“ေအာင္္ျမင္္ေရး အတြက္္ ဦးသန႔္ေျပာ တဲ့ မွတ္္ သားဖြယ္ “စကား (၅)ခြန္း”

ဘုန္းႀကီး ရဟန္း ၃-ဝါရ ႐ြာကို ျပန္စဥ္ အဖိုး ရဟန္းလူထြက္ ဆရာႀကီး ဦးစာရိႏၵ သိမ္းထားေသာ ႀကီးပြားေရးမဂၢဇင္း (အတြဲ၊ အမွတ္နဲ႔ ခုႏွစ္မ်ား ကို မေရးထားမိ) ထဲကကုလသမဂၢ အတြင္းဝန္ခ်ဳပ္ ဦးသန႔္ ေရးသည့္ ”စကားငါးခြန္း” အမည္ရွိ ေဆာင္းပါးကိုဘုန္းႀကီး ဒိုင္ယာရီ စာအုပ္ထဲမွာ ကူယူထား ခဲ့သည္ ကို ကူးယူ ေဖာ္ျပျခင္း ျဖစ္ပါသည္။

ေလာက၌ ႀကီးပြားေရး လမ္းတို႔သည္ မ်ားျပား ကုန္၏။ ႀကီးပြားေရး ဆရာတို႔လည္း ေပါမ်ားကုန္၏။သို႔ရာတြင္ ႀကီးပြားကုန္ေသာ သူတို႔၏ ႀကီးပြားရာ လမ္းမ်ားအနက္ ေအာက္ေဖာ္ျပပါ ငါးခ်က္တို႔သည္ အေရးႀကီးေပသည္။

၁။ ရည္႐ြယ္ခ်က္ ရွိပါ

ေလာက၌ ရည္႐ြယ္ခ်က္ မရွိေသာသူသည္ မည္သည့္ အေရးသို႔ သြားရန္ မသိေသးေသာ ခရီးသည္ႏွင့္ တူ၏။ႀကီးပြားလိုေသာ လူတိုင္း ၌ ရည္႐ြယ္ခ်က္ ရွိရမည္။ သုံးလူ႔ထြတ္ထား သဗၺညဳဘုရားပင္လွ်င္ တစ္ခုတည္းေသာ ရည္႐ြယ္ ခ်က္ျဖင့္ ႀကိဳးစား အားထုတ္ေတာ္မူခဲ့ ေပသည္။မည္သူမဆို ငယ္စဥ္ကပင္ မွန္းေျခတစ္ခု ရွိရမည္။ မွန္းေျခရွိေသာ လူတို႔သည္ မိမိတို႔ လုပ္ငန္း၌ လြယ္ကူသည္သာမက မွန္းေျခ မရွိေသာ သူ ထက္ မႏႈိးင္းယွဥ္သာေအာင္ ႀကီးပြားၾကေလသည္။

၂။ သူမ်ားႏွင့္ မတူေအာင္ လုပ္ပါ

ထိုအခ်က္သည္ ဆန္းဆန္းျဖစ္သည္။သို႔ရာတြင္ ေစ့ေစ့ေတြးေသာ္ ႀကီးပြားေသာ သူတို႔၏ လက္သုံး အခ်က္ႀကီး ျဖစ္သည္။ သူမ်ားကဲ့သို႔ လုပ္လွ်င္ သူမ်ားကဲ့သိုပင္ ျဖစ္မည္။သူမ်ားႏွင့္ မတူေအာင္ လုပ္လွ်င္ သူမ်ားႏွင့္ တူမည္ ဟုတ္ေခ်။ျမတ္စြာဘုရားသည္ ခပ္သိမ္းေသာ သူတို႔ႏွင့္ မတူေအာင္ အားထုတ္ေတာ္မူခဲ့၍သူမ်ားႏွင့္ မတူေသာ သဗၺညဳအျဖစ္သို႔ ေရာက္ရွိခဲ့ေပသည္။

၃။ အမ်ား သေဘာကို မလိုက္ႏွင့္

အမ်ားသေဘာသည္ အမွားေပါ၏။ ေလာက၌ ပညာ ရွိေသာသူႏွင့္ မရွိေသာသူ အေရအတြက္ကို ႏႈိင္းယွဥ္ၾကည့္လွ်င္ ပညာ ရွိသူက မႏႈိင္းယွဥ္ ေလာက္ေအာင္ နည္းလွ၏။အမ်ားသေဘာကို မလိုက္ႏွင့္ဟု ဆိုရာ၌ မည္သည့္အခါ မဆို အမ်ားသေဘာႏွင့္ ဆန႔္က်င္ရ မည္ဟု မဆိုလိုေပ။မည္သည့္ ကိစၥ၌မဆို ‘ဟာ .. အမ်ား သေဘာပါ’ဟု ေျပာေလ့ရွိေသာသူကို အသုံးမက်သူ ဟူ၍ မွတ္အပ္၏။အမ်ား သေဘာသည္ မွားလွ်င္လည္း မွားေၾကာင္း ၫႊန္ျပႏိုင္ရမည္။ ဆန႔္က်င္ရဲရမည္။ေရလိုက္ငါးလိုက္ ေနေသာသူတို႔သည္ မႀကီးပြားႏိုင္ကုန္။

၄။ ျပဳျပင္ရန္ မေၾကာက္ႏွင့္

ေလာက၌ ဘာသာေရးမွ လြဲလွ်င္ အားလုံးေသာ ကိစၥဟူသမွ်သည္ အၿမဲ ျပဳျပင္ ေျပာင္းလဲလ်က္ ရွိ၏။အဝတ္အစား အေနအထိုင္ အေျပာအဆို အယူအဆ စသည္တို႔မွာ အၿမဲ ေျပာင္းလဲလ်က္ ရွိ၏။ ယခု ေခတ္သည္ အလြန္ ျမန္ႏိုင္မွ ေတာ္႐ုံ ရွိ၏။အေျပးသြား အေျပး လာ အေျပးလုပ္ရေသာ ေခတ္ႀကီး ျဖစ္၏။ဘဝသံသရာ ႀကီးပြားေရးအတြက္ ျပဳျပင္ေရးသည္လည္း အထူး အေရးႀကီးလွေပသည္။

၅။ မယုံလြယ္ႏွင့္

မစဥ္းစားပဲ ယုံလြယ္သူ ေပါးမ်ားေသာ တိုင္းျပည္သည္ ေအာက္တန္းက်ေသာ တိုင္းျပည္ ျဖစ္၏။အသိဉာဏ္ကို ခ်င့္ခ်ိန္ႏိုင္ရန္ ၎တိုင္း ျပည္၏ သတင္းစာကို ၾကည့္၍ အကဲခတ္ႏိုင္၏။သတင္းစာမ်ားတြင္ ျမတ္စြာဘုရား ဆင္းတုေတာ္မွ မ်က္ရည္က်ျခင္း၊ကိုယ္ဝန္ရွိေသာ ဥစၥာေစာင့္မ၊ နတ္ေပးေသာ ကေလး စသည္ျဖင့္ ေခါင္းတပ္ထားေသာ ေဆာင္းပါးမ်ားကို အလုအယက္ ဖတ္သမွ်ကာလပတ္လုံး ျမန္မာ လူမ်ိဳးတို႔၏ အဆင့္အတန္းသည္ ေခတ္မီရန္ မ်ားစြာ လိုေသးသည္ဟု ဆိုရမည္ ျဖစ္သည္။ေျပာတိုင္း မယုံႏွင့္၊ ယုံတိုင္းလည္း မျပာႏွင့္၊ ခ်င့္ခ်ိန္ မွန္းဆ၍ ျပဳလုပ္ ေျပာဆိုရာ၏။ ဤသည္လည္း ႀကီးပြားေရး ေလွကား တစ္ထစ္ေပတည္း။

Credit

unicode

ဘုန်းကြီး ရဟန်း ၃-ဝါရ ရွာကို ပြန်စဉ် အဖိုး ရဟန်းလူထွက် ဆရာကြီး ဦးစာရိန္ဒ သိမ်းထားသော ကြီးပွားရေးမဂ္ဂဇင်း (အတွဲ၊ အမှတ်နဲ့ ခုနှစ်များ ကို မရေးထားမိ) ထဲကကုလသမဂ္ဂ အတွင်းဝန်ချုပ် ဦးသန့် ရေးသည့် ”စကားငါးခွန်း” အမည်ရှိ ဆောင်းပါးကိုဘုန်းကြီး ဒိုင်ယာရီ စာအုပ်ထဲမှာ ကူယူထား ခဲ့သည် ကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။

လောက၌ ကြီးပွားရေး လမ်းတို့သည် များပြား ကုန်၏။ ကြီးပွားရေး ဆရာတို့လည်း ပေါများကုန်၏။သို့ရာတွင် ကြီးပွားကုန်သော သူတို့၏ ကြီးပွားရာ လမ်းများအနက် အောက်ဖော်ပြပါ ငါးချက်တို့သည် အရေးကြီးပေသည်။

၁။ ရည်ရွယ်ချက် ရှိပါ

လောက၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။ကြီးပွားလိုသော လူတိုင်း ၌ ရည်ရွယ်ချက် ရှိရမည်။ သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ် ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။မည်သူမဆို ငယ်စဉ်ကပင် မှန်းခြေတစ်ခု ရှိရမည်။ မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူ ထက် မနှိုးင်းယှဉ်သာအောင် ကြီးပွားကြလေသည်။

၂။ သူများနှင့် မတူအောင် လုပ်ပါ

ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။သို့ရာတွင် စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။ သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် ဟုတ်ချေ။မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

၃။ အများ သဘောကို မလိုက်နှင့်

အများသဘောသည် အမှားပေါ၏။ လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင် ပညာ ရှိသူက မနှိုင်းယှဉ် လောက်အောင် နည်းလှ၏။အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ။မည်သည့် ကိစ္စ၌မဆို ‘ဟာ .. အများ သဘောပါ’ဟု ပြောလေ့ရှိသောသူကို အသုံးမကျသူ ဟူ၍ မှတ်အပ်၏။အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်ရဲရမည်။ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကုန်။

၄။ ပြုပြင်ရန် မကြောက်နှင့်

လောက၌ ဘာသာရေးမှ လွဲလျှင် အားလုံးသော ကိစ္စဟူသမျှသည် အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ အမြဲ ပြောင်းလဲလျက် ရှိ၏။ ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏။အပြေးသွား အပြေး လာ အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည်။

၅။ မယုံလွယ်နှင့်

မစဉ်းစားပဲ ယုံလွယ်သူ ပေါးများသော တိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည် ဖြစ်၏။အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း ပြည်၏ သတင်းစာကို ကြည့်၍ အကဲခတ်နိုင်၏။သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းတပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှကာလပတ်လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည်။ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြာနှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း။

Credit