ဂ်ပန္္ ၏ ပဲ့ထိန္း ဒုံးက်ည္ ကာကြယ္ေရး စနစ္ အဆင့္ျမႇင့္ တင္ရန္ ဝန္ႀကီးခ်ဳပ္ အာေဘး က တိုက္ တြန္း

ဂ်ပန္္ ႏိုင္ငံ ၏ ပဲ့ထိန္း ဒုံးက်ည္ ကာကြယ္ေရး မ်ား ကို အဆင့္ျမႇင့္္ ရန္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး က စက္တင္ဘာ ၁၁ ရက္ တြင္ တိုက္တြန္း ခဲ့ရာ ႏိုင္ငံ၏ စစ္ေရးစြမ္းပကားမ်ားကို ကန႔္သတ္ထားသည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ အတြက္ အျငင္းပြားဖြယ္ အဆိုျပဳခ်က္ တစ္ရပ္ျဖစ္လာရန္ အလားအလာ ရွိေစ ခဲ့သည္။

က်န္းမာ ေရး အေျခအေနေၾကာင့္ ဝန္ႀကီးခ်ဳပ္ရာထူး မွ ႏုတ္ထြက္ရန္ ဆုံးျဖတ္ခဲ့သည့္ အာေဘးသည္ ဝန္ႀကီးခ်ဳပ္အျဖစ္ ရွိေနေသးသည့္ ေနာက္္ ဆုံးေန႔ရက္မ်ားတြင္ ကာကြယ္ေရးႏွင့္ပတ္သက္ သည့္ အေရးႀကီး ကိစၥရပ္ကို ထုတ္ေဖာ္ခဲ့ျခင္းျဖစ္သည္ဟု ကြၽမ္းက်င္သူမ်ား က သုံးသပ္္ ခဲ့သည္။

ေျမာက္္ ကိုရီးယား ၏ ပဲ့ထိန္းဒုံးက်ည္ ၿခိမ္းေျခာက္မႈမ်ားအား ရည္ၫႊန္းလ်က္ ဂ်ပန္ႏိုင္ငံ ၏ လုံၿခဳံေရးအေနအထား သည္ ပိုမိုစမ္းသပ္ခံေနရ သည့္ အေနအထားတြင္ ရွိလာေၾကာင္း အာေဘးက သတိေပးခဲ့ၿပီး အဆိုပါ ပဲ့ထိန္းဒုံးက်ည္မ်ား အား ဂ်ပန္၏ ကိုယ္ပိုင္ဒုံးက်ည္ ကာကြယ္ေရး စနစ္မ်ားႏွင့္ ကာကြယ္ႏိုင္စြမ္း ရွိ၊ မရွိ ေမးခြန္းထုတ္ခဲ့သည္။

“ ဒုံးက်ည္ ကာကြယ္ ေရး အဟန႔္အတားကို ပိုၿပီးျမႇင့္တင္ဖို႔လိုတယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ဒါမွသာ ဂ်ပန္ႏိုင္ငံကို ပဲ့ထိန္းဒုံးက်ည္ေတြ၊ အျခား အရာေတြနဲ႔ တိုက္ခိုက္လာႏိုင္မယ့္ အႏၲရာယ္ ကို ေလွ်ာ့ခ်ရာ ေရာက္ပါလိမ့္မ ယ္” ဟု အာေဘးက ေျပာၾကားခဲ့သည္။

ယင္း ကဲ့ သို႔ တိုက္ခိုက္မႈမ်ား ကို ဟန႔္တားရန္အတြက္ ဂ်ပန္အစိုးရအဖြဲ႕အေနျဖင့္ ဒုံးက်ည္ မူဝါဒအသစ္ ေရးဆြဲရန္အတြက္ စဥ္းစားသုံးသပ္ခဲ့ၾက သည္။

ယင္း ကဲ့သို ဒုံးက်ည္မူဝါဒ အသစ္ ေရးဆြဲရန္အတြက္ ေဆြးေႏြးမႈမ်ားသည္လည္း ဖြဲ႕စည္းပုံဥပေဒ၏ ေဘာင္အတြင္းတြင္ ရွိရမည္ျဖစ္ၿပီး ႏိုင္ငံ တကာဥပေဒႏွင့္ ကိုက္ညီရမည္ဟု အာေဘးက ေျပာၾကားခဲ့သည္။

သို႔ေသာ္ ဂ်ပန္ သည္ တိုက္ခိုက္ေရး စြမ္းပကား ရရွိလာဖြယ္ရွိေနသည့္အခ်က္က အဟန႔္အတားႏွင့္ လုံၿခဳံေရးဆိုသည့္ ေဝါဟာရမ်ား သုံးႏႈန္းေန သည့္ အခ်က္ကို အျငင္းပြားဖြယ္ျဖစ္ေစခဲ့သည္။

LDP ပါတီ ၏ ၫြန႔္ေပါင္းမိတ္ဖက္ ပါတီ Komeito က ထိုးစစ္အသြင္ေဆာင္သည့္ မည္သည့္စစ္ေရးခ်ဲ႕ထြင္မႈမ်ိဳးကိုမဆို အခိုင္အမာဆန႔္က်င္ ခဲ့ျခင္းေၾကာင့္ အာေဘး၏ ကာကြယ္ေရးအင္အား ျမႇင့္တင္မည့္အႀကံျပဳခ်က္မ်ားကို ကန႔္ကြက္ဖြယ္ ရွိေနသည္။

ဒုတိယ ကမာၻစစ္အၿပီး ဖြဲ႕စည္းပုံအေျခခံ ဥပေဒအရ ဂ်ပန္စစ္တပ္သည္ မိမိကိုယ္ကိုယ္ ကာကြယ္ရန္သာ ကန႔္သတ္ခံခဲ့ရၿပီး အေမရိကန္ႏွင့္ လုံၿခဳံေရး မဟာမိတ္ သေဘာတူညီခ်က္အရ ကာကြယ္ေရးႏွင့္ပတ္သက္ၿပီး အေမရိကန္အေပၚ မွီခိုခဲ့ ရသည္။

၂၀၁၇ ခုႏွစ္ တြင္ ဂ်ပန္ အစိုးရသည္ လာမည့္ႏွစ္ေပါင္း ၃၀ အတြင္း ခန႔္မွန္းေျခ ေဒၚလာ ၄.၂ ဘီလ်ံကုန္က်မည့္ Aegis Ashore အမည္ရွိ ဒုံးက်ည္ကာကြယ္ေရး စနစ္ ဝယ္ယူရန္ အတည္ျပဳခဲ့ သည္ ။

သို႔ေသာ္ လည္း အ ဆိုပါ ဒုံးက်ည္ ကာကြယ္ေရးစနစ္အေပၚ ျပည္သူမ်ား၏ စိုးရိမ္မႈမ်ားေၾကာင့္ ကာကြယ္ေရးစနစ္ ျဖန႔္ၾကက္ခ်ထား မည့္ အစီ အစဥ္ ကို ယခုႏွစ္အေစာပိုင္းက ျပန္လည္ဖ်က္ သိမ္း ခဲ့သည္္။

unicode

ဂျပန်် နိုင်ငံ ၏ ပဲ့ထိန်း ဒုံးကျည် ကာကွယ်ရေး များ ကို အဆင့်မြှင့်် ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က စက်တင်ဘာ ၁၁ ရက် တွင် တိုက်တွန်း ခဲ့ရာ နိုင်ငံ၏ စစ်ရေးစွမ်းပကားများကို ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတွက် အငြင်းပွားဖွယ် အဆိုပြုချက် တစ်ရပ်ဖြစ်လာရန် အလားအလာ ရှိစေ ခဲ့သည်။

ကျန်းမာ ရေး အခြေအနေကြောင့် ဝန်ကြီးချုပ်ရာထူး မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည့် အာဘေးသည် ဝန်ကြီးချုပ်အဖြစ် ရှိနေသေးသည့် နောက်် ဆုံးနေ့ရက်များတွင် ကာကွယ်ရေးနှင့်ပတ်သက် သည့် အရေးကြီး ကိစ္စရပ်ကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများ က သုံးသပ်် ခဲ့သည်။

မြောက်် ကိုရီးယား ၏ ပဲ့ထိန်းဒုံးကျည် ခြိမ်းခြောက်မှုများအား ရည်ညွှန်းလျက် ဂျပန်နိုင်ငံ ၏ လုံခြုံရေးအနေအထား သည် ပိုမိုစမ်းသပ်ခံနေရ သည့် အနေအထားတွင် ရှိလာကြောင်း အာဘေးက သတိပေးခဲ့ပြီး အဆိုပါ ပဲ့ထိန်းဒုံးကျည်များ အား ဂျပန်၏ ကိုယ်ပိုင်ဒုံးကျည် ကာကွယ်ရေး စနစ်များနှင့် ကာကွယ်နိုင်စွမ်း ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့သည်။

“ ဒုံးကျည် ကာကွယ် ရေး အဟန့်အတားကို ပိုပြီးမြှင့်တင်ဖို့လိုတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါမှသာ ဂျပန်နိုင်ငံကို ပဲ့ထိန်းဒုံးကျည်တွေ၊ အခြား အရာတွေနဲ့ တိုက်ခိုက်လာနိုင်မယ့် အန္တရာယ် ကို လျှော့ချရာ ရောက်ပါလိမ့်မ ယ်” ဟု အာဘေးက ပြောကြားခဲ့သည်။

ယင်း ကဲ့ သို့ တိုက်ခိုက်မှုများ ကို ဟန့်တားရန်အတွက် ဂျပန်အစိုးရအဖွဲ့အနေဖြင့် ဒုံးကျည် မူဝါဒအသစ် ရေးဆွဲရန်အတွက် စဉ်းစားသုံးသပ်ခဲ့ကြ သည်။

ယင်း ကဲ့သို ဒုံးကျည်မူဝါဒ အသစ် ရေးဆွဲရန်အတွက် ဆွေးနွေးမှုများသည်လည်း ဖွဲ့စည်းပုံဥပဒေ၏ ဘောင်အတွင်းတွင် ရှိရမည်ဖြစ်ပြီး နိုင်ငံ တကာဥပဒေနှင့် ကိုက်ညီရမည်ဟု အာဘေးက ပြောကြားခဲ့သည်။

သို့သော် ဂျပန် သည် တိုက်ခိုက်ရေး စွမ်းပကား ရရှိလာဖွယ်ရှိနေသည့်အချက်က အဟန့်အတားနှင့် လုံခြုံရေးဆိုသည့် ဝေါဟာရများ သုံးနှုန်းနေ သည့် အချက်ကို အငြင်းပွားဖွယ်ဖြစ်စေခဲ့သည်။

LDP ပါတီ ၏ ညွန့်ပေါင်းမိတ်ဖက် ပါတီ Komeito က ထိုးစစ်အသွင်ဆောင်သည့် မည်သည့်စစ်ရေးချဲ့ထွင်မှုမျိုးကိုမဆို အခိုင်အမာဆန့်ကျင် ခဲ့ခြင်းကြောင့် အာဘေး၏ ကာကွယ်ရေးအင်အား မြှင့်တင်မည့်အကြံပြုချက်များကို ကန့်ကွက်ဖွယ် ရှိနေသည်။

ဒုတိယ ကမ္ဘာစစ်အပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဂျပန်စစ်တပ်သည် မိမိကိုယ်ကိုယ် ကာကွယ်ရန်သာ ကန့်သတ်ခံခဲ့ရပြီး အမေရိကန်နှင့် လုံခြုံရေး မဟာမိတ် သဘောတူညီချက်အရ ကာကွယ်ရေးနှင့်ပတ်သက်ပြီး အမေရိကန်အပေါ် မှီခိုခဲ့ ရသည်။

၂၀၁၇ ခုနှစ် တွင် ဂျပန် အစိုးရသည် လာမည့်နှစ်ပေါင်း ၃၀ အတွင်း ခန့်မှန်းခြေ ဒေါ်လာ ၄.၂ ဘီလျံကုန်ကျမည့် Aegis Ashore အမည်ရှိ ဒုံးကျည်ကာကွယ်ရေး စနစ် ဝယ်ယူရန် အတည်ပြုခဲ့ သည် ။

သို့သော် လည်း အ ဆိုပါ ဒုံးကျည် ကာကွယ်ရေးစနစ်အပေါ် ပြည်သူများ၏ စိုးရိမ်မှုများကြောင့် ကာကွယ်ရေးစနစ် ဖြန့်ကြက်ချထား မည့် အစီ အစဉ် ကို ယခုနှစ်အစောပိုင်းက ပြန်လည်ဖျက် သိမ်း ခဲ့သည််။