အီရတ်နိုင်ငံ မှာ ဖမ်းဆီးခံထားရ တဲ့ ဓါးစာခံ (၇၅) ဦး ကို ကယ်ဆယ် ခဲ့တဲ့ စစ်သူရဲကောင်း ကို သမ္မတထရန့် ကိုယ်တိုင် ဂုဏ်ပြုဆု ချီးမြှင့်

အီရတ် နိုင်ငံ မှာ ဖမ်းဆီး ခံထားရ တဲ့ ဓါးစာခံ (၇၅)ဦး ကို စွန့်စွန့် စားစား ကယ်တင် ခဲ့တဲ့ အရာခံဗိုလ် သောမတ်စ် ပက်ထရစ် ပေး ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ပ် ကိုယ်တိုင် ဂုဏ်ထူး ဆောင် ဆုတံဆိပ် ပေးအပ် ချီးမြှင့် ခဲ့ ပါ တယ် ။ဒါ့အပြင် အမေရိကန်နိုင်ငံသားတွေ ရဲ့ ရဲစွမ်းသတ္တိကို ပြသခဲ့တဲ့ အတွက် အမြင့်ဆုံး ဂုဏ်ထူးဆောင် ဆုတံဆိပ် ချီးမြှင့်ခံရဖို့ ထိုက်တန်တယ်လို့ ချီးကျူးစကား ပြောခဲ့ပါတယ်။

အဲဒီ ဂုဏ်ပြုပွဲအခမ်းအနားကို အမေရိကန် ဆန့်ကျင်ရေး သမား တွေဖြစ်တဲ့ အယ်လ်ကိုင်ဒါ အစ္စလာမ် အကြမ်းသဖားတွေ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ကို တိုက်ခိုက်ခဲ့တဲ့ ၁၉နှစ်မြောက် နှစ်ပတ်လည်နေ့ ( စက်တင်ဘာလ၊ ၁၁ရက်) က အိမ်ဖြူတော်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။အရာခံဗိုလ် သောမတ်စ် ပက်ထရစ်ပေး ကို ချီးမြှင့်ခဲ့တဲ့ Medal of Honor ဆုတံဆိပ်က အမေရိကန် တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေအတွက် အမြင့်ဆုံး ဂုဏ်ထူးဆောင် ဆုတံဆိပ်တစ်ခု ဖြစ် ပါတယ်။အရာခံဗိုလ် သောမတ်စ် ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်တာနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က ထုတ်ပြန်ကြေညာရာမှာ…

“ ဓါးစာခံ ၃၈ယောက် ကို လွှတ်ပေးပြီးတဲ့ အချိန် မှာ အရာခံဗိုလ် သောမတ်စ်က အကာအကွယ်ယူထားတဲ့ နေရာကနေ ထွက်သွားပြီးသူတို့အဖွဲ့ကို တရစပ်ပစ်နေတဲ့ ရန်သူတွေရဲ့ အဆောက် အဦး ခေါင်မိုးပေါ် ကို တက် သူ့မှာပါတဲ့ လက်နက်ငယ်၊ လက်ပစ်ဗုံးတွေနဲ့ အဆောက်အဦးထဲက ရန်သူတွေကို တိုက်ခိုက်ခဲ့တယ်။ ““ အဲဒီနောက် အဆောက်အဦးထဲ မှာ ဖမ်းခံထားရတဲ့ ဓါးစာခံ ၃၇ယောက်ကို မီးတောက်တွေကြားကနေ ရဲရဲဝံ့ဝံ့ သက်စွန့်စံဖျား ကယ်ဆယ်ခဲ့တယ်။“လို့ ဖော်ပြထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ကလည်း အဲဒီ ကယ်ဆယ်မှုက အမေရိကန် သမိုင်းတလျောက် အရဲရင့်ဆုံး စစ်ဆင်ရေးတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။အရာခံဗိုလ် သောမတ်စ် ကတော့…“၂၀၁၅ခုနှစ် ၊ အောက်တိုဘာလ၊ ၂၂ရက် ဓါးစာခံ ကယ်ဆယ်ရေး ကြိုးပမ်းမှုက ပြည်သူတွေရဲ့ အသက်၊ လွတ်လပ်ခြင်း နဲ့ ပျော်ရွှင်ခြင်းအတွက် အမေရိကန်နိုင်ငံ ရဲ့ ကတိသစ္စာကို အလေးအနက် သက်သေထူ ခဲ့တယ်။ ““အဲဒီ ဓါးစာခံ ကယ်ဆယ်ရေး အောင်မြင်ဖို့ အတွက် တပ်ကြပ်ကြီး ဂျော့ရှ်ဝှီလာက အပါအဝင် အထူးစစ်ဆင်ရေး ဌာနချုပ်က တပ်သားတွေ ရဲရဲဝံ့ဝံ့ အသက်စတေးခဲ့ကြ တယ်။ “

“ ကျွန်တော် တို့ ရဲဘော်ရဲ‌ဘက်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုက တကယ့်ကို လေးစားအတုယူဖို့ ကောင်းတယ် အမေရိကန်လူမျိုးတစ်ယောက် ဖြစ်ရတဲ့အတွက် ဂုဏ်တက်စေခဲ့တယ်။ဂုဏ်ထူးဆောင် ဆုတံဆိပ် နဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်မျိုးက အမေရိကန်လူမျိုးတိုင်းရဲ့ နှလုံးသားထဲမှာ ကိန်းဝပ်နေပြီးသားပါ “လို့ ဂုဏ်ပြုပွဲ အခမ်းအနားမှာ အမှတ်တရ စကား ပြောခဲ့ပါတယ်။Army News Service မီဒီယာ နဲ့ တွေ့ဆုံရာမှာတော့ အရာခံဗိုလ် သောမတ်စ် ပက်ထရစ်က “ကျွန်တော်တို့ ရောက်သွား တဲ့ အချိန်က တကယ့် အချိန်ကောင်း ဖြစ်ခဲ့တယ်။

တကယ် ဆို သူတို့က ဓါးစာခံတွေ ကို မြှုပ်ဖို့ တွင်းတွေတောင် တူးထားပြီးပြီ။ ကျွန်တော်တို့သာ ရောက်မသွားရင် ဓါးစာခံတွေကို ကွပ်မျက်ကြတော့မှာ“ လို့ ပြောပြခဲ့ပါတယ်။ဓါးစာခံ ကယ်ဆယ်တဲ့ စစ်ဆင်ရေး ပြီးဆုံးသွားချိန်မှာ အမေရိကန် တပ်မတော်က အရာခံဗိုလ် သောမတ်စ် ရဲ့ စွမ်းဆောင်မှုကို အသိမှတ်ပြုတဲ့အနေ နဲ့ တပ်မတော်ရဲ့ ဒုတိယ အမြင့်ဆုံးဆု ဖြစ်တဲ့ Distinguished Service Cross ပေးအပ်ချီးမြှင့်ခဲ့ ပါတယ်။ယခုလက်ရှိ အမေရိကန် ကြည်းတ ပ်ရဲ့ အထူးစစ်ဆင်ရေး ဌာနချုပ်မှာ နည်းပြတာဝန် ထမ်းဆောင်နေ တဲ့ အရာခံဗိုလ် သောမတ်စ်က ၂၀၀၂ခုနှစ်ကတည်းက အမေရိကန် စစ်တပ်ထဲ ဝင်ရောက်ခဲ့ သူ ဖြစ်ပါတယ်။၂၀၁၀ခုနှစ်က အာဖဂန်နစ္စတန် စစ်ဆေးရေးတစ်ခု မှာ ဒဏ်ရာရရှိခဲ့ပြီး Purple Heart ဆု ချီးမြှင့်ခံခဲ့ရ သလို ၂၀၁၂ခုနှစ် The Best Ranger ပြိုင်ပွဲမှာ အဖွဲ့လိုက် ဗိုလ်စွဲခဲ့ဖူးပါတယ်။

CRD – ChannelKeyMyanmar