ကမ္ဘာ့ကြင်နာမှု အကင်းမဲ့ဆုံး ထောက်လှမ်းရေး အဖွဲ့ ရှိတဲ့ နိုင်ငံကို မှ သွားပြီး စိန်ခေါ်မိ တဲ့ တူရကီ ရဲ့ ကံကြမ္မာ( သို့ ) အိပ်နေတဲ့မြွေဟောက် ကို ခေါင်းသွားပုတ်တဲ့ တူရကီ ရဲ့ မြေထဲပင်လယ်ထဲ က ရန်သူအသစ်

အစ္စရေး နဲ့ ယူအေအီး ငြိမ်းချမ်းရေး စာချုပ်ချုပ်ပြီး သံတမန်ဆက်သွယ် လိုက်တာ မှာ တူရကီဟာ အကြီးမားဆုံး နစ်နာသူဖြစ်လာ ပါတယ်။ အမေရိကန်က ပွဲစားလုပ်တဲ့ အစ္စရေးယူအေအီး ငြိမ်းချမ်းရေးစာချုပ် ကို ဆော်ဒီကလည်းနောက်ကနေ ထောက်ပံ့ထားတယ် လို့ သိ ရပါတယ် ဆော်ဒီဟာ ဒေသထဲ မှာ တည်ငြိမ်မှုနဲ့ ပေါင်းစည်းညီညွတ် တဲ့ အနေအထားကို ဖိတ်ခေါ်လာတာ ပါပဲ။

သို့သော် ဒီလိုဆောင်ရွက်မှုပေါ် မှာ ဘုံးဘုံးလဲသလို အရှိုက်ထိသွားတာက တူရကီပါ တူရကီ ကို ရူးသွပ်နေတဲ့ သမ္မတက ဦးဆောင်နေပါတယ် ။

အစ္စလာမ်ကမ္ဘာမှာ ဆရာကြီးလုပ်ဖို့ရည်မှန်းချက်ကြီးနေ တဲ့ တူရကီ ဟာ အခုထိဘာမှပေါက်ပေါက်မြောက်မြောက်ဖြစ်မလာသေး ပါဘူး ။ တူရကီဟာ အာရပ်ကမ္ဘာကို အာဏာလျော့ပါး စေချင်တာပါ မြေထဲပင်လယ်အရှေ့ခြမ်း ကို သူက လွှမ်းမိုးချင်နေ ပါတယ် ဒီလိုလွှမ်းမိုး ဖို့ အစ္စရေးကို အအားပေးမထား ပဲ ရန်တွေဝိုင်းနေမှဖြစ်မယ် ဆိုတဲ့ အယူအဆရှိသူပါ ။

ဒီတော့တူရကီ ဟာ ပါလက်စတိုင်းတွေ ကို လက်နက် ခဲယမ်းထောက်ပံ့ ပါတယ် ပြီးတော့ပါလက်စတိုင်းဖက်ကရပ်တည် ပါတယ် ။ လစ်ဗျား မှာလည်း ဝင်နှောက်နေ ရပါတယ် တူရကီသမ္မတ အာဒိုဂန်ဟာ မွတ်စလင်မ်ကမ္ဘာမှာ တမန်တော် နတ်သား ( Khalifa )ခါလီဖာလို ဖြစ်ချင်နေတဲ့သူလို့စောင်းမြောင်း သမုတ်ထားကြပါတယ် ။

သူဟာ အစ္စရေး နဲ့ ယူအေအီး ငြိမ်းချမ်းရေး စာချုပ်ကို အရင်ဆုံးစပြီးရှုတ်ချပြောဆိုခဲ့သူပါ ယူအေအီးနဲ့သံတမန်အဆက်အဆံဖြတ်တောက်ဖို့အထိတောင် ခြိမ်းခြောက်ခဲ့သူဖြစ်ပါတယ် “နိုင်ငံခြားရေး ကိုပြောထားပြီ အဘူဒါဘီအစိုးရနဲ့ သံရေးတမန်ရေးတွေဆိုင်းထားမယ် ဒါမှမဟုတ် ကျုပ်တို့သံအမတ်ကို ပြန်ခေါ်ရလိမ့်မယ်” လို့ကြွေးကျော်ခဲ့တယ် ။ တူရကီဆိုတာဟာ အစ္စရေးနဲ့သူ့ရဲ့ထောက်လှမ်းရေး မော့ဆက်အဖွဲ့ ရဲ့ ရန်သူအသစ်ဖြစ်လာ ပါတယ် ။

ဆီးရီးယား နဲ့လစ်ဗျားတို့ မှာ ကိုယ်စားလှယ်စစ်ပွဲ Proxy war တွေအပြန်အလှန်ဆင်နွှဲတယ် ဂရိကိုလည်းနှောက် ယှက်တယ် ။ တူရကီဟာအနောက်နိုင်ငံတွေကို ရန်စခဲ့တယ် အခုတော့ တူရကီဟာ မြေထဲပင်လယ်အရှေ့ပိုင်းက အစ္စရေးနဲ့ ရန်သူဖြစ်လာရ ပါပြီ ။

ကမ္ဘာမှာကြင်နာမှု အကင်းမဲ့ဆုံးထောက်လှမ်းရေး အဖွဲ့ ဖြစ်တဲ့ မော့ဆက် နဲ့ သူတို့ရဲ့ အကြီးအကဲ Yossi Cohen တို့က တူရကီကို အီရန်ထက် အန္တရာယ်ရှိတဲ့ ရန်သူအဖြစ်သတ်မှတ်ထားခဲ့ ပါတယ် ။

မြေထဲပင်လယ်အရှေ့ပိုင်းဒေသ မှာ တူရကီ ရဲ့ ရန်လိုတဲ့ အပြုအမူတွေဟာ အစ္စရေးတို့ ကို ပိုမိုနိုးကြားစေခဲ့တယ် အထူးသဖြင့်ပါလက်စတိုင်းတို့ကို ထောက်ပံ့နေမှုတွေကနေပဲ ဖြစ်ပါတယ်

အိန္ဒိယရဲ့ RAW ၊ UAE ရဲ့ SIA ၊ အစ္စရေးရဲ့မော့ဆက် တို့ဟာ တူရကီနဲ့ အစ္စလာမ်မစ်နိုင်ငံတွေကို တိတ်တိတ်ဆိတ်ဆိတ် အသံလုံလုံနဲ့ဝိုင်းပတ်ပြီး ကျော့ကွင်းကြိုးကို တဖြည်းဖြည်းတင်းလာခဲ့ ပါတယ် ။

တူရကီဟာ မြေထဲ ပင်လယ်အရှေ့ပိုင်း မှာ ပင်လယ်ကမ်းခြေအိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ အငြင်းပွားမှုအဖြစ်ဆုံး နိုင်ငံပါ သူပိုင်ပါတယ်ဆိုပြီးအတင်းအဓမ္မလုပ်နေတဲ့ ပင်လယ်ပြင်ပိုင်နက်ကိစ္စနဲ့ ပတ်သက်ပြီး ဂရိ ဆိုက်ပရပ် အီဂျစ် အစ္စရေးတို့နဲ့ ပုံမှန်လိုအခြေအတင်ဖြစ်နေကျပါ ။

ယူအေအီးနဲ့လစ်ဗျားကရန်ပွဲ လစ်ဗျားဟာလည်းယူအေအီးနဲ့တူရကီ အတွက်နောက်ထပ် မီးပွားတစ်ခုဖြစ်နေ ပါတယ် ။

အဘူဒါဘီအစိုးရ ဟာ လစ်ဗျားအရေးမှာ တူရကီတို့ နဲ့ဆန့်ကျင်ဖက်ဖြစ်နေ ပါတယ် ။ ယူအေအီးဟာဆော်ဒီနဲ့သဘောထားတူတူဖြစ်နေပြီး တူရကီနဲ့ဆန့်ကျင်ဖက်ဖြစ်နေပါတယ် ။ ဆော်ဒီဟာ မွတ်စလင်ကမ္ဘာရဲ့ လက်ရှိခေါင်းဆောင်ဖြစ်နေတယ်လို့ပြောလို့ရပါတယ် Government of National Accord (GNA) ဆိုတဲ့ လစ်ဗျားအစိုးရကို တူရကီကဆီးရီးယား ကုန်သည်တွေကတဆင့် လက်နက်တွေထောက်ပံ့ ပါတယ် ။

GNA ကိုကုလက လက်နက်ရောင်းချမှုပိတ်ထား ပါတယ် ဆော်ဒီ ယူအေအီးရုရှ ပြင်သစ် အီတလီတို့ကတော့ Libyan National Army’s (LNA) General Khalifa Haftarကိုထောက်ခံနေကြပါတယ် အာဒိုဂန်ဟာ သူ့ရဲ့သြဇာကိုသုံးပြီး ထရီပိုလီမြို့က မွတ်စလင်မ်ညီအကိုများအဖွဲ့ကို လွှမ်းမိုးထားပါတယ်။

ဒီနည်းအားဖြင့် လစ်ဗျားကနေမဟုတ်မဟပ်သက်သေခံထွက်ဆိုချက်တွေကို လုပ်ကြံပြောဆိုစေပြီး နိုင်ငံတကာပင်လယ်ပြင်ဥပဒေကို လိုသလိုဘာသာပြန်နေခဲ့ပါတယ် ဂရိတို့ရဲ့ ရေပြင်ပိုင်နက်ကိုခိုးဖို့လုပ်ထားတာပါပဲ

(အဲ့ဒိပင်လယ်ပြင်နေရာမှာစွမ်းအင်ထုတ်ယူနိုင်တဲ့အလားအလာရှိနေပါတယ်) အဖြေအနေနဲ့ကတော့ ဂရိတို့ရဲ့လေတပ်ဟာ ယူအေအီးဆီက စစ်လေယာဉ်တွေရဲ့အကူအပံ့နဲ့ စစ်ရေးလေ့ကျင့်နိုင်ခဲ့ပါတယ် မြေထဲပင်လယ်အရှေ့ပိုင်းမှာ ယူအေအီးရဲ့ ဆောင်ရွက်လိုက်မှုဟာ ဂရိတို့အတွက်အသက်ရှူချောင်စေခဲ့ပြီး အငြင်းပွားတဲ့နေရာမှာ ခိုင်မာမှုဖက်ကပြဆိုတဲ့ နိမိတ်ဖြစ်လာပါတယ် ။

ဂရိအစိုးရဟာ နေတိုးအဖွဲ့ဝင်အချင်းချင်းမှာ လက်နက်အင်အားပိုသာတဲ့ ပိုအားကြီးတဲ့ တူရကီကိုရင်ဆိုင်ရတာမှာ အခက်အခဲတွေရှိနေခဲ့ပါတယ် လွန်ခဲ့တဲ့တစ်နှစ်လောက်က တူရကီဟာ ဆိုက်ပရပ် ခရိ ကျွန်းအနီး တူရကီတောင်ပိုင်းမှာ ရှိတဲ့ ဂရိရဲ့ EEZ (သီးသန့်စီးပွားရေးဇုန်) ထဲကပင်လယ်ပြင်နေရာကိုသူတို့ပိုင်တယ်လို့ကြေညာခဲ့တယ်

ဒါပေမယ့် တူရကီဟာ UNCLOS (UN Convention on the Law of the Sea) ကို လက်မှတ်ထိုး မထားတဲ့နိုင်ငံ ဖြစ်တယ် နိုင်ငံတကာပင်လယ်ပြင်ဥပဒေ ကိုလည်း လိုက်နာဖို့မလိုဘူး လို့ဆို ပါတယ်။

ဂရိတို့ ရဲ့ ကန့်ကွက်နေတဲ့ကြားကကို တူရကီ ဟာ အချင်းများနေတဲ့ ပင်လယ်ပြ င်မှာ စစ်သင်္ဘောတွေအစောင့်လိုက်ပါတဲ့ ။ သုတေသနသင်္ဘောတွေ နဲ့ စွမ်းအင်တူးဖော် ရေးသုတေသနတွေ လုပ်နေပါတယ် ။ ယူအေအီးနဲ့အစ္စရေးတို့ပိုမိုနီးကပ်သွား တာကြောင့်က တကြောင်း ဆော်ဒီ အိန္ဒိယအမေရိကန်ဂျပန်တို့လိုနိုင်ငံကြီးတွေ ရဲ့ ပူးပေါင်းမှုနဲ့ တရုပ်နဲ့ တူရကီ တို့ကို ဆန့်ကျင်လာကြတာ ကတကြောင်း တို့ကြောင့် ကမ္ဘာကြီးဟာ ပုံစံပြောင်းလာပါတယ်။

တူရကီတို့ဟာ ကယောက်ကယက်ဖြစ် မခံချိမခံသာဖြစ်နေတုန်း မှာပဲ အစ္စရေးတို့ဟာ ဘာရိန်းနဲ့ငြိမ်းချမ်းရေး ယူလိုက် ပြန်ပါပြီ အိုမန် နဲ့ အခြားနိုင်ငံတွေကလည်း အားကျနေပုံရပါတယ် ။ ထရမ့်ပွဲစားလုပ်ထားတဲ့ ငြိမ်းချမ်းရေးတွေ ဟာ တချို့သောနိုင်ငံတွေ ကို ရင်နာနေစေ ပါတယ် ။

CRD-pi lon