” တ႐ုတ္ လက္ဝါးႀကီးအုပ္မႈ နဲ႔ ဖိလစ္ပိုင္ ကေပးတဲ့ သင္ခန္းစာ ” ( တ႐ုတ္ က အေဝးထိန္းစနစ္ျဖင့္ ဖိလစ္ပိုင္ တစ္ႏိုင္ငံ လုံးကို လွ်ပ္စစ္ျဖတ္ေတာက္ ႏိုင္ေၾကာင္း…)

ေတာင္တ႐ုတ္ ပင္လယ္ အေရး တ႐ုတ္ႏိုင္ငံ ႏွင့္ အျငင္းပြားမႈမ်ား ျဖစ္ေပၚေနေသာ ဖိလစ္ပိုင္ ႏိုင္ငံ ၏ အဓိက ဓာတ္အား ေပးလိုင္း ကို တ႐ုတ္ က အေဝး မွထိန္းခ်ဳပ္ႏိုင္စြမ္း ရွိကာ လွ်ပ္စစ္ဓာတ္ အားျဖတ္ေတာက္ ျပဳလုပ္ႏိုင္ေၾကာင္း ဖိလစ္ပိုင္လႊတ္ေတာ္ တြင္ ေဆြးေႏြးခဲ့ၾကသည္။

ဖိလစ္ပိုင္ ဓာတ္အားေပး ေကာ္ပိုေရးရွင္း(TransCo)တြင္ တ႐ုတ္ အစိုးရပိုင္ ကုမၸဏီမ်ား က ရွယ္ယာ ထက္ဝက္နီးပါးပိုင္ဆိုင္ေနျခင္းေၾကာင့္ ယင္းကဲ့ သို႔ အေဝးကေန ထိန္းခ်ဳပ္ႏိုင္ျခင္း ျဖစ္ေၾကာင္း TransCo ကုမၸဏီ အႀကီး အကဲ က လႊတ္ေတာ္ တြင္ တစ္အတည္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း BBC သတင္း တစ္ရပ္တြင္ ေဖာ္ျပထားသည္။

တ႐ုတ္ အစိုးရပိုင္ ဓာတ္အားေပး လုပ္ငန္း က ဖိလစ္ပိုင္ ၏ အဓိက ဓာတ္အားလိုင္း ေကာ္ပိုေရးရွင္းမွာ ရွယ္ရာ ၄၀ ရာခိုင္းႏႈန္းထိ ပိုင္ဆိုင္ေနျခင္းလည္း ျဖစ္သည္။

အ ဆို ပါ ဓာတ္အားလိုင္း ေကာ္ပိုေရးရွင္း က ဖိလစ္ပိုင္ ႏိုင္ငံ ေျမာက္ဖ်ား လူဇြန္မွ ေတာင္ဘက္ မင္ဒါနာအို အထိ ႏိုင္ငံ တစ္ဝန္းလုံး ကို လွ်ပ္စစ္ဓာတ္အားေပးျခင္းေၾကာင့္ လည္း တ႐ုတ္ က အေဝးထိန္းစနစ္ျဖင့္ ဖိလစ္ပိုင္ တစ္ႏိုင္ငံ လုံးကို လွ်ပ္စစ္ျဖတ္ေတာက္ ႏိုင္ေၾကာင္း လႊတ္ေတာ္ တြင္ ေဆြးေႏြးခဲ့ၾကသည္။

ဖိလစ္ပိုင္ ႏိုင္ငံ တြင္ တ႐ုတ္က ႏိုင္ငံေရး ဩဇာလြမ္းမိုးေနျခင္းမွာလည္း သိသာ ေနေၾကာင္း ဖိလစ္ပိုင္ လႊတ္ေတာ္တြင္ ေဆြးေႏြးခဲ့သည္။ ယင္းသို႔ တ႐ုတ္ႏိုင္ငံ လက္ဝါးႀကီး အုပ္မႈေၾကာင့္ ဖိလစ္ပိုင္ ႏိုင္ငံ ၏ လုံၿခဳံေရး ဲခိမ္းေျခာက္ခံေနရ ၿပီလား ဟု လႊတ္ေတာ္ အမတ္တစ္ဦးကေဆြးေႏြးခဲ့သည္။ ဖိလစ္ပိုင္ ႏွင့္ တ႐ုတ္တို႔ လက္တေလာ တြင္ေတာင္တ႐ုတ္ပင္လယ္ အေရး ႏွင့္ ပတ္သက္ၿပီး နယ္ေျမအျငင္းပြားမႈ ျဖစ္ပြားလ်က္ ရွိသည္ ။

အေျခခံအေဆာက္ အဦးမ်ား တည္ေဆာက္ရန္ ဖိလစ္ပိုင္အစိုးရက တ႐ုတ္ႏိုင္ငံ ၏ ဘ႑ာေရး အေထာက္အပံ့မ်ား ရယူေနျခင္းမွာလည္း တ႐ုတ္ႏိုင္ငံ သို႔ ေပးဆပ္ရမည့္ အေႂကြး အလြန္မ်ားျပား လာေနျခင္းႏွင့္ ပတ္သက္ ၿပီး ဖိလစ္ပိုင္ႏိုင္ငံကို မေလးရွား ဝန္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္ က သတိေပးထားသည္။

တ႐ုတ္ႏိုင္ငံ အေနႏွင့္ ရပ္ဝန္းႏွင့္ ပိုးလမ္းမ စီမံကိန္းကို အေကာင္ အထည္ေဖာ္ႏိုင္ရန္ ျမန္မာ ႏိုင္ငံ အပါ အဝင္ ကမာၻ႔ ႏိုင္ငံ အေတာ္ေတာ္မ်ားမ်ား တြင္ အေျခခံ အေဆာက္အဦဆိုင္ရာ ရင္းႏွီးျမဳပ္ႏွံမႈမ်ား ၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဆိုင္ရာ ရင္းႏွီးျမႇပ္ႏွံမႈမ်ား ႏွင့္ ပင္လယ္ဆိပ္ကမ္း ႏွင့္ တံတားႀကီးမ်ား တည္ေဆာက္ရာ တြင္ ရင္းႏွီးျမဳပ္ႏွံမႈ ျပဳလုပ္လ်က္ရွိသည္။

တ႐ုတ္ႏိုင္ငံ သည္ ျမန္မာ ႏိုင္ငံတြင္ လည္း ျမစ္ဆုံ စီမံကိန္း ၊ ေက်ာက္ျဖဴေရနက္ ဆိပ္ကမ္း စီမံကိန္း ၊ ႏိုင္ငံျဖတ္ေက်ာ္ ရထားလမ္း ၊ ကားလမ္းစီမံကိန္း ႏွင့္ အထူးစီဒပြားေရးဇုန္ စီမံကိန္းမ်ား ကို တည္ေဆာက္လ်က္ ရွိသည္။

ယင္းစီမံကိန္း မ်ား အနက္ မွ ဧရာဝတီ ျမစ္ ဖ်ားပိုင္း တြင္တည္ေဆာက္ေနေသာ ျမစ္ဆုံ စီမံကိန္းမွာ တ႐ုတ္တို႔ ၏ ထိန္းခ်ဳပ္ခြင့္ အျပည့္ အဝ ရရွိပါ က ျမန္မာႏိုင္ငံအတြက္မ်ား စြာ အႏၲရယ္ ႀကီးသည့္ ကိစၥ လည္း ျဖစ္ေ နသည္။

ျမစ္ဆုံ စီမံကိန္းမွာ လတ္တေလာ တြင္ ရပ္ဆိုင္းထားသည္ ဟု ဆိုေသာ္ လည္း တ႐ုတ္ အစိုးရ ျပန္လည္ စတင္ရန္ အလို ရွိေနေသာ စီမံကိန္းတစ္ခုလည္း ျဖစ္သည္။

အဆိုပါ စီမံကိန္း မွာ တ႐ုတ္အစိုးရ ပိုင္ CPI ကုမၸဏီ ၏ ရင္းႏွီးျမဳပ္ ႏွံမႈ ျဖစ္သည့္ အျပင္ ျမန္မာ ႏိုင္ငံ၏ ေရေဝေတာေတာင္ ႏွင့္ ပထဝီဝင္အေန အထား အခ်က္အခ်ာက်သည့္ ေနရာတြင္ ရွိေသာေၾကာင့္ ဖိလစ္ပိုင္ ၏ သင္ခန္းကို ရယူကာ ျမန္မာအစိုးရ အေနႏွင့္ အေလး အနက္ထား စဥ္းစားရမည့္ ကိစၥရပ္ ျဖစ္ေပသည္ ။

unicode

တောင်တရုတ် ပင်လယ် အရေး တရုတ်နိုင်ငံ နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေသော ဖိလစ်ပိုင် နိုင်ငံ ၏ အဓိက ဓာတ်အား ပေးလိုင်း ကို တရုတ် က အဝေး မှထိန်းချုပ်နိုင်စွမ်း ရှိကာ လျှပ်စစ်ဓာတ် အားဖြတ်တောက် ပြုလုပ်နိုင်ကြောင်း ဖိလစ်ပိုင်လွှတ်တော် တွင် ဆွေးနွေးခဲ့ကြသည်။

ဖိလစ်ပိုင် ဓာတ်အားပေး ကော်ပိုရေးရှင်း(TransCo)တွင် တရုတ် အစိုးရပိုင် ကုမ္ပဏီများ က ရှယ်ယာ ထက်ဝက်နီးပါးပိုင်ဆိုင်နေခြင်းကြောင့် ယင်းကဲ့ သို့ အဝေးကနေ ထိန်းချုပ်နိုင်ခြင်း ဖြစ်ကြောင်း TransCo ကုမ္ပဏီ အကြီး အကဲ က လွှတ်တော် တွင် တစ်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း BBC သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ် အစိုးရပိုင် ဓာတ်အားပေး လုပ်ငန်း က ဖိလစ်ပိုင် ၏ အဓိက ဓာတ်အားလိုင်း ကော်ပိုရေးရှင်းမှာ ရှယ်ရာ ၄၀ ရာခိုင်းနှုန်းထိ ပိုင်ဆိုင်နေခြင်းလည်း ဖြစ်သည်။

အ ဆို ပါ ဓာတ်အားလိုင်း ကော်ပိုရေးရှင်း က ဖိလစ်ပိုင် နိုင်ငံ မြောက်ဖျား လူဇွန်မှ တောင်ဘက် မင်ဒါနာအို အထိ နိုင်ငံ တစ်ဝန်းလုံး ကို လျှပ်စစ်ဓာတ်အားပေးခြင်းကြောင့် လည်း တရုတ် က အဝေးထိန်းစနစ်ဖြင့် ဖိလစ်ပိုင် တစ်နိုင်ငံ လုံးကို လျှပ်စစ်ဖြတ်တောက် နိုင်ကြောင်း လွှတ်တော် တွင် ဆွေးနွေးခဲ့ကြသည်။

ဖိလစ်ပိုင် နိုင်ငံ တွင် တရုတ်က နိုင်ငံရေး ဩဇာလွမ်းမိုးနေခြင်းမှာလည်း သိသာ နေကြောင်း ဖိလစ်ပိုင် လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။ ယင်းသို့ တရုတ်နိုင်ငံ လက်ဝါးကြီး အုပ်မှုကြောင့် ဖိလစ်ပိုင် နိုင်ငံ ၏ လုံခြုံရေး ဲခိမ်းခြောက်ခံနေရ ပြီလား ဟု လွှတ်တော် အမတ်တစ်ဦးကဆွေးနွေးခဲ့သည်။ ဖိလစ်ပိုင် နှင့် တရုတ်တို့ လက်တလော တွင်တောင်တရုတ်ပင်လယ် အရေး နှင့် ပတ်သက်ပြီး နယ်မြေအငြင်းပွားမှု ဖြစ်ပွားလျက် ရှိသည် ။

အခြေခံအဆောက် အဦးများ တည်ဆောက်ရန် ဖိလစ်ပိုင်အစိုးရက တရုတ်နိုင်ငံ ၏ ဘဏ္ဍာရေး အထောက်အပံ့များ ရယူနေခြင်းမှာလည်း တရုတ်နိုင်ငံ သို့ ပေးဆပ်ရမည့် အကြွေး အလွန်များပြား လာနေခြင်းနှင့် ပတ်သက် ပြီး ဖိလစ်ပိုင်နိုင်ငံကို မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် က သတိပေးထားသည်။

တရုတ်နိုင်ငံ အနေနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းကို အကောင် အထည်ဖော်နိုင်ရန် မြန်မာ နိုင်ငံ အပါ အဝင် ကမ္ဘာ့ နိုင်ငံ အတော်တော်များများ တွင် အခြေခံ အဆောက်အဦဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများ ၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှပ်နှံမှုများ နှင့် ပင်လယ်ဆိပ်ကမ်း နှင့် တံတားကြီးများ တည်ဆောက်ရာ တွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်လျက်ရှိသည်။

တရုတ်နိုင်ငံ သည် မြန်မာ နိုင်ငံတွင် လည်း မြစ်ဆုံ စီမံကိန်း ၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း ၊ နိုင်ငံဖြတ်ကျော် ရထားလမ်း ၊ ကားလမ်းစီမံကိန်း နှင့် အထူးစီဒပွားရေးဇုန် စီမံကိန်းများ ကို တည်ဆောက်လျက် ရှိသည်။

ယင်းစီမံကိန်း များ အနက် မှ ဧရာဝတီ မြစ် ဖျားပိုင်း တွင်တည်ဆောက်နေသော မြစ်ဆုံ စီမံကိန်းမှာ တရုတ်တို့ ၏ ထိန်းချုပ်ခွင့် အပြည့် အဝ ရရှိပါ က မြန်မာနိုင်ငံအတွက်များ စွာ အန္တရယ် ကြီးသည့် ကိစ္စ လည်း ဖြစ်ေ နသည်။

မြစ်ဆုံ စီမံကိန်းမှာ လတ်တလော တွင် ရပ်ဆိုင်းထားသည် ဟု ဆိုသော် လည်း တရုတ် အစိုးရ ပြန်လည် စတင်ရန် အလို ရှိနေသော စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

အဆိုပါ စီမံကိန်း မှာ တရုတ်အစိုးရ ပိုင် CPI ကုမ္ပဏီ ၏ ရင်းနှီးမြုပ် နှံမှု ဖြစ်သည့် အပြင် မြန်မာ နိုင်ငံ၏ ရေဝေတောတောင် နှင့် ပထဝီဝင်အနေ အထား အချက်အချာကျသည့် နေရာတွင် ရှိသောကြောင့် ဖိလစ်ပိုင် ၏ သင်ခန်းကို ရယူကာ မြန်မာအစိုးရ အနေနှင့် အလေး အနက်ထား စဉ်းစားရမည့် ကိစ္စရပ် ဖြစ်ပေသည် ။