Makro ေဈးဝယ္္ စင္တာ မွ ဝန္ထမ္း (၁) ဦး တြင္ ကိုဗစ္ ပိုးေတြ႕ Makro Myanmar ယာယီ ပိတ္ထား ၊ ပိုးေတြ႕ဝန္ထမ္း နဲ႕ အနီးကပ္ထိ ေတြ႕တဲ့ ဝန္ထမ္း (၁၁)ဦးရွိ

ပိုးေတြ႕ ဝန္ထမ္း ဟာ အသက္ ( ၂၂ ) ႏွစ္ အ႐ြယ္ အမ်ိဳးသား တစ္ဦးျဖစ္ၿပီး ေဒါပုံၿမိဳ႕နယ္ မွာ ေနထိုင္သူျဖစ္ တယ္ လို႔ သိရ ပါ တယ္။Makro ေဈးဝယ္ စင္တာ က ေငြရွင္းဌာန မွာ အလုပ္လုပ္ကိုင္ တဲ့ ဝန္ထမ္း တစ္ဦး မွာ ကိုဗစ္-၁၉ ပိုးေတြ႕ရွိခဲ့ၿပီး အဆိုပါ ပိုးေတြ႕ဝန္ထမ္းနဲ႕အနီးကပ္ထိေတြ ႕တဲ့ ဝန္ထမ္း (၁၁) ဦးရွိၿပီး သူတို႔ကို ဓာတ္ခြဲနမူ နာရယူ စစ္ေဆးမွာျဖစ္တယ္ လို႔ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရန္ေအာင္က ေျပာပါတယ္။

“အခုပိုးေတြ႕တဲ့လူနာက ေဈးဝယ္သူေတြ နဲ႕ အၿမဲထိေတြ႕ တဲ့သူေတာ့ မဟုတ္ဘူး။ ေငြကိုင္ In Charge သေဘာမ်ိဳးေပါ့ ။ ညေနပိုင္း ဆိုရင္ Cashier ဝန္ထမ္း (၁၁) ေယာက္က သူ႕ဆီမွာ ေငြအပ္ရတယ္ ။ သူတို႔က နီးနီး ကပ္ကပ္ထိေတြ႕တဲ့သူေတြေပါ့ ။ အခုလူနာ နဲ႕ ထိေတြ႕တဲ့ ဝန္ထမ္း (၁၁) ေယာက္ ရဲ႕ စစ္ေဆးခ်က္အေျဖေပၚမူတည္ၿပီးေတာ့ ကိုဗစ္ေကာ္မတီက ေဆာင္႐ြက္သြားဖို႔ ရွိပါတယ္” လို႔ ဦးရန္ေအာင္က ဆိုပါတယ္ ။

စက္တင္ဘာ ၁၁ ရက္ေန႕ေလာက္က ဖ်ားနာ လို႔ ၿမိဳ႕နယ္အတြင္းက Fever Clinic ကတစ္ဆင့္ ရန္ကုန္ေဆး႐ုံ ႀကီးကို သြားေရာက္ျပသခဲ့တာပါ။ ေဆး႐ုံမွာေစာင့္ၾကည့္လူနာအျဖစ္ ကုသမႈခံယူရင္း ဓာတ္ခြဲစစ္ေဆးရာ ကိုဗစ္-၁၉ ပိုးေတြ႕ရွိခဲ့ေၾကာင္း စက္တင္ဘာ (၁၃) ရက္ ည (၈) နာရီ မွာ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန က သတင္းထုတ္ျပန္ခဲ့ပါတယ္။

လက္ရွိေတာ့ Makro ေဈးဝယ္စင္တာ ဧရိယာ တစ္ခုလုံး၊ စက္ပစၥည္းကိရိယာအားလုံးကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ လမ္းၫြန္ခ်က္နဲ႕ အညီ ပိုးသတ္ေဆးျဖန္းတာေတြ လုပ္သြားမွာျဖစ္ၿပီး စင္တာ ကိုလည္း ယာယီပိတ္ထား ဖို႔ သက္ဆိုင္ရာ ကိုဗစ္ေကာ္မတီက ၫြန္ၾကားထားၿပီးျဖစ္တယ္ လို႔လည္းသိရပါတယ္။

လက္ရွိ ပိုးေတြ႕ဝန္ထမ္းနဲ႕ အနီးကပ္ အလုပ္လုပ္ခဲ့ၾကတဲ့ ဝန္ထမ္းေတြ ကို ေနအိမ္ ကြာ ရန္တင္း၊ Facility ကြာရန္တင္း စင္တာေတြမွာ အသြားအလာ ကန႔္သတ္သြားမယ္လို႔လည္း Makro ျမန္မာ က သတင္းထုတ္ျပန္ထား ပါတယ္ ။

Source;Duwun

unicode

ပိုးတွေ့ ဝန်ထမ်း ဟာ အသက် ( ၂၂ ) နှစ် အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး ဒေါပုံမြို့နယ် မှာ နေထိုင်သူဖြစ် တယ် လို့ သိရ ပါ တယ်။Makro ဈေးဝယ် စင်တာ က ငွေရှင်းဌာန မှာ အလုပ်လုပ်ကိုင် တဲ့ ဝန်ထမ်း တစ်ဦး မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့ဝန်ထမ်းနဲ့အနီးကပ်ထိတွေ ့တဲ့ ဝန်ထမ်း (၁၁) ဦးရှိပြီး သူတို့ကို ဓာတ်ခွဲနမူ နာရယူ စစ်ဆေးမှာဖြစ်တယ် လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။

“အခုပိုးတွေ့တဲ့လူနာက ဈေးဝယ်သူတွေ နဲ့ အမြဲထိတွေ့ တဲ့သူတော့ မဟုတ်ဘူး။ ငွေကိုင် In Charge သဘောမျိုးပေါ့ ။ ညနေပိုင်း ဆိုရင် Cashier ဝန်ထမ်း (၁၁) ယောက်က သူ့ဆီမှာ ငွေအပ်ရတယ် ။ သူတို့က နီးနီး ကပ်ကပ်ထိတွေ့တဲ့သူတွေပေါ့ ။ အခုလူနာ နဲ့ ထိတွေ့တဲ့ ဝန်ထမ်း (၁၁) ယောက် ရဲ့ စစ်ဆေးချက်အဖြေပေါ်မူတည်ပြီးတော့ ကိုဗစ်ကော်မတီက ဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့ ဦးရန်အောင်က ဆိုပါတယ် ။

စက်တင်ဘာ ၁၁ ရက်နေ့လောက်က ဖျားနာ လို့ မြို့နယ်အတွင်းက Fever Clinic ကတစ်ဆင့် ရန်ကုန်ဆေးရုံ ကြီးကို သွားရောက်ပြသခဲ့တာပါ။ ဆေးရုံမှာစောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူရင်း ဓာတ်ခွဲစစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ (၁၃) ရက် ည (၈) နာရီ မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိတော့ Makro ဈေးဝယ်စင်တာ ဧရိယာ တစ်ခုလုံး၊ စက်ပစ္စည်းကိရိယာအားလုံးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်နဲ့ အညီ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်သွားမှာဖြစ်ပြီး စင်တာ ကိုလည်း ယာယီပိတ်ထား ဖို့ သက်ဆိုင်ရာ ကိုဗစ်ကော်မတီက ညွန်ကြားထားပြီးဖြစ်တယ် လို့လည်းသိရပါတယ်။

လက်ရှိ ပိုးတွေ့ဝန်ထမ်းနဲ့ အနီးကပ် အလုပ်လုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေ ကို နေအိမ် ကွာ ရန်တင်း၊ Facility ကွာရန်တင်း စင်တာတွေမှာ အသွားအလာ ကန့်သတ်သွားမယ်လို့လည်း Makro မြန်မာ က သတင်းထုတ်ပြန်ထား ပါတယ် ။

Source;Duwun