မုံရြာ မွာ ဖမ္ းမိ ခဲ့တဲ့ မိေက်ာင္း ရဲ့ ေနာက္ဆက္္ တြဲ သတင္း (လြတ္ေန တဲ့ မိေက်ာင္းေတြ ကို လိုက္ဖမ္း လ်က္ရွိ)

မုံရြာၿမိဳ႕ တြင္ ဖမ္း မိ ခဲ့ေသာ မိေက်ာင္း ကို တိုင္းအစိုးရ ၏ လမ္းညႊန္မႈႏွင့္အညီ ရန္ကုန္ၿမိဳ႕ရွိ သာေကတ မိေက်ာင္းေမြးျမဴေရးစခန္းသို႔ ပို႔ေဆာင္္ ရန္ စီစဥ္ထားေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး ငါးလုပ္ငန္းဦးစီးမႉး ဦးထြန္းထြန္းဝင္းက ေျပာပါတယ္။ မုံရြာၿမိဳ႕ ကန္သာဦး ရပ္ကြက္ ရတနာ လမ္းေဘးရွိ ေရေျမာင္းအတြင္းမွ အရွည္ႏွစ္ေပေက်ာ္ မိေက်ာင္းတစ္ေကာင္ ကို စက္တင္ဘာ ၁၁ ရက္ မြန္းလြဲ ၃ နာရီခန႔္က ဖမ္းမိခဲ့ပါ တယ္။

“မိေက်ာင္း စခန္းကိုပို႔ဖို႔ တိုင္း အစိုးရအဖြဲ႕ လမ္းညႊန္မႈအတိုင္း ေဆာင္ရြက္ရမွာပါ။ လက္ရွိေတာ့ ေရႊဘိုၿမိဳ႕မွာ ထိန္းသိမ္း ထားတယ္။ အခု ေတြ႕တဲ့ မိေက်ာင္းက ထိုင္းမိေက်ာင္းမ်ိဳး အရွည္ႏွစ္ေပေက်ာ္၊ သက္တမ္းက တစ္ႏွစ္ေက်ာ္ေလာက္ပဲ ရွိေသးတယ္။ တခ်ိဳ႕က တရားမဝင္ေမြး တာျဖစ္ နိုင္သလို ျပည္ပပို႔တာေတြလည္း ျဖစ္နိုင္တယ္။ ဟိုဘက္က ပိတ္ထား ေတာ့ ဒီမွာလာလႊတ္တာ ျဖစ္နိုင္တယ္”ဟု ဦးထြန္းထြန္းဝင္း က ေျပာပါတယ္။ ဖမ္းမိေသာ မိေက်ာင္းမ်ိဳး သည္ ျမန္မာနိုင္ငံတြင္ ေတြ႕ရသည့္ မိေက်ာင္းမ်ိဳး မဟုတ္ဘဲ ေရ ခ်ိဳ မိေက်ာင္း မ်ိဳးႏြယ္ျဖစ္ ေၾကာင္း ဦးထြန္းထြန္းဝင္းက ေျပာပါတယ္။ မိေက်ာင္းဖမ္းဆီးခဲ့ေသာ မုံရြာခရိုင္မီးသတ္ဦးစီးမႉး ဦးညီညီ ေဇာ္က ဖမ္းမိတဲ့ ‘‘မိေက်ာင္းကို ငါးလုပ္ငန္းဦးစီးဌာနကို အပ္ႏွံထားတယ္။ က်န္တဲ့မိေက်ာင္းေတြကို ဆက္ရွာ ေနပါတယ္’’ဟု စက္တင္ဘာ ၁၂ ရက္ နံနက္က ေျပာပါ တယ္္ ။

အဆို ပါ မိေက်ာင္းမ်ိဳးႏြယ္္ မ်ားသည္ ေရတြင္ ၾကာရွည္စြာ ငုပ္ေလ့မရွိဘဲ ေရေပၚတြင္ အသက္ ရႉေလ့ ရွိကာ ေရသာမက ကုန္းေပၚတြင္ပါ ေနထိုင္ က်က္စားေလ့ရွိေၾကာင္း မုံရြာခရိုင္ ငါးလုပ္ငန္းဦးစီးဌာနမွ ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။ မုံရြာၿမိဳ႕ ကန္သာဦးရပ္ကြက္ ရတနာလမ္း ေျမသား ဖို႔ရန္ ဘက္ဟိုးတူးေဖာ္ထားသည့္ ေရေျမာင္း အတြင္း မိေက်ာင္းမ်ား ေရာက္ေနသည္ ကို စက္တင္ဘာ ၁၁ ရက္ နံနက္က အနီး ရွိ ေနထိုင္ သူမ်ား ေတြ႕ရွိၿပီး မီးသတ္တပ္ဖြဲ႕ ဖမ္းဆီးရာသို႔ လူရာႏွင့္ခ်ီကာ လာေရာက္ၾကည့္ရႈခဲ့ေၾကာင္း ကန္သာဦးရပ္ကြက္ အုပ္ခ်ဳပ္ေရး မႉး ဦးေအာင္လင္း က ေျပာပါ တယ္္။

crd:Let Pan

unicode

မုံရွာမြို့ တွင် ဖမ်း မိ ခဲ့သော မိကျောင်း ကို တိုင်းအစိုးရ ၏ လမ်းညွှန်မှုနှင့်အညီ ရန်ကုန်မြို့ရှိ သာကေတ မိကျောင်းမွေးမြူရေးစခန်းသို့ ပို့ဆောင်် ရန် စီစဉ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ မုံရွာမြို့ ကန်သာဦး ရပ်ကွက် ရတနာ လမ်းဘေးရှိ ရေမြောင်းအတွင်းမှ အရှည်နှစ်ပေကျော် မိကျောင်းတစ်ကောင် ကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်က ဖမ်းမိခဲ့ပါ တယ်။

“မိကျောင်း စခန်းကိုပို့ဖို့ တိုင်း အစိုးရအဖွဲ့ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ရမှာပါ။ လက်ရှိတော့ ရွှေဘိုမြို့မှာ ထိန်းသိမ်း ထားတယ်။ အခု တွေ့တဲ့ မိကျောင်းက ထိုင်းမိကျောင်းမျိုး အရှည်နှစ်ပေကျော်၊ သက်တမ်းက တစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်။ တချို့က တရားမဝင်မွေး တာဖြစ် နိုင်သလို ပြည်ပပို့တာတွေလည်း ဖြစ်နိုင်တယ်။ ဟိုဘက်က ပိတ်ထား တော့ ဒီမှာလာလွှတ်တာ ဖြစ်နိုင်တယ်”ဟု ဦးထွန်းထွန်းဝင်း က ပြောပါတယ်။ ဖမ်းမိသော မိကျောင်းမျိုး သည် မြန်မာနိုင်ငံတွင် တွေ့ရသည့် မိကျောင်းမျိုး မဟုတ်ဘဲ ရေ ချို မိကျောင်း မျိုးနွယ်ဖြစ် ကြောင်း ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ မိကျောင်းဖမ်းဆီးခဲ့သော မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီ ဇော်က ဖမ်းမိတဲ့ ‘‘မိကျောင်းကို ငါးလုပ်ငန်းဦးစီးဌာနကို အပ်နှံထားတယ်။ ကျန်တဲ့မိကျောင်းတွေကို ဆက်ရှာ နေပါတယ်’’ဟု စက်တင်ဘာ ၁၂ ရက် နံနက်က ပြောပါ တယ်် ။

အဆို ပါ မိကျောင်းမျိုးနွယ်် များသည် ရေတွင် ကြာရှည်စွာ ငုပ်လေ့မရှိဘဲ ရေပေါ်တွင် အသက် ရှူလေ့ ရှိကာ ရေသာမက ကုန်းပေါ်တွင်ပါ နေထိုင် ကျက်စားလေ့ရှိကြောင်း မုံရွာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ မုံရွာမြို့ ကန်သာဦးရပ်ကွက် ရတနာလမ်း မြေသား ဖို့ရန် ဘက်ဟိုးတူးဖော်ထားသည့် ရေမြောင်း အတွင်း မိကျောင်းများ ရောက်နေသည် ကို စက်တင်ဘာ ၁၁ ရက် နံနက်က အနီး ရှိ နေထိုင် သူများ တွေ့ရှိပြီး မီးသတ်တပ်ဖွဲ့ ဖမ်းဆီးရာသို့ လူရာနှင့်ချီကာ လာရောက်ကြည့်ရှုခဲ့ကြောင်း ကန်သာဦးရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးအောင်လင်း က ပြောပါ တယ််။

crd:Let Pan