မြန်မာ တပ်ဖွဲ့များ ၏ လုပ်ရပ် များမှ ထွက်ပေါ် လာနိုင် သည့် အခြေ အနေတိုင်း ကို ရင်ဆိုင်ရန် အသင့် ပြင်ဆင်ထားကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရပြော

နယ်စပ် တွင် မြန်မာ နိုင်ငံက တပ်ဖွဲ့များ ဆက်လက် နေရာဖြန့််ကျက် ချထားမှု နောက်ခံရှိနေ မှု ကို ဘင်္ဂလားဒေ့ရှ် က အပြည့် အ၀ သိရှိထား ပြီး မြန်မာ နိုင်ငံ၏ လုပ်ရပ်များမှ ထွက်ပေါ်လာနိုင်သည့် အခြေအနေတိုင်းကို ရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိ များ က အင်္ဂါနေ့ တွင်ပြောသည် ။တစ်ချိန် တည်း တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်ကကဲ့သို့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို ဘင်္ဂလားဒေ့ရှ်ဘက်ကအတင်းအဓမ္မမောင်းထုတ်ရန် မြန်မာဘက်ကအားထုတ်မှုများကို ဖျက်ဆီးသွားမည်ဟု ရှင်းရှင်း လင်းလင်း အသိပေးသည်။

သတင်းရင်းမြစ် များ ၏ အပြော အရ မြန်မာတပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးလိုလားနေ သည့်ေ အအေ တပ်ဖွဲ့တို့ကြား တိုက်ပွဲများ အ တွက် ဘင်္ဂလားဒေ့ရှ် နယ်စပ်နား တွင် တပ်ဖွဲ့များ နေရာ ချထားခြင်းဖြစ် နိုင်သည်။ထို တပ်ဖွဲ့များ နေရာချထား မှု သည် သွေးထိုးမှုနှင့် ဒေါသကြောင့်လည်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များ ကပြောပြီး မြန်မာတပ်မတော် ကို မယုံကြည် နိုင်ကြောင်းလည်းပြော သည်။

တပ်ဖွဲ့ ၀င်များ နေရာ ချထားခြင်း သည် ရခိုင်နှင့် ချင်းပြည်နယ် များ တွင် တိုက်ပွဲများဖြစ်ပွားခြင်း အတွက် ရည် ရွယ်နိုင်သော် လည်း ယခင်အခြေအနေ များအရ မြန်မာ နိုင်ငံကိုယုံကြည်၍ မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိကြီး (၂) ယောက် က ပြောသည် ။သိသာ ထင်ရှား သည့် အကြောင်းပြချက်များကြောင့် ပြုလုပ်ထားပြီးနှင့်ပြုလုပ်နေသော အစီအမံများ ကို အများပြည်သူကိုချပြ၍ မဖြစ်နိုင်ကြောင်း လည်း ပြောကြသည် ။

Soruce;PeopleMedia

unicode

နယ််စပ်် တွင် မြန််မာ နိုင််ငံက တပ််ဖွဲ့များ ဆက််လက်် နေရာဖြန့််ကျက်် ချထားမှု နောက််ခံရှိနေ မှု ကို ဘင်္ဂလားဒေ့ရှ် က အပြည့်် အဝ သိရှိထား ပြီး မြန်မာ နိုင်ငံ၏ လုပ်ရပ်များမှ ထွက်ပေါ်လာနိုင်သည့် အခြေအနေတိုင်းကို ရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိ များ က အင်္ဂါနေ့ တွင်ပြောသည် ။တစ််ချိန်် တည်း တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်ကကဲ့သို့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို ဘင်္ဂလားဒေ့ရှ်ဘက်ကအတင်းအဓမ္မမောင်းထုတ်ရန် မြန်မာဘက်ကအားထုတ်မှုများကို ဖျက်ဆီးသွားမည်ဟု ရှင်းရှင်း လင်းလင်း အသိပေးသည်။

သတင်းရင်းမြစ်် များ ၏ အပြော အရ မြန်မာတပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးလိုလားနေ သည့်ေ အအေ တပ်ဖွဲ့တို့ကြား တိုက်ပွဲများ အ တွက်် ဘင်္ဂလားဒေ့ရှ်် နယ််စပ်နား တွင် တပ်ဖွဲ့များ နေရာ ချထားခြင်းဖြစ်် နိုင််သည်။ထို တပ်ဖွဲ့များ နေရာချထား မှု သည် သွေးထိုးမှုနှင့် ဒေါသကြောင့်လည်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များ ကပြောပြီး မြန်မာတပ်မတော် ကို မယုံကြည်် နိုင်ကြောင်းလည်းပြော သည်။

တပ််ဖွဲ့ ဝင််များ နေရာ ချထားခြင်း သည် ရခိုင်နှင့်် ချင်းပြည်နယ်် များ တွင် တိုက်ပွဲများဖြစ်ပွားခြင်း အတွက် ရည်် ရွယ်နိုင်သော် လည်း ယခင်အခြေအနေ များအရ မြန််မာ နိုင်ငံကိုယုံကြည်၍ မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်် အစိုးရ အရာရှိကြီး (၂) ယောက်် က ပြောသည် ။သိသာ ထင််ရှား သည့် အကြောင်းပြချက်များကြောင့် ပြုလုပ်ထားပြီးနှင့်ပြုလုပ်နေသော အစီအမံများ ကို အများပြည်သူကိုချပြ၍ မဖြစ်နိုင်ကြောင်း လည်း ပြောကြသည် ။

Soruce;PeopleMedia