ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဟင်္သာတပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးဦး ၏ နေအိမ် ကို အမည် မသိသူများက ကုန်းသီးဖြင့် လာရောက်ပစ်ခတ်







unicode

ဟင်္သာတ ၊ စက်တင်ဘာ ၁၄ရက်

နေအိမ်ရှိမှန်များ ကွဲကြေသွား ၍ ရဲစခန်းတွင် အမှုဖွင့်ထားဟင်္သာတပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးဦး၏ ဟင်္သာတ နေအိမ်ကို အမည်မသိသူများက ကုန်းသီးဖြင့် လာရောက်ပစ်ခတ်ခဲ့၍ နေအိမ်ရှိ ပြတင်းမှန်များ ကွဲကြေပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဦးဌေးဦးသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မည့်သူဖြစ်ကာ ယခင် က အဆိုပါ ပါတီ ၏ အထွေထွေး အတွင်းရေးမှူး၊ ဒုတိယဥက္ကဌ စသည့် တာဝန်များကို ယူခဲ့သူလည်းဖြစ် သည်။

ဧရာဝတီတိုင်းရဲတပ်ဖွဲ့ မှ ပြောရေးဆိုခွင့်ရ ဒုတိယရဲမှူးကြီးက “ ရဲစခန်း မှာ လာပြီးအမှုဖွင့်ထားပါတယ် ။ အမှုလက်ခံပြီး စုံစမ်းဖော် ထုတ်နေပါတယ် ” ဟု Myanmar Harp ကိုပြောသည် ။

အခင်းဖြစ်စဉ်သည် စက်တင်ဘာလ ၁၁ရက်နေ့က ဖြစ်ခဲ့ခြင်းဖြစ်သည်။

Source; နောင်နောင်/Myanmar Harp