မိတ်ကပ်ဆရာ သူသူရဲ့ မွေးနေ့မှာ ဆေးကြီးကြီး ထိုးပြီး မွေးနေ့ ဆုတောင်းပေးလိုက်တဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို လက်မလည်အောင် ရိုက်ကူးခဲ့ရပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်မှုရရှိနေဆဲဖြစ်တဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က သူမရဲ့ အောင်မြင်မှုကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်သလို ပရိသတ်တွေ၊ အနုပညာအသိုင်းက ညီအစ်ကိုမောင်နှမတွေနဲ့လည်း ဆက်ဆံရေးကိုလည်း ခိုင်မြဲအောင် တည်ဆောက်ထားနိုင်ကြတာပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်း သင်ဇာဝင့်ကျော်က သူမနဲ့အနီးကပ်အမြဲတမ်းရှိတဲ့ မိတ်ကပ်ဆရာ သူသူအောင်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။သင်ဇာဝင့်ကျော်က “Happy birthday my lovely daughter 🎊🎂🎁🎈🎉 🥰 ယခုမွေးနေ့မှစ၍ စိတ်ချမ်းသာကိုယ်ကျန်းမာရှိပြီး မိဘကိုလဲကျေးဇူးသိတတ်လုပ်ကျွေးနိုင်တဲ့ သမီးလိမ္မာလေးဖြစ်ပါစေ 🙏🏼🥰 သူငယ်ထောင်တာလျှော့နော်😌 A little bit ပဲထောင် 🤏🏼 အမွှေပေါ့ 😂

ချစ်တယ် ❤️❤️❤️ ပုံလေးတွေကတော့ ခေတ်ကောင်းတုန်းကရိုက်ထားတာပါ။ နားလည်ပေးကြပါနော် 🙏🏼🙏🏼🙏🏼” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှ ာပြောလာခဲ့ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ချစ်ရတဲ့မိတ်ကပ်ဆရာ သူသူအောင်နဲ့ အတူတူရိုက်ကူးခဲ့ဖူးတဲ့ ဆေးဓာတ်ပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

Source: Thin Zar Wint Kyaw ‘s fb

Add a Comment

Your email address will not be published. Required fields are marked *