ႏွစ္ေပါင္းမ်ားစြာ မရပ္မနားပ်ံသန္းနိုင္တဲ့ နယူးကလီးယား စြမ္းအင္သံုး ခ႐ုဒုံးက်ည္ ကမာၻဖ်က္လက္နက္ ကို ရရွား တီထြင္ေန

႐ုရွားဟာ နယူးကလီးယား စြမ္းအင္နဲ႕ ႏွစ္ေပါင္းမ်ားစြာ မရပ္မနားပ်ံသန္းနိုင္ တဲ့ ခ႐ုဒုံးက်ည္ ကို တီထြင္ေန ပါတယ္ ။ ႏွစ္ေပါင္းမ်ားစြာ ပ်ံသန္းေနနိုင္ၿပီး ပစ္ခ်င္တဲ့အခ်ိန္မွ ပစ္မွတ္ကိုေပးၿပီး ပစ္လိုက္႐ုံပါပဲ ။ နယူကလီးယား ထိပ္ဖူးပါတပ္ထားတဲ့ အတြက္တကယ့္ ကို ကမာၻဖ်က္လက္နက္ပါပဲ။

စလႊတ္လိုက္တာနဲ႕စြမ္းအင္ျဖည့္တင္းစရာမလိုပဲ က်ေနာ္တို႔ဟာေခါင္းေပၚကေန အၿခိမ္းေျခာက္ခံေနရေတာ့မွာပါ။ အရင္ကနယူကလီးယားထိပ္ဖူးတပ္တိုက္ခ်င္းပစ္ဒုံးက်ည္ေတြဟာ စပစ္တာနဲ႕အသိေပးရမယ္လို႔ သေဘာတူညီခ်က္မ်ိဳးရွိပါတယ္။ အဲ့ဒီတိုက္ခ်င္းပစ္ဒုံးက်ည္ေတြေတာင္မွ အလြန္အႏၲရာယ္မ်ားလွတာ ဒီတစ္ခါႏွစ္ေပါင္းမ်ားစြာ က်ေနာ္တို႔ေခါင္းေပၚကေန နယူကလီးယားဗုံးတစ္လုံးပ်ံသန္းေနမွာ ကို ဘယ္လိုမွ လက္ခံလို႔မရပါဘူး။

ဒီဒုံးက်ည္ကို 9M730 Burevestnik လို႔ေခၚၿပီး NATO ေနတိုးအဖြဲ႕က SSC-X-9 Skyfall လို႔အမည္ေပးထားပါတယ္။ ဒီဒုံးက်ည္ဟာ ႐ုရွားသမၼတပူတင္ရဲ႕ ၂၀၁၈ ခုႏွစ္ မတ္လကစၿပီး ဖြင့္ဟလာတဲ့ ႐ုရွားရဲ႕မဟာဗ်ဴဟာလက္နက္ အသစ္ ၆ ခုမွာ တစ္ခုပါပါတယ္။ အဲ့ဒီဒုံးက်ည္ရဲ႕ နယူကလီယားစြမ္းအင္ယူနစ္ကို ၂၀၁၉ ဇန္နဝါရီလမွာစမ္းသပ္ေအာင္ျမင္တယ္လို႔ဆိုပါတယ္။ မႏွစ္ကဩဂတ္စ္လမွာ အဲ့ဒီဒုံးက်ည္စမ္းသပ္တီထြင္ေနတဲ့ Nyonoksa စစ္စခန္းမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ခဲ့ပါတယ္။

အဲ့ဒီဒုံးက်ည္လုပ္ေနရင္းကေနေပါက္ကြဲမႈျဖစ္တယ္လို႔ ယူဆရၿပီး ေရဒီယိုသတၱိႂကြမႈျဖစ္ခဲ့ပါတယ္။ လူ ၇ ေယာက္အဲ့ဒီေပါက္ကြဲမႈကေန ေသဆုံးခဲ့ပါတယ္။

ျပႆနာက ပူတင္ရဲ႕ဆင္ႀကံႀကံမႈဟာ တကမာၻလုံးကိုၿခိမ္းေျခာက္ေနပါၿပီ။ ပူတင္သာမဟုတ္ ထရမ့္လည္းဒီလို ကမာၻဖ်က္လက္နက္မ်ိဳးႀကံစည္ခဲ့ရင္ အလြန္ကိုစက္ဆုပ္ဖို႔ေကာင္းပါတယ္။ ႐ုရွားဟာ သိပၸံစည္းေဘာင္နဲ႕အျပည္ျပည္ဆိုင္ရာသေဘာတူညီခ်က္ေတြကို တြန္းၿဖိဳေနၿပီလို႔ Lieutenant General Jim Hockenhull ကဆိုလိုက္ပါတယ္။ သိပၸံသုေသသနနဲ႕ စမ္းသပ္တည္ထြင္မႈေတြဟာ စည္းေဘာင္ကိုေက်ာ္လြန္လာၿပီး လူသားေတြကိုအဆိုးဝါးဆုံးၿခိမ္းေျခာက္မႈေတြကိုေပးေနပါၿပီ။

အခုလို က်ေနာ္တို႔ေခါင္းေပၚမွာ နယူကလီယားဒုံးက်ည္ေတြ အကန႔္အသတ္မဲ့ပ်ံေနၿပီး ႀကိဳက္တဲ့အခ်ိန္မွာ ႀကိဳက္တဲ့ေနရာကို ပစ္လိုက္နိုင္ေတာ့မယ့္အႏၲရာယ္ဟာ မေသးပါ။ က်ေနာ္တို႔ဘယ္လိုမွ မလုံၿခဳံနိုင္ေတာ့ပါ။ ေခါင္းေပၚ မွာ နယူကလီးယားဒုံးက်ည္ေတြ အသင့္ပ်ံဝဲေနမယ့္ အေရးပါ။ မေတာ္တဆအဲ့ဒီ နယူကလီးယားဒုံးက်ည္ပ်က္က်လာရင္ေတာင္ နယူးကလီးယားေပါက္ကြဲမႈျဖစ္မွာပါ။ ဆက္ၿပီးေရဒီယိုသတၱိႂကြမႈေတြ ….. မေတြးရဲပါ။

လူသားမ်ိဳးႏြယ္အတြက္လူလုပ္လက္နက္နဲ႕အႀကီးမားဆုံးၿခိမ္းေျခာက္မႈအႏၲရာယ္ကို ရင္ဆိုင္ေနရပါၿပီ။ သင္ဘယ္ေလာက္ပဲခ်မ္းသာခ်မ္းသာ ဘယ္ေလာက္ပဲတစ္သက္လုံးကုန္းရွာထားရွာထား၊ ဘယ္ေလာက္ပဲၿငိမ္းခ်မ္းတဲ့ဘဝကို သားစဥ္ေျမးဆက္အတြက္တည္ေဆာက္ထားတည္ေဆာက္ထား ပူတင့္လိုလူမ်ိဳးရဲ႕ ခလုတ္ကေလးတစ္ခ်က္ဖိလိုက္တဲ့ လက္ညိုးေလးေအာက္မွာ စကၠန႔္ပိုင္းအတြင္း ရွိသမွ်အကုန္ေပ်ာက္သြားနိုင္ပါတယ္။

အခုအခ်ိန္ COVID-19 ေတာင္ လူေတြမ်ိဳးျပဳန္းမွာ ေၾကာက္ေနရခ်ိန္ပါ။

ဓာတုလက္နက္ေတြ၊ ဇီဝလက္နက္ေတြ အဖ်က္အင္အားႀကီးသထက္ႀကီးေအာင္ တီထြင္ဖန္တီးေနမႈအားလုံးရပ္တန႔္ဖို႔အခ်ိန္တန္ပါၿပီ။ ဆရာေအာင္သင္းေျပာသလို ဒုံးကနဲ ခလုတ္ေလးတစ္ခ်က္ႏွိပ္လိုက္ ရင္ ဆြမ္းသြတ္စရာဘုန္းႀကီးေတာင္မရွိေတာ့ေအာင္ သာသနာကြယ္သြားနိုင္ပါတယ္။

အင္အားႀကီးတဲ့နိုင္ငံေတြ ဟာ လူသားမ်ိဳးႏြယ္မ်ိဳး တုံးသြားေလာက္ေအာင္ အင္မတန္အင္အားႀကီးလာေနတဲ့အခ်ိန္မွာ အင္အားငယ္နိုင္ငံေလးထဲမွာ တစ္ေယာက္နဲ႕တစ္ေယာက္ အေမြလုရင္းသတ္လို႔ေကာင္းတုန္းျဖစ္ေနၾကဆဲပါ။

ရာဇဓိရာဇ္အေရးေတာ္ပုံက်မ္းထဲက အင္းဝဘုရင္မင္းေခါင္နဲ႕ မြန္သူရဲေကာင္းသမိန္အဝနိုင္တို႔ ေတြ႕ဆုံပြဲကို သတိရမိပါတယ္။ ဘုရင္မင္းေခါင္က သန္လ်င္ၿမိဳ႕စားသမိန္ အဝနိုင္ဂုဏ္ သတင္းႀကီးလြန္း လို႔ သန္လ်င္နားမွာ စခန္းခ်ေနခ်ိန္မွာေတြ႕ဖို႔ခ်ိန္းပါတယ္။ ေတြ႕တဲ့ေနရာက ျမန္မာဘက္ဘုရင္မင္းေခါင္ရဲ႕ ေလွေတာ္ေပၚမွာပါ။

ျပင္သစ္သေဘၤာတစ္စင္းက အေရးႀကဳံရင္မြန္ဘက္ကကူရေအာင္ ေစာင့္ကာ ဘုရင္မင္းေခါင္ရဲ႕ ေလွကိုအေျမာက္နဲ႕ခ်ိန္ထားပါတယ္။ သမိန္အဝနိုင္နဲ႕ ဘုရင္မင္းေခါင္တို႔ေတြ႕အၿပီးအျပန္မွာ မင္းရဲေက်ာ္စြာရဲ႕ကြၽန္ေစတသူႀကီးက လွံနဲ႕လွမ္းပစ္ပါတယ္။ သမိန္အဝနိုင္ကိုမထိပဲဆင္ကိုထိၿပီး မြန္နဲ႕ျမန္မာတပ္ေတြခ်စ္ၾကည္ေရးေတြ႕ဆုံပြဲကေန ထခ်ၾကပါေတာ့တယ္။ ျပင္သစ္သေဘၤာကအေျမာက္နဲ႕ထုထည့္လိုက္တာ အင္းဝဘုရင္မင္းေခါင္ရဲ႕ေလွေတာ္ အလံတိုင္ကိုမွန္ၿပီး အလံတိုင္လဲက်သြားပါတယ္။

ဘုရင္မင္းေခါင္ခမ်ာ မွာ အခုလိုလက္နက္ဆန္းဟာ သူ႕ေလွကတိုင္ကိုေတာင္ ခ်ိဳးပစ္နိုင္လို႔ မ်က္ရည္ေတာ္က်ပါတယ္။ သူရဲေကာင္းပီပီတစ္ေယာက္ခ်င္းခ်လာတာ အပ်က္အစီးနည္းလွတယ္တဲ့။ အခု Cannon ဆိုတဲ့ လက္နက္ဆန္းဟာ ဖ်က္ဆီးအားႀကီးလွတယ္။ လူကိုထိေသာ္ခံနိုင္မည္မဟုတ္။ သူရဲေကာင္းအခ်င္းခ်င္း လက္စြမ္းျပမႈမရွိေတာ့ၿပီဆိုၿပီး မ်က္ရည္မဆည္နိုင္ေအာင္ျဖစ္ရပါသတဲ့။

အခု ပူတင္ႀကံစည္ေနတဲ့ လက္နက္ဟာ အိမ္သာတက္ေနရင္ေတာင္ ေခါင္းေပၚကအခ်ိန္ခံထားရတာမ်ားသိရင္ ဘုရင္မင္းေခါင္တစ္ေယာက္ တခါတည္း တက္ၿပီးနတ္႐ြာစံသြားမလားမသိပါ။

ဘာပဲေျပာေျပာ သိပၸံပညာ တိုးတက္တာမွာ က်ေနာ္မႀကိဳက္တဲ့ ကိစၥေတြအမ်ားႀကီး ရွိပါတယ္။

ပူတင္ ထြင္ၿပီးရင္ တ႐ုတ္ေရာ အေမရိကန္ေရာလို က္ထြင္ၿပီး မၿပီးနိုင္မစီးနိုင္ ကမာၻႀကီး ကို ခ်ိန္ကိုက္ဗုံးေတြတပ္ဆင္ၾက ပါေတာ့မယ္။

လူသားတို႔ဟာ အလွဆုံးကမာၻႀကီးကို အတၱနဲ႕ ပ်က္စီးရာပ်က္စီးေၾကာင္း ႀကံစည္ေနတာ ရပ္တန႔္ဖို႔သင့္ျဖစ္ပါေၾကာင္း။

https://web.facebook.com/richard.myothant/posts/3808870615807686

Richard Myo Thant

13-September-2020

unicode

ရုရှားဟာ နယူးကလီးယား စွမ်းအင်နဲ့ နှစ်ပေါင်းများစွာ မရပ်မနားပျံသန်းနိုင် တဲ့ ခရုဒုံးကျည် ကို တီထွင်နေ ပါတယ် ။ နှစ်ပေါင်းများစွာ ပျံသန်းနေနိုင်ပြီး ပစ်ချင်တဲ့အချိန်မှ ပစ်မှတ်ကိုပေးပြီး ပစ်လိုက်ရုံပါပဲ ။ နယူကလီးယား ထိပ်ဖူးပါတပ်ထားတဲ့ အတွက်တကယ့် ကို ကမ္ဘာဖျက်လက်နက်ပါပဲ။

စလွှတ်လိုက်တာနဲ့စွမ်းအင်ဖြည့်တင်းစရာမလိုပဲ ကျနော်တို့ဟာခေါင်းပေါ်ကနေ အခြိမ်းခြောက်ခံနေရတော့မှာပါ။ အရင်ကနယူကလီးယားထိပ်ဖူးတပ်တိုက်ချင်းပစ်ဒုံးကျည်တွေဟာ စပစ်တာနဲ့အသိပေးရမယ်လို့ သဘောတူညီချက်မျိုးရှိပါတယ်။ အဲ့ဒီတိုက်ချင်းပစ်ဒုံးကျည်တွေတောင်မှ အလွန်အန္တရာယ်များလှတာ ဒီတစ်ခါနှစ်ပေါင်းများစွာ ကျနော်တို့ခေါင်းပေါ်ကနေ နယူကလီးယားဗုံးတစ်လုံးပျံသန်းနေမှာ ကို ဘယ်လိုမှ လက်ခံလို့မရပါဘူး။

ဒီဒုံးကျည်ကို 9M730 Burevestnik လို့ခေါ်ပြီး NATO နေတိုးအဖွဲ့က SSC-X-9 Skyfall လို့အမည်ပေးထားပါတယ်။ ဒီဒုံးကျည်ဟာ ရုရှားသမ္မတပူတင်ရဲ့ ၂၀၁၈ ခုနှစ် မတ်လကစပြီး ဖွင့်ဟလာတဲ့ ရုရှားရဲ့မဟာဗျူဟာလက်နက် အသစ် ၆ ခုမှာ တစ်ခုပါပါတယ်။ အဲ့ဒီဒုံးကျည်ရဲ့ နယူကလီယားစွမ်းအင်ယူနစ်ကို ၂၀၁၉ ဇန်နဝါရီလမှာစမ်းသပ်အောင်မြင်တယ်လို့ဆိုပါတယ်။ မနှစ်ကဩဂတ်စ်လမှာ အဲ့ဒီဒုံးကျည်စမ်းသပ်တီထွင်နေတဲ့ Nyonoksa စစ်စခန်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။

အဲ့ဒီဒုံးကျည်လုပ်နေရင်းကနေပေါက်ကွဲမှုဖြစ်တယ်လို့ ယူဆရပြီး ရေဒီယိုသတ္တိကြွမှုဖြစ်ခဲ့ပါတယ်။ လူ ၇ ယောက်အဲ့ဒီပေါက်ကွဲမှုကနေ သေဆုံးခဲ့ပါတယ်။

ပြဿနာက ပူတင်ရဲ့ဆင်ကြံကြံမှုဟာ တကမ္ဘာလုံးကိုခြိမ်းခြောက်နေပါပြီ။ ပူတင်သာမဟုတ် ထရမ့်လည်းဒီလို ကမ္ဘာဖျက်လက်နက်မျိုးကြံစည်ခဲ့ရင် အလွန်ကိုစက်ဆုပ်ဖို့ကောင်းပါတယ်။ ရုရှားဟာ သိပ္ပံစည်းဘောင်နဲ့အပြည်ပြည်ဆိုင်ရာသဘောတူညီချက်တွေကို တွန်းဖြိုနေပြီလို့ Lieutenant General Jim Hockenhull ကဆိုလိုက်ပါတယ်။ သိပ္ပံသုသေသနနဲ့ စမ်းသပ်တည်ထွင်မှုတွေဟာ စည်းဘောင်ကိုကျော်လွန်လာပြီး လူသားတွေကိုအဆိုးဝါးဆုံးခြိမ်းခြောက်မှုတွေကိုပေးနေပါပြီ။

အခုလို ကျနော်တို့ခေါင်းပေါ်မှာ နယူကလီယားဒုံးကျည်တွေ အကန့်အသတ်မဲ့ပျံနေပြီး ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့နေရာကို ပစ်လိုက်နိုင်တော့မယ့်အန္တရာယ်ဟာ မသေးပါ။ ကျနော်တို့ဘယ်လိုမှ မလုံခြုံနိုင်တော့ပါ။ ခေါင်းပေါ် မှာ နယူကလီးယားဒုံးကျည်တွေ အသင့်ပျံဝဲနေမယ့် အရေးပါ။ မတော်တဆအဲ့ဒီ နယူကလီးယားဒုံးကျည်ပျက်ကျလာရင်တောင် နယူးကလီးယားပေါက်ကွဲမှုဖြစ်မှာပါ။ ဆက်ပြီးရေဒီယိုသတ္တိကြွမှုတွေ ….. မတွေးရဲပါ။

လူသားမျိုးနွယ်အတွက်လူလုပ်လက်နက်နဲ့အကြီးမားဆုံးခြိမ်းခြောက်မှုအန္တရာယ်ကို ရင်ဆိုင်နေရပါပြီ။ သင်ဘယ်လောက်ပဲချမ်းသာချမ်းသာ ဘယ်လောက်ပဲတစ်သက်လုံးကုန်းရှာထားရှာထား၊ ဘယ်လောက်ပဲငြိမ်းချမ်းတဲ့ဘဝကို သားစဉ်မြေးဆက်အတွက်တည်ဆောက်ထားတည်ဆောက်ထား ပူတင့်လိုလူမျိုးရဲ့ ခလုတ်ကလေးတစ်ချက်ဖိလိုက်တဲ့ လက်ညိုးလေးအောက်မှာ စက္ကန့်ပိုင်းအတွင်း ရှိသမျှအကုန်ပျောက်သွားနိုင်ပါတယ်။

အခုအချိန် COVID-19 တောင် လူတွေမျိုးပြုန်းမှာ ကြောက်နေရချိန်ပါ။

ဓာတုလက်နက်တွေ၊ ဇီဝလက်နက်တွေ အဖျက်အင်အားကြီးသထက်ကြီးအောင် တီထွင်ဖန်တီးနေမှုအားလုံးရပ်တန့်ဖို့အချိန်တန်ပါပြီ။ ဆရာအောင်သင်းပြောသလို ဒုံးကနဲ ခလုတ်လေးတစ်ချက်နှိပ်လိုက် ရင် ဆွမ်းသွတ်စရာဘုန်းကြီးတောင်မရှိတော့အောင် သာသနာကွယ်သွားနိုင်ပါတယ်။

အင်အားကြီးတဲ့နိုင်ငံတွေ ဟာ လူသားမျိုးနွယ်မျိုး တုံးသွားလောက်အောင် အင်မတန်အင်အားကြီးလာနေတဲ့အချိန်မှာ အင်အားငယ်နိုင်ငံလေးထဲမှာ တစ်ယောက်နဲ့တစ်ယောက် အမွေလုရင်းသတ်လို့ကောင်းတုန်းဖြစ်နေကြဆဲပါ။

ရာဇဓိရာဇ်အရေးတော်ပုံကျမ်းထဲက အင်းဝဘုရင်မင်းခေါင်နဲ့ မွန်သူရဲကောင်းသမိန်အဝနိုင်တို့ တွေ့ဆုံပွဲကို သတိရမိပါတယ်။ ဘုရင်မင်းခေါင်က သန်လျင်မြို့စားသမိန် အဝနိုင်ဂုဏ် သတင်းကြီးလွန်း လို့ သန်လျင်နားမှာ စခန်းချနေချိန်မှာတွေ့ဖို့ချိန်းပါတယ်။ တွေ့တဲ့နေရာက မြန်မာဘက်ဘုရင်မင်းခေါင်ရဲ့ လှေတော်ပေါ်မှာပါ။

ပြင်သစ်သင်္ဘောတစ်စင်းက အရေးကြုံရင်မွန်ဘက်ကကူရအောင် စောင့်ကာ ဘုရင်မင်းခေါင်ရဲ့ လှေကိုအမြောက်နဲ့ချိန်ထားပါတယ်။ သမိန်အဝနိုင်နဲ့ ဘုရင်မင်းခေါင်တို့တွေ့အပြီးအပြန်မှာ မင်းရဲကျော်စွာရဲ့ကျွန်စေတသူကြီးက လှံနဲ့လှမ်းပစ်ပါတယ်။ သမိန်အဝနိုင်ကိုမထိပဲဆင်ကိုထိပြီး မွန်နဲ့မြန်မာတပ်တွေချစ်ကြည်ရေးတွေ့ဆုံပွဲကနေ ထချကြပါတော့တယ်။ ပြင်သစ်သင်္ဘောကအမြောက်နဲ့ထုထည့်လိုက်တာ အင်းဝဘုရင်မင်းခေါင်ရဲ့လှေတော် အလံတိုင်ကိုမှန်ပြီး အလံတိုင်လဲကျသွားပါတယ်။

ဘုရင်မင်းခေါင်ခမျာ မှာ အခုလိုလက်နက်ဆန်းဟာ သူ့လှေကတိုင်ကိုတောင် ချိုးပစ်နိုင်လို့ မျက်ရည်တော်ကျပါတယ်။ သူရဲကောင်းပီပီတစ်ယောက်ချင်းချလာတာ အပျက်အစီးနည်းလှတယ်တဲ့။ အခု Cannon ဆိုတဲ့ လက်နက်ဆန်းဟာ ဖျက်ဆီးအားကြီးလှတယ်။ လူကိုထိသော်ခံနိုင်မည်မဟုတ်။ သူရဲကောင်းအချင်းချင်း လက်စွမ်းပြမှုမရှိတော့ပြီဆိုပြီး မျက်ရည်မဆည်နိုင်အောင်ဖြစ်ရပါသတဲ့။

အခု ပူတင်ကြံစည်နေတဲ့ လက်နက်ဟာ အိမ်သာတက်နေရင်တောင် ခေါင်းပေါ်ကအချိန်ခံထားရတာများသိရင် ဘုရင်မင်းခေါင်တစ်ယောက် တခါတည်း တက်ပြီးနတ်ရွာစံသွားမလားမသိပါ။

ဘာပဲပြောပြော သိပ္ပံပညာ တိုးတက်တာမှာ ကျနော်မကြိုက်တဲ့ ကိစ္စတွေအများကြီး ရှိပါတယ်။

ပူတင် ထွင်ပြီးရင် တရုတ်ရော အမေရိကန်ရောလို က်ထွင်ပြီး မပြီးနိုင်မစီးနိုင် ကမ္ဘာကြီး ကို ချိန်ကိုက်ဗုံးတွေတပ်ဆင်ကြ ပါတော့မယ်။

လူသားတို့ဟာ အလှဆုံးကမ္ဘာကြီးကို အတ္တနဲ့ ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေတာ ရပ်တန့်ဖို့သင့်ဖြစ်ပါကြောင်း။

https://web.facebook.com/richard.myothant/posts/3808870615807686

Richard Myo Thant

13-September-2020