ဖမ္းမိထား တဲ့ အိႏၵိယ နိုင္ငံသား ၅ ဦး ကို တ႐ုတ္ ျပန္လႊဲေပး

တ႐ုတ္အာဏာပိုင္ေတြ ဖမ္းဆီး ထိန္းသိမ္းထား ခဲ့တဲ့ အိႏၵိယနိုင္ငံသား ၅ ဦး ကို အိႏၵိယ တာဝန္ရွိသူေတြ ကို ျပန္လႊဲေပးခဲ့ေၾကာင္း အိႏၵိယစစ္တပ္က စေနေန႕( စက္တင္ဘာ ၁၂ ) မွာ ေျပာဆိုခဲ့ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ဆိုင္ရာ လုပ္ထုံး လုပ္နည္းေတြအရ ၎တို႔ ၅ ဦးကို ၁၄ ရက္ ကြာရန္တင္း ထားရွိ မွာျဖစ္ၿပီး ယင္းေနာက္ မွ မိသားစုေတြထံ ျပန္လႊဲေပးမွာျဖစ္ေၾကာင္း အိႏၵိယစစ္တပ္ရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ ဒုတိယ ဗိုလ္မႉးႀကီး ဟက္ရွ္ ဝါဒြန္းပန္ဒီက ေျပာဆိုပါ တယ္။ ယင္း လူငယ္ ၅ ဦးဟာ အစားအစာရွာေဖြ ၊ အမဲလိုက္ေနခဲ့ၾကရင္း နယ္စပ္ကို အမွတ္မထင္ လမ္းလြဲျဖတ္ေက်ာ္မိခဲ့ၾကျခင္းျဖစ္ေၾကာင္း ပန္ဒီက ေျပာဆို ပါတယ္။ ဒါ့အျပင္ ယခုႏွစ္ အတြင္း တ႐ုတ္ နဲ႕ နယ္စပ္ အိႏၵိယအေရွ႕ပိုင္း အာ႐ူနာခ်ယ္ပရာေဒ့ရွ္ျပည္နယ္မွာ အျခားႏွစ္ဦးလည္း ယင္းကဲ့သို႔ျဖစ္စဥ္မ်ိဳး ျဖစ္ခဲ့ဖူးတယ္လို႔ ၎က ဆိုပါတယ္။

တ႐ုတ္အစိုးရ ေက်ာေထာက္ေနာက္ခံျပဳ သတင္းစာ တစ္ေစာင္ျဖစ္တဲ့ ဂလိုဘယ္တိုင္းမ္ကေတာ့ ယင္းလူငယ္ ၅ ဦးဟာ မုဆိုးေတြ လို ဝတ္ဆင္ထား တဲ့ အိႏၵိယေထာက္လွမ္းေရး အဖြဲ႕ဝင္ေတြျဖစ္ေၾကာင္း ေဖာ္ျပ ခဲ့ၿပီး ၎တို႔ျပန္ေပးဆြဲခံခဲ့ရတာျဖစ္တယ္ ဆိုတဲ့ ေဖာ္ျပခ်က္ေတြကို ျငင္းဆိုခဲ့ ပါတယ္။

အိႏၵိယ စစ္သား ၂၀ ဦးေသဆုံးကာ တ႐ုတ္ဘက္ မွာလည္း အေရအတြက္ မသိရတဲ့ ထိခိုက္ေသဆုံးမႈေတြ ရွိခဲ့ေသာ ဇြန္လအတြင္းက အျငင္းပြားနယ္စပ္ တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္၊ အိႏၵိယ ႏွစ္နိုင္ငံဆက္ဆံေရးမွာ ထူးထူးျခားျခား တင္းမာခဲ့ ပါတယ္။

ၾကာသပေတးေန႕က တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီနဲ႕ အိႏၵိယ နိုင္ငံျခားေရးဝန္ႀကီး အက္စ္ ေဂ်းရွန္ကာတို႔ ေမာ္စကိုမွာ ေတြ႕ဆုံခဲ့ၾကၿပီး နယ္စပ္တင္းမာမႈေတြေလွ်ာ့ခ်ဖိဳ႕သေဘာတူ ခဲ့ၾကပါတယ္ ။ CNA

unicode

တရုတ်အာဏာပိုင်တွေ ဖမ်းဆီး ထိန်းသိမ်းထား ခဲ့တဲ့ အိန္ဒိယနိုင်ငံသား ၅ ဦး ကို အိန္ဒိယ တာဝန်ရှိသူတွေ ကို ပြန်လွှဲပေးခဲ့ကြောင်း အိန္ဒိယစစ်တပ်က စနေနေ့( စက်တင်ဘာ ၁၂ ) မှာ ပြောဆိုခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေအရ ၎င်းတို့ ၅ ဦးကို ၁၄ ရက် ကွာရန်တင်း ထားရှိ မှာဖြစ်ပြီး ယင်းနောက် မှ မိသားစုတွေထံ ပြန်လွှဲပေးမှာဖြစ်ကြောင်း အိန္ဒိယစစ်တပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး ဟက်ရှ် ဝါဒွန်းပန်ဒီက ပြောဆိုပါ တယ်။ ယင်း လူငယ် ၅ ဦးဟာ အစားအစာရှာဖွေ ၊ အမဲလိုက်နေခဲ့ကြရင်း နယ်စပ်ကို အမှတ်မထင် လမ်းလွဲဖြတ်ကျော်မိခဲ့ကြခြင်းဖြစ်ကြောင်း ပန်ဒီက ပြောဆို ပါတယ်။ ဒါ့အပြင် ယခုနှစ် အတွင်း တရုတ် နဲ့ နယ်စပ် အိန္ဒိယအရှေ့ပိုင်း အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်မှာ အခြားနှစ်ဦးလည်း ယင်းကဲ့သို့ဖြစ်စဉ်မျိုး ဖြစ်ခဲ့ဖူးတယ်လို့ ၎င်းက ဆိုပါတယ်။

တရုတ်အစိုးရ ကျောထောက်နောက်ခံပြု သတင်းစာ တစ်စောင်ဖြစ်တဲ့ ဂလိုဘယ်တိုင်းမ်ကတော့ ယင်းလူငယ် ၅ ဦးဟာ မုဆိုးတွေ လို ဝတ်ဆင်ထား တဲ့ အိန္ဒိယထောက်လှမ်းရေး အဖွဲ့ဝင်တွေဖြစ်ကြောင်း ဖော်ပြ ခဲ့ပြီး ၎င်းတို့ပြန်ပေးဆွဲခံခဲ့ရတာဖြစ်တယ် ဆိုတဲ့ ဖော်ပြချက်တွေကို ငြင်းဆိုခဲ့ ပါတယ်။

အိန္ဒိယ စစ်သား ၂၀ ဦးသေဆုံးကာ တရုတ်ဘက် မှာလည်း အရေအတွက် မသိရတဲ့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သော ဇွန်လအတွင်းက အငြင်းပွားနယ်စပ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တရုတ်၊ အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးမှာ ထူးထူးခြားခြား တင်းမာခဲ့ ပါတယ်။

ကြာသပတေးနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာတို့ မော်စကိုမှာ တွေ့ဆုံခဲ့ကြပြီး နယ်စပ်တင်းမာမှုတွေလျှော့ချဖို့သဘောတူ ခဲ့ကြပါတယ် ။ CNA