MA CCP ထွက်ပေါက် လားရာ နဲ့ နိုဗယ် ဆုရှင် မစ္စတာ ထရန့်

ကမ္ဘာ့ နိုင်ငံရေး ၀န်ရိုး ပြောင်းလဲသွားခြင်း ( သို့ ) W3 ကို တရုတ် မှ ပြန်စမည်လား…

MA CCP ထွက်ပေါက် လားရာ နဲ့ နိုဗယ်ဆုရှင် မစ္စတာထရန့်

လွတ်လပ်ငြိမ်းချမ်းသော ကမ္ဘာမြေ ဖြစ်ဖို့ အတွက် တရားမျှတသော စစ်ပွဲဖြစ်ခွင့် ရှိ သည် ။ထရန့် နိုဗယ်ဆု ရရင် တရုတ် ကို ဗျင်း ဖို့ အားနည်းသွားမယ် ဆိုပြီး၊ အားမလိုအားမရဖြစ်နေသူတွေအဖို့၊ ထရန့်လက်ထဲ ကိုင်ထားတာ တရုတ်ကြွေးမြီ T-Notes တန်ဖိုး $1.2ထရီလီယံနဲ့၊ ကိုရိုနာ ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန် ဓါတ်ခွဲခန်း ကလာတာ ဖြစ်ကြောင်း ကို သက်သေပြမည့် ၊ တရုတ်ပြည် က သိပ္ပံပညာရှင် အမျိုးသမီး အမေရိကန်မှာ ခိုလှုံနေသူပဲဖြစ်ပါတယ်။

ဒီတော့ ထရန့်ဟာ နိုဗယ်ဆုယူပြီး ၊ ထိုအမျိုးသမီး ကို ကမ္ဘာ့အလယ်ချပြပြီး၊ T-Notes တန်ဖိုးတွေ ကို လျော်ကြေး အဖြစ် သိမ်းပိုက်ပြီး ၊ ငြိမ်းချမ်းစွာနေ ဖို့ စစ်ပွဲ မလုပ်ပါဘူး ဆိုတောင်၊ တရုတ် နဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေ လျော်ကြေး နဲ့ စစ်ရေးက၊ ရှောင်လွှဲမရနိုင်တဲ့ အတွက်၊ တရုတ် က မပေးဘူးဆိုပြီး စစ်ရေး နဲ့ ဖြဲခြောက်လာခဲ့မယ် ဆိုရင်၊ ကမ္ဘာကို အန္တရာယ်ပေးလာနိုင်မည့် ခေါင်းစဉ် နဲ့ နိုဗယ်ဆုရှင် နိုင်ငံကိုတောင် ခြိမ်းခြောက်နေတယ် ဆိုပြီး၊ ဘယ်ဗျင်းကောင်းမလဲ တွေးကြည့်စေချင်တယ်

ဒီတော့ နိုဗယ်ဆု က ခုချက်ခြင်း ပေးသေး ရသေးတာလည်း မဟုတ်တဲ့ အတွက်၊ ကြားထဲ မှာလည်း ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေထား မှာ၊ နိုဗယ်ဆုရမှ ထရန့်အတွက် ရွေးကောက်ရော ဆက်လုပ်ရမည့် အရာတွေရော အဆင်ပြေလာနိုင်ဖွယ်ရှိတဲ့ နိုင်ငံရေး ဝေါဟာရ ဉာဏ်ကစားမှု မှာ တရုတ်ရှီ ပြုတ်ကျမလား ထရန့်ပဲ ကျရှုံးမလဲ စောင့်ကြည့်ဖွယ်ရာပါ။ တကယ့်ကို ဇာတ်အိမ်ဇာတ်ညွန်းလှပစွာ နဲ့ ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ်ဟာ

ဒီတော့ အခု တရုတ်က ဆေးရပြီ ထုတ်နေရောင်းနေပြီ ဆိုမှ၊ မြန်မာနယ်စပ် ရွှေလီ မှာ ပိုးတွေ့လို ဆိုပြီး သူ့ပြည်ထဲ ကို အ၀င်မခံတော့ဘူး ဆိုပြီး၊ လော့ဒ်‌ဒေါင်းလုပ်နေတယ် ဆိုတာ လူရီစရာကြီး ။ အကူးစပ်မခံရအောင် ကာကွယ် တာထက်၊ အများအမြင် မှာ သူနိုင်ငံထဲကိုပဲ အခြား က ပိုးတွေဝင်ရောက်လာလို့၊ အစကတည်းက သူတို့ ဒီလို ဒုက္ခရောက်ခဲ့ဟန်နဲ့၊ လုပ်ပြနေတာဟာ ထရန့်က သက်သေတွေ ကိုင်ရှိုးပြ‌ နေလို့ပဲ မဟုတ်လား။

ဒီတော့ ဒီပုံစံတွေ ရှေ့မှာ လည်း လုပ်ပြခဲ့ပြီ။ အမေရိကန်ပိုး တို့၊ ဥရောပက လူဝင်လာ လို့ ၊ ဘယ်သူ့ဘယ်နိုင်ငံထံမှနေ ကူးရ ပါတယ် စသည်နဲ့၊ သူတို့ စဖြစ်တော့ နိုင်ငံတကာက အ၀င်မခံမှု၊ ရွံရှာစက်ဆုတ်မှု ကို ပြန်ချေပပြတဲ့ သဏ္ဍန်ထက် ၊ သူတို့ဆီ ကို ပြင်ပကပိုးတွေ ၀င်လာလို့ သူ့နိုင်ငံ ကူးစပ်ရတာပါ ဟန် ကို ပိုပုံဖော် လုပ်ပြနေတာဟာ၊ ကူးစပ်ခံရမှာ ကြောက်တာထက်၊ ထိုဖြစ်စဉ် သဏ္ဍန် ကို ပုံဖော်ဟန်လုပ်နေပြီး ၊ တရားခံ အဖြစ်မှနေ လွတ်ကင်းအောင် ပဲ လုပ်ပြနေ တာဖြစ် တယ်။

မဟုတ်ရင် သူ တို့ အလုပ်ရှုပ်ပြီး ဇာတ်ညွန်းတွေ ထပ်ပြ ဟန်ဆောင်နေရအုံး မှာ ဖြစ်သလို၊ ထိုအတွက် အရင်းနှီး အဆုံးရှုံးလည်းများတဲ့အတွက်၊ ကိုယ့်ပိုးကို ထပ်ကူးခံရမှာ အသေလဲကြောက်နေပြီး၊ သူတို့ဟာ သူတပါးနိုင်ငံတွေ ကို ခိုးဝင် ကျုးကျော် လာရောက်ပြီး၊ ပို့လွှတ်ပြီး လုပ်နေကြပေမယ့်၊ သူ့နိုင်ငံတော့ အထိခိုက်မခံဘူးဆိုတဲ့၊ လူပါးဝတဲ့ လုပ်ရပ်တွေနဲ့၊ ခုထိ တရုတ်ထုံးစံ သောက်ကျင့်အတိုင်းပဲ မပြောင်းလဲပဲ ကျင့်သုံးမူလျက် ၊ ရောဂါ ကူးမှု ထိန်းချုပ်မှု ထက်၊ ထိုစိတ်ဓာတ် လုပ်ရပ် အကျင့်နဲ့ နိုင်ငံရေး လူမျိုးရေး ကျင့်ဝတ်ဖောက်ဖျက်ပြီး၊ သူ့နိုင်ငံမှလွဲ အခြားနိုင်ငံတွေအပေါ်၊ လူပါးဝ စော်ကားကျုးကျော်မှုများအား ထောက်ပြခြင်းပင် ဖြစ်သည်

ဒီတော့ သေချာတာ က ထရန့်ကိုင်ထား တဲ့ အကွက်တွေကြောင့် ၊ သူဘယ်လောက် ညာညာ ဒီပိုးဟာ သူ့ထုတ်ကုန်ပဲ ဆိုတာ၊ တချိန် ကမ္ဘာက သက်သပြ လို့ စစ်ရေး နဲ့အရေးယူပြီး ဖြေရှင်းဆောင်ရွက် ပါလိမ့်မယ်။ ဒီအရေး ကို ထရန့်က နိုဗယ်ဆု စာရင်းဝင် သို့ နိုဗယ်ဆုရှင် ဖြစ်လို့ စမကောင်းတောင်၊ ကမ္ဘာ့နိုင်ငံအသီးသီး ကို ဒီပိုးဟာ တရုတ်ပိုး မင်းတို့ အရေးယူကြ လျော်ကြေးတောင်းကြ လို့ မီးတို့ပေးလိုက်ရင်၊တရုတ်မှ လက်မခံ လို့ စစ်ရေးအရ နင်းခဲ့ရင်၊ ထရန့် ထောင်ခြောက်ထဲ နဂါးကြီး အတိုးရောအရင်းရော ကျဆင်းသွားပြီး၊ နိုဗယ်ဆုရှင်နိုင်ငံနဲ့ ကမ္ဘာကို ‌အန္တရာယ်ပေးမှု ခေါင်းစဉ်နဲ့ ငြိမ်းချမ်းသော တရားမျှတသော စစ်ကို ဆင်နွဲဖို့ စတင်ပါလိမ့်မယ်။ ဒီတော့ ရှီနဂါး ထိုအချိန်ကျရင် ခုထက် အဖက်ဖက်မှနေ အကြောင်းပြချက် ခိုင်လုံစွာနဲ့၊ အပီစားခံရပြီ ဖြစ်တဲ့အတွက် လွတ်လမ်းကို မရှိတော့ပါဘူးဟု မြင်မိ တယ်။ ကမ္ဘာဖျက် လူမျိုးတုန်း ရာဇ၀တ်မှု သားကောင် အဖြစ် နဲ့။

ဒီတော့ ထိုစစ်ပွဲ့ကို ဘယ်သူကစသလဲဆို US မှ မဟုတ်ပဲ တရုတ် ကပဲ စဖြစ် စဖန်တီးလာ ပါလိမ့်မယ်။ ကိုယ့်ရှူးကိုယ်ပတ် အကွက် နင်းမိတဲ့ အဖြစ်နဲ့။ ဒီတော့ နိုဗယ်ဆုရှင်ထရန့်မှ သူစမည့်စစ်ရေးနဲ့ အကြောင်းပြချက်များမှနေ သွေဖယ်ပြီး၊ တရုတ်အမှား သက်သေတွေကြောင့်၊ ပြစ်မှုများမှနေ လွတ်မြောက်တဲ့အပြင်၊ သူဖန်တီးထားတဲ့ အကွက် ချောက်ထဲမှာ တရုတ်နဂါး ရေစုန်မျောဖို့ သူ့ဘာသာ ကူးခပ် ဖန်တီးလာပြီဆိုတော့၊ အသင့်ထိုင်မျှားနေရုံ ပဲပေါ့

ဒီတော့ အဲ့ကြ မှ ခုလို လုပ်နိုင်ဖို့ထက်၊ ငြင်းနိုင် ဖိန့်နိုင်မလား ကြည့်မယ်။ ခုတော့ ဟဟပါပဲ သာကောရေလို့ အသိပေးချင်တယ်။ ခု သူတို့လုပ်နေတဲ့ အကွက်က ထိုပြစ်ချက်တွေကနေ လွတ်မြောက်အောင်၊ ဆေးထုတ်ပြီး ကြိုတင်ရှိပြီး ထုတ်ပြီးသား မဟုတ်ပဲ၊ ပိုးဟာ သဘာဝပိုး၊ သူ့ဆီလည်း ခဏခဏပြန်ဖြစ်တယ်ဆိုတဲ့ ဟန်နဲ့၊ ခု အိမ်နီးခြင်း မြန်မာဟာ သူ့လက်ချက်ကြောင့် ဖြစ်တယ်ဆိုတာ အော်နေလို့၊ မသိယောင်ဆောင်ပြီး ရူးယောင်‌ဆောင် ဟန်ပြနေတာ ။ သူ့လူမျိုးတွေ ခိုးသွင်းပြီး မြန်မာ ကို အ၀င်မခံဘူးဆိုပဲ ရွှေလီနဲ့ နယ်စပ်မှာ အသေချာကို တံတိုင်းကာလျှက်။ဒီတော့ အခု စစ်တပ်က ဘဂ်လားနယ်စပ် မှာ အေအေကို အကြောင်းပြပြီး ၊ အင်အား ၂၅၀၀ တပ်ဖြန့်ချထားစေတာ ဟာ၊ နိုင်ငံတကာ အမြင် မှာ အစိုးရအတွက် မကောင်းနိုင်သလို၊ စစ်ရေး သို့ ရာဇ၀တ်မှုတွေ ဖြစ်လို့ ရှင်းရရင်လည်း အစိုးရပဲ ခေါင်းခံပြီး DASSK ပဲ ဦးတည်ပြီး ထွက်ရှင်း တိုင်းရှင်းရတာဆိုတော့၊ ဒါဟာ အစိုးရကို အခက်တွေ့အောင် လုပ်နေသလားဆိုတာ သုံးသပ်ရ ပါမယ်။

ဘဂ်လား နဲ့ ဘာမှမဖြစ်ပဲ နယ်စပ်မှာ စစ်အင်အား သွားပြခြင်းဟာ ICJ ကိစ္စနဲ့ တရုတ်လက်တံ စနစ်မှလွဲ အခြားဘာမှ မဖြစ်နိုင်ခဲ့။ ဒါ့အပြင် ထို ICJ အရေးဟာ အများထင်မြင်နေသလို၊ ဝိဝါဒကွဲပြားပြီး တရုတ် သို့ US ကလုပ်သည်ဟု ခန့်မှန်းပြောဆို အဖြေရှာနေကြပေမယ့်၊ သေချာတာကတော့ ဒီအရေးကို US ကပဲ လုပ်သည်ဖြစ်စေ၊ တရုတ်ကပဲ လုပ်သည်ဖြစ်စေ မအလနဲ့ MA အတွက်၊ ဘယ်လိုမှ ထွက်ပေါက် မရှိ လားရာ မကောင်းနိုင်ပါဘူး။သို့ကြောင့် ယခု ICJ အရေးကို US ယူအက်စ်က လုပ်တာဆိုလျှင် တရုတ် နဲ့ စစ်အာဏာရှင်များ ရဲ့ နိုင်ငံရေး ကို ထိန်းချုပ်ဖို့အတွက်၊ မအလတို့ ကြိမ်းသေ ကြိုးစင်တက်ရမှာဖြစ်ပြီး၊

တရုတ်မှလုပ်တာ ဆိုရင်လည်း၊ သေချာပေါက် ကို ဇာတ်ကြိုးဆွဲ ခိုင်းရာကရမှာ ဖြစ်ပြီး၊ US ယူအက်နဲ့ ထွက်ပေါက်အတွက် စစ်ရေးမှာ ပါဝင်ပေးရမှာ ဖြစ်သလို၊ ပြည်တွင်း နိုင်ငံရေးအတွက်လည်း ICJ ဗန်းပြပြီး၊ ဘဂ်လားဒေ့ရှ် သို့ ၀နဲ့စစ်ရေး အရ တင်းမာ ကစားစေပြီး၊ အစိုးရကို ဒုက္ခအကြပ်ရောက်အောင်နဲ့၊ နိုင်ငံတကာမှာ ပုံရိပ်ကျ အလုပ်များအောင်၊တရုတ်မှ ကမ္ဘာ့အရေး နဲ့ မြန်မာ့အရေး အတွက် ထွက်ပေါက် ကို စစ်အာဏာရှင်တွေကို အသုံးပြုပြီး၊ စတင် တိုက်ကွက်ဖော် လုပ်ဆောင်လာနေပြီဆိုတာ၊ လာနေသော တရုတ် အစီမံစနက် ဖြစ်သည်ဆိုတာ ငြင်းမရ ပါဘူး။

သို့ကြောင့် အခု MA လုပ်နေသော အကွက်များ သည် သူတို့ထွက်ပေါက် အတွက် တရုတ် ဇာတ်ညွန်း ကြိုးဆွဲရာများ အတိုင်း ကနေခြင်းသာဖြစ်ပြီး၊အကယ် ၍ ယခု ICJ အရေးဟာ US လက်ချက်ကြောင့် ဆိုလျင်လည်း၊ သူတို့ ခုလို ထွက်ပေါက်ရှာနေ မှာ ဖြစ်သလို၊ တရုတ်လက်ချက်ကြောင့် ဆိုရင်လည်း၊ ခုလို ဇာတ်ကြိုးဆွဲ ထားသောကြောင့်၊ အလိုက်သင့် ကပေးပြီး ထွက်ပေါက် ကို တိုးဝင်ရှာနေတော့မှာ ဖြစ်သည်ဆိုတာ။ အဘယ့်ကြောင့်ဆိုသော် ..

တရုတ်ကို ပြန်ရွဲ့ဖို့ ဆိုရင်လည်း မအလတို့ ဒီလောက်သွေးရဲ မှာ မဟုတ်ဘူး။ ခုကြ MA လုပ်ပုံက အစိုးရ ကို နိုင်ငံတကာ အမြင်မှာ ပုံရိပ်ထိခိုက် ကျစေမည့်၊ အလုပ်များစေမည့် ထိုးချမှု လုပ်ရပ်မျိုးပဲဖြစ် တယ်။သူတို့ကို ICJ နဲ့ ချုပ် လို့ ဘဂ်လား ကို စစ်ရေးနဲ့ တပ်လှန့်၊ အစိုးရကို အတိုက်ခံဟန်အဆင့် နဲ့ သို့ ICJ ကို ခုအရေးတွေနဲ့ ပြစ်မှု ပိုကြီးမားအောင် ပုံရိပ်ထင်စေပြီး၊ ပုံဖော်ကစားနေမှုဟာ၊ သူတို့အာဏာပြန်ယူဖို့အတွက်၊ US ကိုရွဲ့တာလား သို့ နောက်ခံအားကိုး တရုတ်ရှိလို့၊ တရုတ်ကြောင့် ဇာတ်ညွန်း အရ လုပ်ဆောင်နေတာလား ဆိုတာ။

သို့သော် သူတို့ ဘယ်လိုလုပ်လုပ် နောက်ဆုံး ထွက်ပေါက်လားရာကတော့၊ နိုင်ငံရေးကို အာဏာထိန်းချုပ်ရေး နဲ့ပဲ ဦးတည်နေတော့၊ သူတို့ပြစ်မှုတွေကို ရှောင်လွှဲဖို့၊ ရသလို ထွက်ပေါက်ရှာ တိုးနေကြတော့၊အဆိုးဆုံး ကမူ ပြည်သူ လက်မခံတဲ့ စစ်အာဏာရှင်တွေ နဲ့ နိုင်ငံရေး အတိုက်ခံတွေအပြင်၊ တရုတ် လက်အောက်ခံ ကိုယ်ကျိုးကြည့်၊ အာဏာနိုင်ငံရေးသမား စစ်ဗိုလ်ချုပ်တွေ ဖြစ်နေတော့၊ယခုဖြစ်စဉ်ဖြစ်ရပ်များကို ဘယ်ရှု့ထောင့်မှနေကြည့်ကြည့် သူတို့နိုင်ငံရေး လုပ်ဆောင် ရပ်တည်မှုလား ရာဟာ၊ နိုင်ငံပြည်သူ တင်မဟုတ်ပဲ၊ ကမ္ဘာကပါ လက်မခံတော့ ၊ ကမ္ဘာ့အလယ်မှာ ရာဇ၀တ် သားကောင်တွေအဖြစ် ကြေငြာခံရပြီး ၊ ဖမ်းခိုင်းသည် အထိ ဖြစ်လာတော့၊

CCP ၏ ဗိုင်းရက်ပိုးဖြင့် ကမ္ဘာ့လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အတူ၊ MA ရဲ့ ရာဇ၀တ်မှုများ ကို ကမ္ဘာ့ခုံရုံး မှ အလိုရှိနေပြီ ဖြစ်တဲ့အတွက် ၊ မနှေးအမြန်၊ သူတို့ အာဏာရှင်တွေ အတွက်လားရာဟာ ၊ထွက်ပေါက် ဘယ်လောက် ရှိနေသော်ငြား ၊ ရေရှည်ကမ္ဘာနဲ့ လက်ရှိနိုင်ငံရေးမှာ ၊ ဘယ်လို မှ လွတ်မြောက်နိုင်စွမ်း နဲ့ မကောင်းနိုင်တော့ဘူးဆိုတာ။ ဆက်မည် ။ သုံးသပ်မှု အနေဖြင့်သာ…

မင်းကြည်ညိုနေ
Photo Credit