ျမန္မာ နယ္စပ္ တစ္ ေလွ်ာက္ ထိုင္း စစ္တပ္ က သံဆူး ႀကိဳးမ်ား ကာၿပီး ဝင္ေရာက္ ခြင့္ တားျမစ္

တ ရား မဝင္ေ႐ႊ႕ ေျပာင္းေန ထိုင္သူမ်ား ကို ကာ ကြယ္ေရး အတြက္ ျမန္မာနိုင္ငံႏွင့္ နယ္စပ္ တစ္ေလွ်ာက္ တြင္ ထိုင္းစစ္တပ္ က သံဆူး    ႀကိဳး မ်ား ကာရံက ာ ေနရပ္ျပန္ ထိုင္းနိုင္ငံသား မ်ားႏွင့္ ခြင့္ျပဳခ်က္ ရွိေသာ နိုင္ငံျခားသားမ်ားမွလြဲ ၍ ဝင္ေရာက္ခြင့္ ပိတ္ပင္ရန္ ေသာၾကာ ေန႕ကစ၍ တားျမစ္ထား သည္။

ျမန္မာ နိုင္ငံတြင္ ကိုရိုနာဗိုင္း ရပ္စ္ပ်ံ့ႏွံ႕မႈ ဒုတိယလွိုင္းႏွင့္ ႀကဳံေနစဥ္ ထိုင္းအရာရွိမ်ားက နယ္စပ္ အနီးရွိၿမိဳ႕မ်ားတြင္ COVID-19 စစ္ေဆးမႈ မ်ား ျပဳလုပ္ကာ နယ္စပ္ တစ္ေလွ်ာက္ လုံၿခဳံေရးကို အထူး တင္းက်ပ္ ထားသည္။

ယင္းႏွစ္ နိုင္ငံစလုံး သည္ အာရွတိုက္ ရွိ အျခားေသာနိုင္ငံ မ်ားကဲ့သို႔ မဟုတ္ဘဲ ႀကီးမားေသာ ေရာဂါပ်ံ့ႏွံ႕မႈမ်ားျဖစ္ေပၚျခင္းမရွိ ေသးေသာ္လည္း ျမန္မာ နိုင္ငံ တြင္ တစ္လမျပည့္မီ အခ်ိန္အတြင္း ပိုးေတြ႕လူနာ ၂,၀၀၀ ေက်ာ္ ေတြ႕ရွိ ခဲ့ေသာေၾကာင့္ ထိုင္းနိုင္ငံက သတိထားကာ လုံၿခဳံေရး တိုးျမႇင့္ ထားသည္။

ထိုင္း ႐ုပ္ သံလိုင္းမ်ား က ေဖာ္ျပေသာသတင္းမ်ားတြင္ ေ႐ြ႕လ်ားစစ္ေဆးေရးကားမ်ားျဖင့္ နယ္ၿမိဳ႕ ေဒသခံမ်ားႏွင့္ ျမန္မာေ႐ႊ႕ေျပာင္း ေနထိုင္ သူမ်ားအား တန္းစီခိုင္း၍ စစ္ေဆးေနသည္ကို ျမင္ေတြ႕ရ သည္။ မၾကာမီ က ျမန္မာနိုင္ငံမွ တရားမဝင္ ဝင္ေရာက္လာသူမ်ား အား မၾကာ ခဏ ဖမ္းမိခဲ့ၿပီးေနာက္ တရားမဝင္ ဝင္ေရာက္သူမ်ားမရွိ ေစေရးထိုင္း စစ္သားမ်ားက ၎ တို႔နိုင္ငံထဲသို႔ ခိုးဝင္သူမ်ား အသုံး ျပဳေလ့ ရွိ သည့္ ေတာတြင္းလမ္း ေၾကာင္းမ်ားတြင္ သံဆူးႀကိဳးမ်ား ကာရံထားသည္။ နိုင္ငံတြင္းသို႔ ျပန္လာေသာ ထိုင္းနိုင္ငံသားမ်ား ႏွင့္ ခြင့္ျပဳခ်က္ ရွိေသာ နိုင္ငံျခား သားမ်ားကို ဝင္ခြင့္ျပဳမည္ျဖစ္ေသာ္ လည္း ၎တို ႔အားလုံး အ သြားအလာကန႔္သတ္ေနထိုင္ရ မည္ျဖစ္ေၾကာင္း ထိုင္း အရာရွိမ်ား က ေၾကညာထားသည္။

ျမန္မာ နိုင္ငံတြင္ ေရာဂါကူး စက္မႈ ျပန္လည္ျမင့္ တက္လာ ေသာေၾကာင့္ ေနအိမ္၌သာ ေန ၾကရန္ ၫႊန္ၾကားခ်က္မ်ားထုတ္ျပန္ကာ စာသင္ေက်ာင္း မ်ား ပိတ္ ထားၿပီး ျပည္တြင္းေလေၾကာင္း ခရီးစဥ္မ်ား ရပ္ဆိုင္း၍ မျဖစ္မေန မဟုတ္ေသာ ခရီးသြား လာျခင္းကိုတားျမစ္ထားသည္ ။

Ref: Reuters

Source;7day.news

unicode

တ ရား မဝင်ရွှေ့ ပြောင်းနေ ထိုင်သူများ ကို ကာ ကွယ်ရေး အတွက် မြန်မာနိုင်ငံနှင့် နယ်စပ် တစ်လျှောက် တွင် ထိုင်းစစ်တပ် က သံဆူး    ကြိုး များ ကာရံက ာ နေရပ်ပြန် ထိုင်းနိုင်ငံသား များနှင့် ခွင့်ပြုချက် ရှိသော နိုင်ငံခြားသားများမှလွဲ ၍ ဝင်ရောက်ခွင့် ပိတ်ပင်ရန်  ကြာ နေ့ကစ၍ တားမြစ်ထား သည်။

မြန်မာ နိုင်ငံတွင် ကိုရိုနာဗိုင်း ရပ်စ်ပျံ့နှံ့မှု ဒုတိယလှိုင်းနှင့် ကြုံနေစဉ် ထိုင်းအရာရှိများက နယ်စပ် အနီးရှိမြို့များတွင် COVID-19 စစ်ဆေးမှု များ ပြုလုပ်ကာ နယ်စပ် တစ်လျှောက် လုံခြုံရေးကို အထူး တင်းကျပ် ထားသည်။

ယင်းနှစ် နိုင်ငံစလုံး သည် အာရှတိုက် ရှိ အခြားသောနိုင်ငံ များကဲ့သို့ မဟုတ်ဘဲ ကြီးမားသော ရောဂါပျံ့နှံ့မှုများဖြစ်ပေါ်ခြင်းမရှိ သေးသော်လည်း မြန်မာ နိုင်ငံ တွင် တစ်လမပြည့်မီ အချိန်အတွင်း ပိုးတွေ့လူနာ ၂,၀၀၀ ကျော် တွေ့ရှိ ခဲ့သောကြောင့် ထိုင်းနိုင်ငံက သတိထားကာ လုံခြုံရေး တိုးမြှင့် ထားသည်။

ထိုင်း ရုပ် သံလိုင်းများ က ဖော်ပြသောသတင်းများတွင် ရွေ့လျားစစ်ဆေးရေးကားများဖြင့် နယ်မြို့ ဒေသခံများနှင့် မြန်မာရွှေ့ပြောင်း နေထိုင် သူများအား တန်းစီခိုင်း၍ စစ်ဆေးနေသည်ကို မြင်တွေ့ရ သည်။ မကြာမီ က မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများ အား မကြာ ခဏ ဖမ်းမိခဲ့ပြီးနောက် တရားမဝင် ဝင်ရောက်သူများမရှိ စေရေးထိုင်း စစ်သားများက ၎င်း တို့နိုင်ငံထဲသို့ ခိုးဝင်သူများ အသုံး ပြုလေ့ ရှိ သည့် တောတွင်းလမ်း ကြောင်းများတွင် သံဆူးကြိုးများ ကာရံထားသည်။ နိုင်ငံတွင်းသို့ ပြန်လာသော ထိုင်းနိုင်ငံသားများ နှင့် ခွင့်ပြုချက် ရှိသော နိုင်ငံခြား သားများကို ဝင်ခွင့်ပြုမည်ဖြစ်သော် လည်း ၎င်းတို ့အားလုံး အ သွားအလာကန့်သတ်နေထိုင်ရ မည်ဖြစ်ကြောင်း ထိုင်း အရာရှိများ က ကြေညာထားသည်။

မြန်မာ နိုင်ငံတွင် ရောဂါကူး စက်မှု ပြန်လည်မြင့် တက်လာ သောကြောင့် နေအိမ်၌သာ နေ ကြရန် ညွှန်ကြားချက်များထုတ်ပြန်ကာ စာသင်ကျောင်း များ ပိတ် ထားပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များ ရပ်ဆိုင်း၍ မဖြစ်မနေ မဟုတ်သော ခရီးသွား လာခြင်းကိုတားမြစ်ထားသည် ။

Ref: Reuters

Source;7day.news