Author: L K T

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၀-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီ

၁။ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၅:၁၅) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၅)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ
Read More

COVID-19 တိုက်ဖျက် ကုသရေးကူညီရန် တရုတ်ဆေးပညာရှင်အဖွဲ့ မြန်မာသို့ လာမည်၊ တစ်ရက်လျှင် လူ(၂၀၀)ကို COVID-19 ရောဂါရှိ၊မရှိ စစ်ဆေးပေးနိုင်မည့် ဓာတ်ခွဲခန်း ပါလာမည်

ရန်ကုန် – တရုတ်နိုင်ငံဆေးအဖွဲ့(Medical Team)သည် ဧပြီ ပထမပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး COVID-19 ကာကွယ်၊ ကုသရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က ပြောသည်။အဆိုပါ တရုတ်နိုင်ငံဆေးပညာရှင်အဖွဲ့တွင် ကူးစက်ရောဂါကာကွယ်ရေးပညာရှင်များ၊ ကုသရေးပညာရှင်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ ဓာတ်ခွဲပညာရှင်များနှင့်အတူ တစ်ရက်လျှင် လူ ၂၀၀ ကို COVID-19 ရောဂါရှိ၊မရှိ စစ်ဆေးပေးနိုင်မည့်
Read More

ကုလသမဂ္ဂက မြန်မာကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးပစ္စည်း (Test Kit) အခုရေ (၅၀၀၀၀) ပေးအပ်မည်

ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 စစ်ဆေးတဲ့ပစ္စည်း (Test Kit) အခုရေ ၅၀၀၀၀ မြန်မာနိုင်ငံကို ထပ်ပို့ပေးမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) အတွက်ပို့ပေးမှာဖြစ်ပြီး အခု ဝယ်ယူစုဆောင်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဆိုပါတယ်။ အရင်ကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ပစ္စည်းအခု အရေအတွက် ၃၀၀၀ မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားပါတယ်။ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်
Read More

COVID-19 ထပ်တိုး လူနာတွေ့ရှိသည့် မင်္ဂလာတောင်ညွန့်မြို့နယ် (၁ဝ၁) လမ်းအတွင်း ရပ်နားထားသော ကားများကို အပြင်ထွက်ခွင့်ပိတ်၊ မလိုက်နာသူများအား ထိရောက်စွာအရေးယူသွားမည်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတော င်ညွန့်မြို့နယ်တွင် ထပ်တိုးလူနာတွေ့ရှိခဲ့သည့် ၁၀၁ လမ်းအတွင်း ရပ်နားထားသော ကားများကို အပြင်ထွက်ခွင့်ပိတ်လိုက်ပြီး စည်းကမ်းမလိုက်နာသူများအား ထိရောက် စွာအရေး ယူသွား မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးဇော် ဝင်းထွန်းက ပြောသည်။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ၂၉ရက်ထုတ်ပြန်ချက်တွင် ပါရှိသော Case 10 လူနာမှာ Case 5
Read More

“မြန်မာနိုင်ငံတွင် ကိုရိုနာ ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာ အလွန် များနေကြောင်း”ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာ အလွန် များနေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မတ်လ ၂၉ ရက် ည ၁၁ နာရီ ၃၀ မိနစ် သတင်းထုတ်ပြန်သည်။မြဝတီ-မဲဆောက် တံတားမှတစ်ဆင့် မတ် ၁၉ ရက်မှ မတ် ၂၈ ရက်အထိ
Read More

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း (၂၉-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၉-၃-၂၀၂၀) ရက်နေ့၊ ည (၉:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ (၈၂)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၂) ဦး၏ ဓာတ်ခွဲအဖြေ များတွင် COVID-19 ရောဂါပိုး
Read More

“AA အကြမ်းဖက်အဖွဲ့ ကို လက်ခံထားပါက KIA နယ်မြေ တိုက်ခိုက်ခံရနိုင်”ဟု တပ်မတော် သတိပေး

AA ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာထားသည့် အတွက် AA ရှိသော(KIO/KIA) နယ်မြေ တိုက်ခိုက်ခံရနိုင်သည် ဟု တပ်မတော်ဘက်က သတိပေးလာကြောင်း ကချင်ငြိမ်းချမ်းရေးအ ကျိုးတော်ဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာက မီဒီယာတွေကို ပြောခဲ့တယ်လို့သိရသည်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်သည် မတ်လ ၂၃ ရက်တွင် အစိုးရမှ AA အဖွဲ့အား အကြမ်းဖက်အုပ်စုနှင့်မတရားအသင်းအဖြစ် ကြေညာခဲ့ပြီးနောက်
Read More

ကိုရိုနာ COVID-19 ဗိုင်းရပ်ကြောင့် စပိန် တော်ဝင်မင်းသမီး သေဆုံး

စပိန် တော်ဝင်မင်းသမီး မာရီယာ ထရေဇာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ သေဆုံးတဲ့ ပထမဆုံး တော်ဝင်သူ ဖြစ်လာပါတယ်။အသက် ၈၆ နှစ်အရွယ် မင်းသမီးဟာ ပြင်သစ်မြို့တော်ပါရီမှာ မတ်လ ၂၆ ရက်က သေဆုံးခဲ့တယ်လို့ သူ့ရဲ့ အကို မင်းသား ဆစ်ခ်တို အန်ဒရေ ဒေ ဘော်ဘွန်က ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်ကနေ အတည်ပြု
Read More

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ် ကုသ​ရေးများအတွက် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန သို့ Sae Paing Development Ltd နှင့် MBCCD Ltd တို့၏ ဥက္ကဌ ဦး​မောင်ဝိတ် မှ ကျပ်သိန်း (၃၀၀၀) လှုဒါန်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် အလှူရှင် ဦးမောင်ဝိတ် (စေပိုင်ကုမ္ပဏီ၊ အမှတ် – ၁၀၅ ဘီ၊ ပါရမီလမ်း၊ မရမ်းကုန်းမြို့နယ်) မှ မြန်မာနိုင်ငံပြည်သူများအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သုံးစွဲရန် ငွေကျပ် သိန်း (၃,၀၀၀)
Read More

ရှမ်းမြောက် မူဆယ်မှာ တရားမဝင်ရောက်နေတဲ့ တရုတ် (၇) ဦးကို လောင်ချာသေနတ် အပါဝင်လက်နက်ခဲယမ်းများနှင့် အတူဖမ်းမိ

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်တွင် တရားမဝင်နေထိုင်နေသည့် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။မူဆယ်မြို့ စွမ်းစော်ရပ်ကွက် မန်ဝိန်းနယ်မြေရှိ နေအိမ်တစ်လုံးတွင် ခိုက်ရန်ဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးစဉ် အဆိုပါ တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။ ၎င်း တရုတ်နိုင်ငံသားများမှာ စုစုပေါင်း ၇ ဦးရှိပြီး တရားမဝင်နေထိုင်နေသူများဖြစ်ကြောင်း၊
Read More