးပေးကြပါရန်နှင့် လက်ခံထား မည် ဆိုပါက ဥပဒေအရရာဇဝတ်မှု ကျုးလွန်ရာရောက်ပါသဖြင့် အရေးယူခံရနိုင်မည်ဖြစ်ကြောင်း အသိပေးကြေငြာ အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး(kky)