သမ္မတ Trump အတွက် မဲဆွယ် ပေးရန် ဆိုသော အကြောင်း ပြချက်ဖြင့် တရုတ်ပြည် ဆိုင်ရာ အမေရိကန် သံအမတ်ကြီး တာဝန် နုတ်ထွက်ပြီး အမေရိကန် သို့ ပြန်

တရုတ်ပြည် ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဟာ အောက်တိုဘာ နောက်ဆုံး အပါတ် မှာ ရာထူး က ထွက်ပြီး သမ္မတTrump 2020 ရွေးကောက် ပွဲ အနိုင်ရရှိရေး အတွက် ကူညီဖို့ မြေပေါ်ခြေ ပြန်ချ လိမ့်မယ်လို့ တရုတ်နိုင်ငံ ရှိ US သံရုံးက တနင်္လာနေ့တုန်း က ကြေငြာချက်ထုတ်ပြန် လိုက် ပါတယ်။



Thein Lwin

unicode

တရုတ်ပြည် ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဟာ အောက်တိုဘာ နောက်ဆုံး အပါတ် မှာ ရာထူး က ထွက်ပြီး သမတTrump 2020 ရွေးကောက် ပွဲ အနိုင်ရရှိရေး အတွက် ကူညီဖို့ မြေပေါ်ခြေ ပြန်ချ လိမ့်မယ်လို့ တရုတ်နိုင်ငံ ရှိ US သံရုံးက တနင်္လာနေ့တုန်း က ကြေငြာချက်ထုတ်ပြန် လိုက် ပါတယ်။

“သံအမတ် ကြီး Terry Branstad ဟာ US နဲ့ တရုတ် ဆက်ဆံေ ရး ကို တန်းတူညီမျှ ဖြစ်အောင် ကူညီ လုပ်ဆောင်ပေးခဲ့ တာကြောင့် ရလာဒ် များအပေါ်အခြေခံ၍ အပြန်အလှန်မျှတမှု ရှိပါလိမ့်မယ်။ဒီလုပ်ဆောင်မှု ဟာ အာရှ- ပိစိဖိတ် ဒေသ အတွက်ထား ရှိမယ့် US ရဲ့ နိုင်ငံခြားရေး မူဝါဒ ကို နောင်လာမည့် ဆယ်စုများစွာ အပါင်းလက္ခဏာ အဖြစ် တည်တံ့သွားမှာဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး Pompeo က သူ့ twitter မှာရေး တာတွေ့ ရပါတယ်။သံအမတ်ကြီး ရဲ့သား Eric Branstad ဟာ Trump ရဲ့ရွေးကောက်ပွဲအနိုင် ရရှိရေး အ တွက် လက်ရှိပါဝင်ကူညီနေပါတယ်။

“Eric ရဲ့ ဖခင် ဟာ မဲဆွယ်ပွဲ မှာ ပါဝင်ချင် လို့ အိမ်ကိုပြန်လာ ပါတော့မယ်” လို့ Trump ကပြောပါတယ်။“ပထမ အဆင့် ကုန်သွယ်ရေး သဘော တူညီချက် ရရှိရေး၊ ကျနော်တို့ ရဲ့ လူမှုအသိုင်း အဝိုင်းအတွက် သိသာသောရလာဒ်ကောင်းများ ရရှိစေရေး အတွက် ကျနော့်ရဲ့ တာဝန် ထမ်းဆောင်မှုများအပေါ် ဂုဏ်ယူပါတယ်။ကျနော်တို့ ရဲ့ ရည်မှန်းချက်တွေ၊ သိသာထင်ရှား တဲ့ တိုးတက်မှုတွေ လုပ်နိုင်ခဲ့ ပါတယ်” လို့ အသက် (၇၃) နှစ် ရှိ Branstad ကပြောခဲ့ပါတယ်။Branstad ဟာ June 2017 ကတည်း က တရုတ်နိုင်ငံ သံအမတ် အဖြစ် Trump ကရွေးခြယ် ခန့်ထားခြင်းခံရ သူဖြစ် ပါတယ်။

Thein Lwin