ထိုင္း ကို ျမန္မာျပန္တင္းၾကပ္ျပီ… မနက္ျဖန္ ကစျပီး ထိုင္း-ျမန္မာ ကုန္စည္စီးဆင္းမႈ အျပန္အလွန္ကား( ၆ ) စီးစီပဲ ၀င္ခြင့္ျပဳေတာ့မည္

ထိုင္း က ကိုဗစ္ စည္းကမ္း တင္းၾကပ္္ၿပီး တဲ့ေနာက္ ျမန္မာဘက္ ကလည္း ထိုင္းဘက္္ ကို ျပန္တင္းၾကပ္ ၊ မနက္္ဖန္ ကစၿပီး ထိုင္း-ျမန္္မာ ကုန္စည္္ စီးဆင္းမႈ အျပန္အလွန္္ ကား(၆) စီးစီပဲ ခြင့္ျပဳေတာ့ မယ္

တာခ်ီလိတ္ခရိုင္က ျမန္မာ – ထိုင္းနယ္စပ္ ႏွစ္နိုင္ငံကုန္စည္ ပို႔ေဆာင္ေရးကိစၥနဲ႕ပတ္သက္ၿပီး ႏွစ္ဘက္ တာဝန္ရွိသူေတြ ဒီေန႕ စက္တင္ဘာလ (၁၆) ရက္ေန႕ မြန္းလြဲပိုင္းကေဆြးေႏြးမႈ အၿပီးမွာေတာ့ ႏွစ္နိုင္ငံ အျပန္ အလွန္ ကား(၆)စီး ပဲ ဝင္ခြင့္ျပဳေတာ့မ ယ္လို႔ ဆုံးျဖတ္ခဲ့ၾက ပါတယ္ ။ျမန္မာနိုင္ငံကေန ျမန္မာ ယာဥ္ေမာင္း ပါတဲ့ ျမန္မာနံပတ္ နဲ႕ ကား( ၆ ) စီး ကို ထိုင္းနိုင္ငံထဲ ကုန္စည္ သယ္ေဆာင္ခြင့္ အတြက္ဝင္ခြင့္ျပဳမွာျဖစ္ၿပီးေတာ့ ျမန္မာနိုင္ငံထဲ ကိုလည္း ထိုင္းနိုင္ငံက ကား(၆)စီးကိုပဲ ဝင္ခြင့္ျပဳေတာ့ မွာပါ။

အရင္တုန္းက ထိုင္းနံပါတ္ နဲ႕ကား (၂၀၃)စီး၊ ျမန္မာနိုင္ငံနံပါတ္ နဲ႕ကား(၆)စီးဟာ ထိုင္း-ျမန္မာခ်စ္ၾကည္ေရးအမွတ္(၂)တံတားကေန ႏွစ္နိုင္ငံကုန္သြယ္ေရး အတြက္ ကုန္စည္ပို႔ေဆာင္ေနၾက တာပါ။အဲဒီထိုင္းနံပါတ္ နဲ႕ကားေတြကိုေတာ့ ျမန္မာယာဥ္ေမာင္းေတြ ကလည္း ေမာင္းႏွင္မႈေတြရွိေန ပါတယ္။

ဒါေပမဲ့ မေန႕က စက္တင္ဘာလ(၁၅) ရက္ေန႕မွာေတာ့ ထိုင္းနိုင္ငံဘက္က တစ္ေန႕ကို ကုန္တင္အစီးေရ ( ၁၆၈ ) စီးပဲ ျဖတ္သန္းသြားလာခြင့္ျပဳမွာျဖစ္သလို ကိုဗစ္ စည္းကမ္းခ်က္ေတြ ကိုထုတ္ျပန္ လိုက္ၿပီး မလိုက္နာရင္ ေထာင္ဒဏ္ (၁)ႏွစ္ ဒါမွမဟုတ္ဘတ္ေငြတစ္သိန္းေပးေဆာင္ရမယ္လို႔ အမိန႔္ထုတ္ျပန္ခဲ့ပါတယ္။ဒါေၾကာင့္ ထိုင္းနိုင္ငံ ဘက္က ထုတ္ျပန္လို က္တဲ့ စည္းကမ္းခ်က္ေတြ နဲ႕ပတ္သက္ၿပီး ဒီေန႕ႏွစ္နိုင္ငံတာဝန္ရွိသူေတြ အျပန္အလွန္ေဆြးေႏြးၿပီးတဲ့ေနာက္ ကားအစီးေရ စုစုေပါင္း(၁၂)စီးအထိပဲ ကုန္သြယ္ၾကဖို႔ ဆုံးျဖတ္ လိုက္တာပါ။

“တို႔နိုင္ငံ က အခ်ဳပ္ျခာအာဏာပိုင္နိုင္ငံပဲေလ ။ သူတို႔နိုင္ငံကလည္း အခ်ဳပ္ျခာအာဏာ ပိုင္နိုင္ငံပဲေလ။ ႏွစ္နိုင္ငံ တန္းတူညီမွ်ရွိရမယ္ေလ။ တံတားကိုျဖတ္သန္းဖို႔ ကလည္းႏွစ္နိုင္ငံသေဘာတူစာခ်ဳပ္ကရွိ ထားၿပီးသားေလ။ ဒီအတိုင္းပဲေလးစား လိုက္နာၾကရမယ္ေလ။ သူတို႔နိုင္ငံ ဥပေဒလည္းဒို႔ေတြ ေလးစားလိုက္နာ သလို ဒို႔နိုင္ငံ ဥပေဒလည္း ေလးစားလိုက္နာၾကရမယ္လို႔။ ” တာခ်ီလိတ္ ခရိုင္အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္နိုင္ က O Media ကို ေျပာ ပါတယ္။

ကိုဗစ္ကာလ ဒုတိယလွိုင္း မွာ ကူးစက္သူေတြမ်ား လာတာေၾကာင့္ ျမန္မာနိုင္ငံဘက္ကို ကားအဝင္နည္းၿပီး လူဦးေရအဝင္နည္းမွသာ ေကာင္းမွာျဖစ္တဲ့အတြက္ ေရာဂါထိန္းခ်ဳပ္နိုင္ဖို႔ ထိုင္းနိုင္ငံကခြင့္ျပဳတဲ့အတိုင္း ျမန္မာနိုင္ငံ ကလည္း ကား(၆) စီးပဲ ခြင့္ျပဳရတာျဖစ္တယ္လို႔ ဦးျမင့္နိုင္က ေျပာ ပါတယ္။ဒီလို စည္းကမ္းခ်က္ေတြေၾကာင့္ ရွမ္းျပည္နယ္အေ ရွ႕ပိုင္းအေန နဲ႕ ကုန္စည္ စီးဆင္းမႈနစ္နာမႈေတြျဖစ္လာနိုင္ေပမဲ့ ျမန္မာနိုင္ငံကေန ထိုင္းဘက္ ကို ကားဝင္ေရာက္မႈထက္ ထိုင္းနိုင္ငံက ကားေတြဝင္ေရာက္တာက ပိုမ်ားတယ္ လို႔လည္း သိရ ပါတယ္ ။

“ေလာေလာ ဆယ္ေျခာက္စီးပဲခြင့္ျပဳသြားမွာေပါ့ ။ အေျခအေနေကာင္းရင္ လည္းေကာင္းသလိုေပါ့။ အခုလုံးလုံး မပိတ္ေတာ့(၆)စီးဆိုတာကေတာ လုံေလာက္ ပါတယ္လို႔။”(၂)နိုင္ငံဒီေန႕ေဆြးေႏြးခ်က္အေပၚ က်ိဳင္းတုံ – တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရး ကုန္သည္မ်ားအသင္း အေထြေထြ အတြင္းေရးမႉး ေဒၚနန္းစင္က O Media ကို ေျပာပါတယ္။ႏွစ္နိုင္ငံေဆြးေႏြးပြဲရ လာဒ္ေတြအရ အျပန္အလွန္ က်န္းမာေရးစစ္ေဆးမႈေတြျပဳလုပ္သြားမွာျဖစ္ၿပီးေတာ့ ကုန္တင္ယာဥ္ေမာင္းေတြကို ျမန္မာနိုင္ငံဘက္ကလည္း ယာဥ္ေမာင္းလဲလွယ္ေမာင္းႏွင္တာေတြ ျပဳလုပ္သြားမယ္ လို႔ သိရပါတယ္။အဲဒီႏွစ္နိုင္ငံစည္းကမ္းခ်က္ေတြဟာ စက္တင္ဘာလ ( ၁၇ ) ရက္ကစၿပီး အသက္ဝင္ မွာျဖစ္တယ္ လို႔လည္း သိရပါတယ္။

Source;O Media

unicode

ထိုင်း က ကိုဗစ် စည်းကမ်း တင်းကြပ််ပြီး တဲ့နောက် မြန်မာဘက် ကလည်း ထိုင်းဘက်် ကို ပြန်တင်းကြပ် ၊ မနက််ဖန် ကစပြီး ထိုင်း-မြန််မာ ကုန်စည်် စီးဆင်းမှု အပြန်အလှန်် ကား(၆) စီးစီပဲ ခွင့်ပြုတော့ မယ်

တာချီလိတ်ခရိုင်က မြန်မာ – ထိုင်းနယ်စပ် နှစ်နိုင်ငံကုန်စည် ပို့ဆောင်ရေးကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက် တာဝန်ရှိသူတွေ ဒီနေ့ စက်တင်ဘာလ (၁၆) ရက်နေ့ မွန်းလွဲပိုင်းကဆွေးနွေးမှု အပြီးမှာတော့ နှစ်နိုင်ငံ အပြန် အလှန် ကား(၆)စီး ပဲ ဝင်ခွင့်ပြုတော့မ ယ်လို့ ဆုံးဖြတ်ခဲ့ကြ ပါတယ် ။မြန်မာနိုင်ငံကနေ မြန်မာ ယာဉ်မောင်း ပါတဲ့ မြန်မာနံပတ် နဲ့ ကား( ၆ ) စီး ကို ထိုင်းနိုင်ငံထဲ ကုန်စည် သယ်ဆောင်ခွင့် အတွက်ဝင်ခွင့်ပြုမှာဖြစ်ပြီးတော့ မြန်မာနိုင်ငံထဲ ကိုလည်း ထိုင်းနိုင်ငံက ကား(၆)စီးကိုပဲ ဝင်ခွင့်ပြုတော့ မှာပါ။

အရင်တုန်းက ထိုင်းနံပါတ် နဲ့ကား (၂၀၃)စီး၊ မြန်မာနိုင်ငံနံပါတ် နဲ့ကား(၆)စီးဟာ ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ်(၂)တံတားကနေ နှစ်နိုင်ငံကုန်သွယ်ရေး အတွက် ကုန်စည်ပို့ဆောင်နေကြ တာပါ။အဲဒီထိုင်းနံပါတ် နဲ့ကားတွေကိုတော့ မြန်မာယာဉ်မောင်းတွေ ကလည်း မောင်းနှင်မှုတွေရှိနေ ပါတယ်။

ဒါပေမဲ့ မနေ့က စက်တင်ဘာလ(၁၅) ရက်နေ့မှာတော့ ထိုင်းနိုင်ငံဘက်က တစ်နေ့ကို ကုန်တင်အစီးရေ ( ၁၆၈ ) စီးပဲ ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်သလို ကိုဗစ် စည်းကမ်းချက်တွေ ကိုထုတ်ပြန် လိုက်ပြီး မလိုက်နာရင် ထောင်ဒဏ် (၁)နှစ် ဒါမှမဟုတ်ဘတ်ငွေတစ်သိန်းပေးဆောင်ရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့် ထိုင်းနိုင်ငံ ဘက်က ထုတ်ပြန်လို က်တဲ့ စည်းကမ်းချက်တွေ နဲ့ပတ်သက်ပြီး ဒီနေ့နှစ်နိုင်ငံတာဝန်ရှိသူတွေ အပြန်အလှန်ဆွေးနွေးပြီးတဲ့နောက် ကားအစီးရေ စုစုပေါင်း(၁၂)စီးအထိပဲ ကုန်သွယ်ကြဖို့ ဆုံးဖြတ် လိုက်တာပါ။

“တို့နိုင်ငံ က အချုပ်ခြာအာဏာပိုင်နိုင်ငံပဲလေ ။ သူတို့နိုင်ငံကလည်း အချုပ်ခြာအာဏာ ပိုင်နိုင်ငံပဲလေ။ နှစ်နိုင်ငံ တန်းတူညီမျှရှိရမယ်လေ။ တံတားကိုဖြတ်သန်းဖို့ ကလည်းနှစ်နိုင်ငံသဘောတူစာချုပ်ကရှိ ထားပြီးသားလေ။ ဒီအတိုင်းပဲလေးစား လိုက်နာကြရမယ်လေ။ သူတို့နိုင်ငံ ဥပဒေလည်းဒို့တွေ လေးစားလိုက်နာ သလို ဒို့နိုင်ငံ ဥပဒေလည်း လေးစားလိုက်နာကြရမယ်လို့။ ” တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် က O Media ကို ပြော ပါတယ်။

ကိုဗစ်ကာလ ဒုတိယလှိုင်း မှာ ကူးစက်သူတွေများ လာတာကြောင့် မြန်မာနိုင်ငံဘက်ကို ကားအဝင်နည်းပြီး လူဦးရေအဝင်နည်းမှသာ ကောင်းမှာဖြစ်တဲ့အတွက် ရောဂါထိန်းချုပ်နိုင်ဖို့ ထိုင်းနိုင်ငံကခွင့်ပြုတဲ့အတိုင်း မြန်မာနိုင်ငံ ကလည်း ကား(၆) စီးပဲ ခွင့်ပြုရတာဖြစ်တယ်လို့ ဦးမြင့်နိုင်က ပြော ပါတယ်။ဒီလို စည်းကမ်းချက်တွေကြောင့် ရှမ်းပြည်နယ်အေ ရှ့ပိုင်းအနေ နဲ့ ကုန်စည် စီးဆင်းမှုနစ်နာမှုတွေဖြစ်လာနိုင်ပေမဲ့ မြန်မာနိုင်ငံကနေ ထိုင်းဘက် ကို ကားဝင်ရောက်မှုထက် ထိုင်းနိုင်ငံက ကားတွေဝင်ရောက်တာက ပိုများတယ် လို့လည်း သိရ ပါတယ် ။

“လောလော ဆယ်ခြောက်စီးပဲခွင့်ပြုသွားမှာပေါ့ ။ အခြေအနေကောင်းရင် လည်းကောင်းသလိုပေါ့။ အခုလုံးလုံး မပိတ်တော့(၆)စီးဆိုတာကတော လုံလောက် ပါတယ်လို့။”(၂)နိုင်ငံဒီနေ့ဆွေးနွေးချက်အပေါ် ကျိုင်းတုံ – တာချီလိတ်နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းစင်က O Media ကို ပြောပါတယ်။နှစ်နိုင်ငံဆွေးနွေးပွဲရ လာဒ်တွေအရ အပြန်အလှန် ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီးတော့ ကုန်တင်ယာဉ်မောင်းတွေကို မြန်မာနိုင်ငံဘက်ကလည်း ယာဉ်မောင်းလဲလှယ်မောင်းနှင်တာတွေ ပြုလုပ်သွားမယ် လို့ သိရပါတယ်။အဲဒီနှစ်နိုင်ငံစည်းကမ်းချက်တွေဟာ စက်တင်ဘာလ ( ၁၇ ) ရက်ကစပြီး အသက်ဝင် မှာဖြစ်တယ် လို့လည်း သိရပါတယ်။

Source;O Media