မ လွတ်ကြမ္မာ မတား သာ ( သို့ ) “ရှေ့ကနေကာ ဆီးဖို့ “ဘုရင်မ ” ထွက်မ လာပါစေနဲ့ “ ( တရုတ်နဲ့ စစ်ပွဲကြီး မဖြစ်ချင်ဘူး၊ တရုတ် ကို လည်းနွှာချင် တယ် ဆိုရင် အင်အားနည်း တဲ့ ဓါးစာခံကို ကန်အနေနဲ့ ရှာဖွေရမှာပါဘဲ ။ ဖြစ်နိုင်ြေ ခအရှိဆုံးက တော့ ဗမာ နဲ့ တိုင်ဝမ်ပါဘဲ.. )
စစ်တပ် ရဲ့ ဒီလို ပါဝင်ပါတ်သက်မှုဟာ ဒီချုပ်အစိုးရကတဆင့်ခွင့်ပြုပြီးမှဝင် ပါတာလား၊ ဝင်ပါဖို့စီစဉ်ပြီးမှခွင့်ပြုခိုင်းတာလား၊ အစိုးရခွင့်ပြုပြု-မပြုပြု “Ball Care ဘဲ၊ ပါတယ်ကွာ” ဆိုတာမျိုးလုပ်တာ လားတော့အတပ် မသိတာ အမှန်ပါ။
ကန် အ နေနဲ့ လည်း သူ့ ရဲ့ကုန်ထုတ်လုပ်မှုအ စိတ်အပိုင်းရာခိုင်နှုန်းတခုကိုတရုတ်အပေါ်မှီခိုနေရတာဖြစ်ပြီး တရုတ်အ နေနဲ့ လည်းအကျိုးအမြတ်များစွာရနေတဲ့ကန်ကိုကုန်သွယ်ရေးရှိနေဆဲမို့ပါ။ တရုတ်လည်မြိုကိုညှစ်ရတဲ့အတွက်တရုတ် ပင်ပန်းရ သလို ကန်လည်း စရိတ်ထောင်း ပါတယ်။ သောင်းနဲ့ချီတဲ့ စစ်သည်တွေ နဲ့ ရေတပ်သင်္ဘောအုပ်တွေ ကို တရုတ် နားပို့ထားရတဲ့ကန်ဟာ အချိန်ကြာလာတာ နဲ့အမျှ ပိုပင်ပန်းလာမှာဧကန် ပါဘဲ ။
ကိုဗစ် ကိုက် လို့ မသာပွဲတော်ဖြစ်သွားတဲ့ကိစ္စအပေါ် အမေရီကန်ပြည်သူများ ထဲ ထရမ့်ကိုမလိုလားသူတွေတကယ်ရှိ လာနေတာကြောင့် ဒီရွေးကောက်ပွဲမှာ ထရမ့်အခြေမလှနိုင်ဘူးလို့လည်း တွက်ထားပါတယ်။ ရွေးကောက်ပွဲရှုံးသွားခဲ့ရင် တောင် အစိုးရသစ်ကို အာဏာမလွှဲမချင်း ထရမ့်ဟာ ကန်ကာကွယ်ရေး ဦးစီးချုပ်မို့ စစ်ရေးကိစ္စများ ကို အပြည့်အဝကွပ် ကဲနေဦးမှာပါဘဲ။
ဒီ တော့ သူ့ကိုအာခံတဲ့ဗမာစစ်တပ်အပေါ် ကန်အနေနဲ့မျက်မုန်းကျိုးမယ်ဆိုတာဗေဒင်မေးရင်တောင်ပိုက်ဆံကုန်ပါလိမ့် မယ်။ ခြင်းကြားလွယ် ငှက်ပျောအူစားနေတဲ့ စစ်တပ်ကို ခလုတ်နှိပ်တိုင်းသေစေချင်သလောက် လူပမာဏ ဘဝတစ် ပါးပြောင်းစေနိုင်တဲ့ ကန်စစ်တပ်ဟာ မျက်လုံးထဲထားမှာ မဟုတ်ပါဘူး။
အကယ် ၍ များ လိပ်ခဲတည်းလည်းအနေအထား ကိုဖောက်ထုတ်ပစ်ချင်လို့ ထရမ့်ထရမ်းရင်အဘဗိုလ်ချုပ်တွေချက်ချင်းမ သာပေါ်ကိန်းရှိပြီး တဖြည်းဖြည်းရစ်ချင်ရင် ICC ကိစ္စကိုတဆုံးကြပ်ပေးမှာပါ ။
ပေါက်ဖော် ကို ဘောမ၊ ခိုးရာပါဓနတွေကို တရုတ်ဘဏ်တွေမှာ အပ်ပြီး၊ ရွာလွန်ရွက် တိုက်စစ်​ရေးလေ့ကျင့်မှုထဲဝင်ပါတဲ့ဗမာစစ် ဗိုလ်ချုပ်များကို ထုဆစ်နေဆဲဘူမိဖဿကျောက်ဆင်းတုကြီးလည်း ကယ်ဖို့ခက်တဲ့အနေအထားမဝေးတော့ဘူး လို့ယူဆနေမိပါ တယ်လေ။
တခု ပါဘဲ “ရှေ့ကနေကာဆီးဖို့ ” ဘုရင် မ ” ထွက် မလာပါစေနဲ့ “ လို့ သာ ….. ။ ။
Lin Myat
unicode
ကမ္ဘာ့ စစ််အင်အားသတ်မှတ်ချက် အဆင့် ၂၊ ၃၊ ၁၅၊ ၅၃ တွေရှိနေတဲ့ ရုရှ၊ တရုတ်၊ ပါကစ္စတန်၊ ဘလာရုစ် တပ်များနဲ့ တွဲ ပြီး ဗမာပြည်စစ်တပ်ဟာ လည်းပူးပေါင်း စစ်ရေးလေ့ကျင့်မှာပါ တဲ့။ အမေရီကန်၊ ဂျပန်၊ ဗြိတိန်ဦးစီးတဲ့ စစ်အင်အား ကို အာခံ မယ့် တရုတ်ရဲ့ကစားကွက် ထဲ လိုက်ပါစီးမြောမယ့် သဘောပေါ့လေ ။
စစ််တပ် ရဲ့ ဒီလို ပါဝင်ပါတ်သက်မှုဟာ ဒီချုပ်အစိုးရကတဆင့်ခွင့်ပြုပြီးမှဝင် ပါတာလား၊ ဝင်ပါဖို့စီစဉ်ပြီးမှခွင့်ပြုခိုင်းတာလား၊ အစိုးရခွင့်ပြုပြု-မပြုပြု “Ball Care ဘဲ၊ ပါတယ်ကွာ” ဆိုတာမျိုးလုပ်တာ လားတော့အတပ် မသိတာ အမှန်ပါ။
ကျိန်းသေပေါက်ပြောနိုင်် တဲ့အချက်ကတော့ ဒီလုပ်ရပ် ဟာ အန်ကယ် ဆမ်မျက်မုန်းကျိုးမယ့် အကွက် ဆိုတာ ပါဘဲ ။ အရှေ့ပိုင်းပိုစ့်် များမှာ အလျဉ်းသင့်သလိုရေးတာမျိုး လိုဘဲ “”တရုတ်-အမေရီကန်စစ် လုံးဝ မဖြစ်”” ဆိုတဲ့ဘက် မှာ အခိုင်် အမာရပ် ပါတယ်။ ဘာကြောင့်လဲ လို့မေးရင် ကမ္ဘာစစ်လိုမျိုး၊ အထွေထွေစစ်ပွဲလိုမျိုးဖြစ်ဖို့ ဘယ်တိုင်းပြည်ကြီးက မှ ထုံထိုင်းအနမနေလို့ပါဘဲ။
ကန်် အ နေနဲ ့လည်း သူ့ ရဲ့ကုန်ထုတ်လုပ်မှုအ စိတ်အပိုင်းရာခိုင်နှုန်းတခုကိုတရုတ်အပေါ်မှီခိုနေရတာဖြစ်ပြီး တရုတ်အ နေနဲ့ လည်းအကျိုးအမြတ်များစွာရနေတဲ့ကန်ကိုကုန်သွယ်ရေးရှိနေဆဲမို့ပါ။ တရုတ်လည်မြိုကိုညှစ်ရတဲ့အတွက်တရုတ်် ပင်ပန်းရ သလို ကန်လည်း စရိတ်ထောင်း ပါတယ်။ သောင်းနဲ့ချီတဲ့ စစ်သည်တွေ နဲ့ ရေတပ်သင်္ဘောအုပ်တွေ ကို တရုတ်် နားပို့ထားရတဲ့ကန်ဟာ အချိန်ကြာလာတာ နဲ့အမျှ ပိုပင်ပန်းလာမှာဧကန် ပါဘဲ ။
ရွေးကောက််ပွဲ ထဲ အာရုံစိုက်ဖို့ လိုနေတဲ့ ထရမ့်အနေ နဲ့ မိုက်မဲရူးသွပ်စွာနဲ့စစ်ပွဲကိုမစ ပါဘူး။ လက်ရှိ အခြေအနေကို ထိန်းထား ဖို့သာ စီစဉ်လိမ့်မယ် လို ့တွက်ပါတယ် ။ ရွေးကောက်ပွဲပြီးမှသာ ဘိုက်ဒန်တက်လို့အခြေအနေတမျိုးပြောင်း တာဖြစ်ဖြစ်၊ ထရမ့်ပြန်ရ လို့အခြေအနေပြောင်းတာဖြစ်ဖြစ် ဖြစ်လာနိုင်တာမျိုးပါ ။
ကိုဗစ်် ကိုက် လို့ မသာပွဲတော်ဖြစ်သွားတဲ့ကိစ္စအပေါ် အမေရီကန်ပြည်သူများ ထဲ ထရမ့်ကိုမလိုလားသူတွေတကယ်ရှိ လာနေတာကြောင့် ဒီရွေးကောက်ပွဲမှာ ထရမ့်အခြေမလှနိုင်ဘူးလို့လည်း တွက်ထားပါတယ်။ ရွေးကောက်ပွဲရှုံးသွားခဲ့ရင်် တောင် အစိုးရသစ်ကို အာဏာမလွှဲမချင်း ထရမ့်ဟာ ကန်ကာကွယ်ရေး ဦးစီးချုပ်မို့ စစ်ရေးကိစ္စများ ကို အပြည့်အဝကွပ်် ကဲနေဦးမှာပါဘဲ။
တရုတ်် နဲ့စစ်ပွဲကြီး မဖြစ်ချင်ဘူး၊ တရုတ် ကို လည်းနွှာချင်တယ် ဆိုရင် အင်အားနည်းတဲ့ဓါးစာခံကိုကန်အနေနဲ့ရှာဖွေရမှ ာပါဘဲ။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ ဗမာနဲ့တိုင်ဝမ်ပါဘဲ။ လိမ္မာရေးခြား ပိုရှိတဲ့တိုင်ဝမ်သမ္မတ ကတော့ တွေ့ဆုံဆွေးနွေး မှု ကိုရွေးချယ်မှုတခုအဖြစ်ဆက်လက်သုံးစွဲဖို့ဆိုတဲ့မူကိုကိုင်စွဲတာကြောင့် တိုင်ဝမ်ဟာ တရုတ်လက်အောက်ချက်ခြင်း ကျရောက်နိုင်ခြေနည်း လှပါတယ်။
တရုတ်် အ နေနဲ့ လည်း တိုင်ဝမ်ကိုအင်အားမသုံးမချင်း ကန်နဲ့ထိပ်တိုက်တွေ့ဖွယ်မရှိလှပါ။ ဒီတော့ကျန်တဲ့ဓါးစာခံလောင်းလျာ ဟာ ဗမာဘဲရှိပါတော့တယ်။ ဗမာဟာ အစိုးရနှစ်ရပ်နဲ့တိုင်းပြည်ပါ။ တခုက ပြည်သူတင်တဲ့အစိုးရ၊ နောက်တခု က ပြည်သူ့ချွေးနှဲစာကိုလုယူနေတဲ့လက်နက်ကိုင်တပ်ဖွဲ့ပါ။ ပြည်သူနဲ့အစိုးရကိုအရွဲ့တိုက်ဖို့အတွက် လက်နက်ကိုင် တပ်ဖွဲ့ဟာ ဒီစစ်ရေးလေ့ကျင့်မှုမှာဝင်ပါတယ်လို့ဘဲမြင် ပါတယ်။
ဒီ တော့ သူ့ကိုအာခံတဲ့ဗမာစစ်တပ်အပေါ် ကန်အနေနဲ့မျက်မုန်းကျိုးမယ်ဆိုတာဗေဒင်မေးရင်တောင်ပိုက်ဆံကုန်ပါလိမ့်် မယ်။ ခြင်းကြားလွယ် ငှက်ပျောအူစားနေတဲ့ စစ်တပ်ကို ခလုတ်နှိပ်တိုင်းသေစေချင်သလောက် လူပမာဏ ဘဝတစ်် ပါးပြောင်းစေနိုင်တဲ့ ကန်စစ်တပ်ဟာ မျက်လုံးထဲထားမှာ မဟုတ်ပါဘူး။
အကယ်် ၍ များ လိပ်ခဲတည်းလည်းအနေအထား ကိုဖောက်ထုတ်ပစ်ချင်လို့ ထရမ့်ထရမ်းရင်အဘဗိုလ်ချုပ်တွေချက်ချင်းမ သာပေါ်ကိန်းရှိပြီး တဖြည်းဖြည်းရစ်ချင်ရင် ICC ကိစ္စကိုတဆုံးကြပ်ပေးမှာပါ ။
ပေါက်ဖော်် ကို ဘောမ၊ ခိုးရာပါဓနတွေကို တရုတ်ဘဏ်တွေမှာ အပ်ပြီး၊ ရွာလွန်ရွက် တိုက်စစ်​ရေးလေ့ကျင့်မှုထဲဝင်ပါတဲ့ဗမာစစ်် ဗိုလ်ချုပ်များကို ထုဆစ်နေဆဲဘူမိဖဿကျောက်ဆင်းတုကြီးလည်း ကယ်ဖို့ခက်တဲ့အနေအထားမဝေးတော့ဘူး လို့ယူဆနေမိပါ တယ်လေ။
တခု ပါဘဲ “ရှေ့ကနေကာဆီးဖို့ ” ဘုရင်် မ ” ထွက်် မလာပါစေနဲ့ “ လို့ သာ ….. ။ ။
Lin Myat