Category: Article

တရုတ်ကြီးရဲ့ မာ ယာ တွေ များ လား

ဒီနေ့ ဧပြီ(၁၁) သတင်းအရ ကမ္ဘာတစ်ဝန်းလုံး COVID ကူးစက်ခံရသူ တစ်သန်း ခုနစ်သိန်း(၁,၇၀၉,၅၉၃) ရှိသွားပြီး သေဆုံးသူ စုစုပေါင်းက တစ်သိန်း သုံးထောင် (၁၀၃,၅၀၆) ကျော်ရှိသွားပါပြီ။ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အရေအတွက်ကို ရောက်လာတာဖြစ်တယ်။ ဇန္နဝါရီ(၂၂)က စတင်တဲ့ ဂရပ်ဖ်မျဉ်းကို ကြည့်ရင် အစောပိုင်းက ပြားနေပြီး ဖေဖော်ဝါရီ(၁၉) မှာ စပြီး
Read More

စစ်သားပီသလွန်းသော စစ်သား (သို့) မင်းရဲသီဟသူ

မြန်မာနိုင်ငံရဲ့ သမိုင်းတစ်လျောက် ပြန်ကြည့်လိုက် မယ်ဆိုရင် အလွန်ထူးချွန်ထက်မြတ်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေ ခေတ်အဆက်ဆက် ပေါ်ထွတ်ခဲ့သလို နိုင်ငံခေါင်းဆောင် မဟုတ်ပေမယ့် လက်ရုံးရည်၊ နှလုံးရည်တွေနဲ့ ပြည့်စုံတဲ့သူတွေလည်း အများအပြား ပေါ်ထွတ်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဗဒုံ-မင်းရဲသီဟသူ လည်းပါဝင်နေတယ်လို့ ဆိုရမျှာဖစ္ပါတယ်။ မင်းရဲသီဟသူဟာ ညောင်ရမ်းခေတ် အနောက်ဘက်လွန်မင်းလက်ထက်မှာ အလွန်ထင်ရှားတဲ့ စစ်သူကြီးတစ်ယောက် လို့ဆိုရမှာပါ။ သူဟာ
Read More

မြန်မာပြည်မှာ ကိုရိုနာမကူးသေးတာ မယုံနိုင်စရာ တိုက်ဆိုင်မှုကြီးလား၊ အကြောင်းတရားကြောင့် အကျိုးပေါ်လာတာများလား

မျိုးမတူတဲ့ဗိုင်းရပ်စ်နှစ်မျိုးကြားမှာ (Immunity)မရနိုင်ဟုဆိုပြီးကျွန်တော့်အားဝိုင်း၍ ပြောဆိုကြသောဆရာဝန်တချို့အတွက် အပြောကိုရပ်၍မိမိတို့ကိုယ်တိုင်တိုက်ဆိုင်မှု့ရှိမရှိ သုတေသနလုပ်သင့်နေပါပြီ။နောက်တခုမှာ၊(WHO)အား(Pandenic)အဖြစ်ကြေငြာသင့်နေသော်လဲနောက်ကျနေခဲ့ပါသည်။(WHO)၏သေဆုံးသူဦးရေကို၊ကူးစက်ခံရသူဦးရေနှင့်စား၍သေပျောက်နှုန်းတွက်ချက်မှု့သည်လည်းမှားယွင်းနေ၍၊ထိုနှစ်ချက်စလုံးသည်၊၄င်းတို့အားအဓိကထောက်ပံ့မှု့ပေးထားသော၊အရင်းရှင်ကုမ္မဏီများ၏၊လက်ချက်မဟုတ်ဟုမဆိုနိုင်ပါ။။ထိုတွက်ချက်မှု့ကြောင့်ရောဂါအားလျှော့တွက်မိကြပါကတစ်ကမ္ဘာလုံးဒုက္ခရောက်သွားစေနိုင်ပါသည်။(WHO)၏ကိုင်တွယ်မှု့မရိုးသားသလားညံ့ဖျင်းသလားတော့မသိနိုင်ပါ။မိမိတို့ဥာဏ်ပညာဖြင့်စဉ်းစားချင့်ချိန်၍သာယုံကြည်ကြပါရန်။ သေဆုံးသူဦးရေကို၊ကူးစက်ခံရသူဦးရေနှင့်စား၍ သေပျောက်နှုန်းတွက်ချက်လျှင်အလွန်မှားပါသည်။အဘယ်ကြောင့်ဆိုသော်၊သေပျောက်မှု့နှန်းအမှန်သိလိုလျှင်၊ဖြစ်နေဆဲ(Open Case)များကိုထည့်မတွက်ပဲ(Closed Case)များနှင့်သာလျှင်တွက်ချက်၍အမှန်ရရှိနိုင်ပါလိမ့်မည်။ကူးစက်ခံရသောလူဦးရေသည်(Open Case)များဖြစ်နေသဖြင့်ထည့်တွက်၍မရနိုင်ပါ။ (2002)ခုနှစ်(SARS)ကိုပြန်ကြည့်လျှင်၊ရောဂါကူးစက်သူ(၈၀၉၈)ယောက်ရှိခဲ့ပြီး၊(၇၃၂၄)ယောက်ရောဂါပျောက်သွားခဲ့၍၊(၇၇၄)ယောက်သေဆုံးခဲ့ရပါတယ်။ထို့ကြောင့်သေပျောက်နုန်းပြန်တွက်ယူလျှင်သေသူ(၇၇၄)ကိုကူးစက်သူ(၈၀၉၈)ဖြင့်စားလိုက်သောအဖြေ(၉.၆%)ရရှိသည်မှာမှန်ကန်ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ယခုအခါတွင်(SARS)ဖြစ်နေသူ၊ဖြစ်နေဆဲ(Open Case)တစ်ဦးမှမရှိတော့ပဲ၊သေဆုံးသူနှင့်ရောဂါပျောက်ကင်းသူဟူ၍(Closed Case)နှစ်မျိုးသာလျှင်ကျန်ရှိပါတော့သည်။သင်္ချာနည်းအရ၊ရောဂါပျောက်ကင်းသွားခဲ့သူ(၇၃၂၄)ယောက်နှင့်သေဆုံးခဲ့သူ(၇၇၄)ယောက်တို့ကိုပြန်ပေါင်းလိုက်ပါက၊ကူးစက်သူ(၈၀၉၀)ယောက်ပြန်လည်ရရှိသဖြင့်မှန်ကန်နေပါသည်။ (2012)တွင်ဖြစ်ခဲ့သော(MERS)တွင်လဲ၊(SARS)ကဲ့သို့အားလုံး(Closed Case)များဖြစ်ခဲ့ပါပြီ၊ရောဂါဖြစ်နေသူ၊ဖြစ်နေဆဲ(Open Case)လုံးဝမရှိတော့ပါ။ရောဂါကူးစက်သူ(၁၀၀၀)ယောက်ရှိခဲ့ပြီး၊(၆၀၀)ယောက်ရောဂါပျောက်သွားခဲ့၍၊(၄၀၀)ယောက်သေဆုံးခဲ့ရပါသည်။ထို့ကြောင့်သေပျောက်နုန်းပြန်တွက်ယူလျှင်သေသူ(၄၀၀)ကိုကူးစက်သူ(၁၀၀၀)ဖြင့်စားလိုက်သောအဖြေ(၄၀%)ရရှိသည်၍မှန်ကန်ပါသည်။ Ref – en.wikipedia.org (COVID-19)ကိုတော့ရောဂါမပြီးဆုံးသေးသဖြင့်ထိုနည်းအတိုင်းတွက်ယူ၍မရနိုင်သေးပါ။အဘယ်ကြောင့်ဆိုသော်ရောဂါဖြစ်နေဆဲ၊မပြီးဆုံးသေးသော(Open Case)များမြောက်များစွာရှိနေ၍ဖြစ်ပါသည်။အနီးစပ်ဆုံးမှန်ကန်အောင်ခန့်မှန်းတွက်ချက်လိုလျှင်၊(Open Case)များကိုဘေးဖယ်ထားပြီး၊(Closed Case)နှစ်ခုဖြစ်သောလက်ရှိသေဆုံးသူဦးရေနှင့်၊လက်ရှိရောဂါပျောက်ကင်းသွားသူဦးရေအကြားတွင်အချိုးချ၍ရာခိုင်နှုန်းတွက်ချက်မှသာလျှင်ဖြစ်နိုင်ပါလိမ့်မည်။ (Case)အားလုံးမပြီးဆုံးသေးသဖြင့်တိတိကျကျတွက်၍မရနိုင်သေးသော်လည်း၊သင်္ချာနည်းအရပို၍ယုတ္တိဗေဒကြသောတွက်ချက်နည်းတစ်ခုဖြစ်နေပါသည်။ပို၍နီးစပ်သောသေပျောက်နုန်းမှန်ကန်မှု့ကိုကိုလိုချင်ပါက၊သေနှုန်းနှင့်ပျောက်နှုန်းနစ်ခုကိုသာလျှင်အချိုးချတွက်ချက်မှသာရရှိနိုင်ပါလိမ့်မည်။(WHO)၏တွက်ချက်မှု့သည်လှေနှံဓါးထစ်ဖြစ်နေပါသည်။ ယခုအခါအလွန်ထူးခြားသောတိုက်ဆိုင်မှု့များကိုထပ်၍ကြည့်ကြပါစို့။ယနေ့ရက်စွဲ(မတ်လ၆ရက်၊၂၀၂၀)အချိန်( မနက်၉နာရီ)တွင်ဖြစ်ပါသည်။
Read More

ကိုရိုနာ ဗိုင်းရပ်စ်ဟာ တရုတ်ထုတ်ကုန်ပစ္စည်းတွေ နဲ့အတူ ပါလာနိုင်သလား???

ကိုရိုနာဗိုင်းရပ်စ်ဟာ အတိုင်းအတာ အရွယ်အစား အနေနဲ့ 0.12 microns အချင်း ရှိပါတယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။ ချောင်းဆိုးရင်တောင် အသေးဆုံးအမှုန်က 8 ကနေ 14 micron အထိရှိတယ်ဆိုပါတယ်။အဲ့ဒီတော့ တစုံတယောက်က နှာစေး၊ချောင်းဆိုးလိုက်တဲ့ ရောဂါပါတဲ့ အမှုန်တွေဟာ… လေထဲမှာ ပြန့်လွင့်လို့သော်လည်းကောင်း၊ မျက်နှာပြင်ပေါ် တိုက်ရိုက်ကျလို့သော်လည်းကောင်း၊ ကုန်ပစ္စည်းထုပ်တွေအပေါ်မှာ ရှိနေနိင်ပါတယ်။ အဲ့ဒီမှာမေးစရာက
Read More

“စီမံခန့်ခွဲမှုအမှားများနဲ့ (YBS) ယခင် (မထသ) အတိုင်းဖြစ်တော့မလား”

“ဘယ်စနစ်နဲ့ ပြေးဆွဲနေတာလဲ (YBS)” ရန်ကုန်တိုင်း ဒေသကြီး အစိုးရကဦးဆောင်ပြီး မ.ထ.သ မှ YBSစနစ်ကို အချိန်ယူပြင်ဆင်ခဲ့ခြင်းမရှိဘဲ ပြုပြင်ပြောင်းလဲမှုပြုလုပ်ခဲ့သည်မှာ ယခုဆိုလျင် သုံးနှစ်ကိုပင် ကျော်လွန်လာခဲ့ပြီဖြစ်သည်။ထိုကဲ့သို့ သုံးနှစ် ကျော်ဆိုသည့် အချိန်ကာလတစ်ခုကိုဖြတ်သန်းလာပြီးချိန်တွင် မ.ထ.သ မှ YBSစနစ်သို့ ပြောင်းလဲမှုတွင် မည်သည့် အရာ များကောင်းမွန်လာပြီး မည်သည့် အရာများက ယခင်အတိုင်းပင်ရှိသေးသည်ကို နှိုင်းယှဉ်ကြည့်ရန်လိုအပ်သည်ဟုထင်ပါသည်။
Read More

“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၈) (၉)

ကျွန်တော်က ထိုဒဏ်ရာကြီးကို မည်ကဲ့သို့ရရှိခဲ့ပါသနည်း ။ အတွေးများက အတိတ်ကာလ ခပ်ဝေးဝေးနေရာများဆီ လွင့်ပျံပြေးသွားသည် ။ အမှန်တော့ ထိုကဲ့သို့သော ငရဲခန်းများကားအမှတ်တရ ပြန်တွေး၍ပင်မကြည့်ချင်သောကာလများသာ ဖြစ်လေသည် ။ တစ်ခုသော စစ်ဆင်ရေးတွင်ဖြစ်သည်………..။ ထိုစစ်ဆင်ရေးတွင်……ကျွန်တော်ပြောသော ဒေါနတောင်တန်းကြီးကိုပင်ပန်းဆင်းရဲစွာ ကျော်ဖြတ်ခဲ့သည် ။ထို့နောက် ကျွန်တော်တို့က မဲလစခန်းကို အခြားတပ်ရင်းတစ်ရင်းထံမှ လွှဲပြောင်းလက်ခံခဲ့ရသည် ။ ဒေါနတဖက်သို့ ကျော်ထွက်သွားပြီးလျှင်မော်ဖိုးကေ
Read More

“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၇)

ဒေါနတောင်တန်းပေါ်မှဒုက္ခများက နွေဖြစ်စေ၊မိုးဖြစ်စေ၊ ဆောင်းဖြစ်စေ အသင့်ရှိနေသည်။ ဆောင်းဥတုတွင်လည်း ထိုတောင်တန်းများက မိုးရွာလေ့ရှိပါသည်။ နွေနွေ မိုးမိုး ဆောင်းဆောင်း…ညအချိန်တွင် ဆီးနှင်းပေါက်ကြီးများကျတတ်ပြီး မိုးတွင်းဆိုလျှင် တောင်ပေါ်တွင်နေသာသည့်အချိန်က ရှားပါးလွန်းသည်။မိုးတွေက တပြိုက်ပြီး တစ်ပြိုက်သာ ရွာချနေတတ်သည်။ နေသာလျှင်လည်း ခဏသာဖြစ်တတ်သည်။ထိုတောင်ပေါ်တွင် ညအိပ်ရပြီဆိုလျှင် မီးဖိုကြီးများဖိုလျှက် အပူဓာတ်ကို ရယူကြရသည်။ စောင်မည်မျှပင်ခြုံခြုံ.. နွေးသည်မရှိ။ ထိုအထဲတွင် ဒက်ဟု ခေါ်သော
Read More

“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၆)

ကျွန်တော်တို့ကို ဗိုလ်လောင်းများ ဟု ခေါ်ဝေါ်သုံးစွဲနေကြသော်လည်း အမှန်ကမူ ကျွန်တော်တို့ကား ဗိုလ်လောင်းဘ၀သို့ မရောက်ရှိသေးပါချေ…၊ ဗိုလ်လောင်းအဖြစ် လျာထားသောအလောင်းအလျာများဘ၀၌သာ ရှိပါသေးသည်…၊ ကျွန်တော်တို့ကို စစ်ကြောရေးနှင့် တည်းခိုရေးသို့ပို့သည် ၊ ဗိုလ်သင်တန်းကျောင်းမှ အရာရှိများ လာစောင့်နေသည်…၊ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးစစ်ကြရသည်..၊ အမျိုးသမီးသူနာပြု ဗိုလ်လောင်း( Nursing Gadet ) များက မကြားတကြား
Read More

“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၅)

ထိုအချိန်တွင်…..ဘယ်လောက်ပေးရင် ဗိုလ်လောင်းအောင်သတဲ့…၊ဘယ်သူ့ဆီသွားရင်ရသတဲ့…စသဖြင့် ကောလဟလများကလည်း ရှိနေသည်..၊အဘက်ဘက်က အနှုတ်လက္ခဏာပြနေသော ကျွန်တော်၏ဗိုလ်လောင်းဖြေဆိုမှုခရီးစဉ်အတွက် ကျွန်တော်၏ ရင်းနှီးသောသူငယ်ချင်းစစ်သည် တစ်ဦးတစ်လေမှလွဲ၍ မည်သူကမှ အားတက်သရောမရှိလှ၊ကျွန်တော်တို့တပ်ရင်းမှ ဗိုလ်ရွေးထိတက်ရောက်ဖြေဆိုသူ(၁၁) ဦးရှိခဲ့သည်..၊ ဟိုလူကတော့ အောင်နိုင်ခြေရှိသည်၊ ဒီလူကတော့အောင်နိုင်သည်ဟု ကောလဟလအကြိုစာရင်းများတွင်ကျွန်တော်၏အမည်ကား မှုန်ဝါးဝါးလေးမျှမပါ။ နောက်ကျောလေးလှန်ကြည့်သော်လည်း မပါရှိခဲ့ပေ…။ ကျွန်တော်တို့၏ရှေ့တွင် ကျွန်တော်တို့ကဲ့သို့ပင်သွားရောက်ဖြေဆိုခဲ့ပြီးအကြိမ်ကြိမ်ကျရှုံးခဲ့သောဗိုလ်လောင်းများနည်းတူ ကျွန်တော့်ကိုလည်းဒီပုတ်ထဲကဒီပဲမျှသာ အထင်ရှိပုံရလေသည်…၊ ကျွန်တော့်အပေါ်ယုံကြည်မှုအပြည့်ရှိသောသူငယ်ချင်းတစ်ဦးသာရှိသည်….။သူကရခိုင်လူမျိုးဖြစ်သည်။ ကျွန်တော်ဘာလုပ်လုပ်.. သူကမှန်တယ်ချည်းသာထင်နေတတ်သူဖြစ်သည်.. သူကတော့
Read More

“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၄)

အဘယ်ကြောင့်နည်း…… သေနတ်သံ ဗုံးသံများကြား ဖုံးအုပ်ပျောက်ကွယ်နေသော ကျွန်တော်တို့၏ နှစ်လက်မစိန်ပြောင်းနှစ်လက်၏လက်စွမ်းပြမှုများက ကျွန်တော်တို့ ရောက်ရှိနေပြီးဖြစ်သော ရန်သူ့စခန်းကုန်းဟောင်းပေါ်သို့ တာဝန်ကျေစွာ တဂျိုင်းဂျိုင်း ကျရောက် ပေါက်ကွဲလာသောကြောင့်ဖြစ်သည်။ကျွန်တော်တို့က စခန်းကို မမျှော်လင့်ပဲ ပေါချောင်ကောင်းရလိုက်ခြင်းကြောင့် ၊ နောက်တွင်နေရာချထားခဲ့သော နှစ်လက်မစိန်ပြောင်းနှစ်လက်ကို မေ့လျှော့ ခဲ့ကြခြင်းကြောင့် ဖြစ်လေသည်…၊ အကယ်၍သာ ပစ်ခတ်ရှင်းလင်းမှုမပြုမီ ထိုစိန်ပြောင်း (၂)လက်အား ဆက်သားစေလွှတ်၍ တားဆီးမည်ဆိုလျှင်
Read More