အနောက်ကနေအတင်းသိုင်းဖက်ပြီး ကစားဖို့ခေါ်နေတဲ့ ကိုကိုဂျက်ဂျက်ကို စိတ်တွေဆိုးပြီး အော်နေတဲ့ ဂျူးဂျူးလေးကို ချစ်မဝဖြစ်နေတဲ့ နန်းမြတ်ဖြိုးသင်း

ပရိသတ်ကြီးရေ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ သူမရဲ့ ကလေးနှစ်ယောက်နဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပေမယ့်လည်း ကလေးနှစ်ယောက်ရဲ့ ရှေ့ရေးအတွက် အလုပ်တွေ ကြိုးစား လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း အမြဲလိုလို ဝေမျှပေးနေတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း နန်းမြတ်ရဲ့ ကလေးနှစ်ယောက်လုံးကို ချစ်နေကြရတာ ဖြစ်ပါတယ်။ မကြာသေးခင်က နန်းမြတ်ဖြိုးသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ညီမလေးကို အနောက်ကနေ သိုင်းဖက်ပြီး အတူဆော့ဖို့ဟန်ပြင်နေတဲ့ သားလေးကို မနည်းတား ယူနေရတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

နန်းမြတ်ကတော့ သူမရဲ့ အားလပ်ချိန်တိုင်း ကလေးနှစ်ယောက်ကိုသာ အချိန်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ မောင်နှမနှစ်ယောက်လုံးကလည်း တစ်ယောက်ကို တစ်ယောက်အရမ်းချစ်နေကြတာကို ဗီဒီယိုထဲတွင် မြင်တွေ့ရမှာပါ။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် နန်းမြတ်တို့ သားအမိတွေရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit:

Add a Comment

Your email address will not be published. Required fields are marked *