နေ့စဉ် ခြေထောက်ကို မိနစ် ၂၀ ခန့် အပေါ် မြှောက်ပေးခြင်းဖြင့် ရရှိ လာမယ့်အကျိုး ကျေးဇူးများ

နေ့စဉ် သင့် ခြေထောက်ကို မိနစ် ၂၀ ခန့် အပေါ် မြှောက်ပေးခြင်းဖြင့် ရရှိ လာမယ့်အကျိုး ကျေးဇူးများ

နေ့စဉ် လှုပ်ရှား ရုန်းကန် နေရတဲ့ ဘဝကြီးမှာ အနားယူချိန် ရှိဖို့ လိုအပ် သလို ၊ ခန္ဓာကိုယ် ကို အနားပေးဖို့လည်း လိုပါတယ် ။ ခန္ဓာကိုယ်ကို အနား ပေးတယ် ဆိုတဲ့ နေရာမှာလည်း ထိရောက် တဲ့ နည်းလမ်းလေး တွေ ရှိပါတယ် ။ ခု ဖော်ပြပေး မှာကတော့ ခန္ဓာကိုယ်ကို အနား ပေးရင်းနဲ့ သင့် ခြေထောက်ကို နေ့စဉ် မိနစ် ( ၂၀ ) ခန့် အပေါ် မြှောက်ပေး ခြင်းဖြင့် ရလာမယ့် အကျိုး ကျေးဇူးတွေပဲ ဖြစ်ပါတယ် ။

ခြေထောက် မြှောက်ဖို့ အတွက် တစ်ခြား ထွေထွေ ထူးထူးကြီးတွေ မလိုပါဘူး ။ ကြမ်းပြင်မှာ အိပ်ပြီး ဘေးနားက နံရံမှာ ခြေထောက် နှစ်ဖက်ကို စုပြီး မြှောက်ထားလိုက် ရုံပါပဲ ။

( ၁ ) ခြေထောက်ကိုပေါ့ပါးစေတယ် ။

တစ်ခါ တလေ သွေးလည်ပတ်မှု နှုန်း မကောင်းခြင်းကြောင့် ခြေထောက်က ရောင်နေ ပြီးတော့ လေးလံနေတာမျိုးတွေ ဖြစ်နေ တတ်ပါတယ် ။ စားသောက်မှု ပုံစံ ၊ ကျောက်ကပ်နဲ့ ပေါင်ချိန် အရမ်းများနေလို့လည်း ဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ ဆေးကုသမှုကို ခံယူသင့်ပါတယ် ။ ဘယ်လိုပဲဖြြစ်ဖစ် ရောင်နေတဲ့ သင့်ခြေထောက်ကို အပေါ်ဖက် မိနစ် ( ၂၀ ) ခန့် မြှောက်ပေးခြင်းဖြင့် အရောင်ချက်ချင်း ကျစေပါတယ် ။

( ၂ ) ခြေထောက် နာတာတွေကို သက်သာစေတယ် ။

ဒေါက်ဖိနပ်လှလှလေး စီးပြီးရင် ခံစားရတဲ့ ဒုက္ခကို မိန်းကလေးတိုင်းနီးပါး ကြုံဖူးကြမှာပါ။ အိမ်ပြန်ရောက်တဲ့အခါ ဒေါက်ဖိနပ်ကိုချွတ်ပြီး ခြေထောက်ကို အပေါ်ဖက် မိနစ် (၂၀) ခန့်မြှောက်ပေးခြင်းဖြင့် နာကျင်မှုတွေအားလုံးကို သက်သာစေပြီး အကြောအချဉ်တွေကို ပြေစေပါတယ်။

(၃) အစာချေစနစ်ကို ကောင်းမွန်စေတယ်

ခြေထောက်ကို အပေါ်ဖက် မြှောက်ပေးခြင်းဖြင့် သွေးလည်ပတ်မှု အားကို ကောင်းမွန် စေတာကြောင့် အစာချေ စနစ်ကို ကောင်းမွန်စေပြီး ဗိုက်မပူ စေတော့ပါဘူး ။

( ၄ ) အာရုံကြောတွေကို ပြေလျော့စေတယ် ။

ဒီလို ခြေထောက်ကို အပေါ်ဖက် မြှောက်ပေးခြင်းဖြင့် အသက်ရှူတဲ့ အခါ ဦးနှောက်ထဲကို အောက်စီဂျင် ပိုမို ရောက်ရှိ နိုင်တာကြောင့် အာရုံကြောတွေကို ပြေလျော့စေပြီး အကြောအချဉ် တွေကို ပြေလျော့စေတဲ့ အတွက် ပင်ပန်း နွမ်းနယ် တာတွေကို အထူး သက်သာ စေပါတယ် ။

( ၅ ) ကောင်းမွန်စွာ အိပ်ပျော်စေတယ် ။

ဒီလို ခြေထောက်ကို အပေါ် မြှောက်ပေးခြင်းဟာ ညဖက် ကောင်းကောင်း အိပ်မပျော်တဲ့ သူတွေအတွက် အထူး သင့်လျော်ပါတယ် ။ ဒီ နည်းလမ်းလေးဟာ တရားထိုင်ပေးသလိုမျိုးပဲ စိတ်ကို တည်ငြိမ်စေပြီး နှစ်ခြိုက်စွာ အိပ်မောကျ စေတဲ့ နည်းလမ်းလေး ဖြစ်ပါတယ် ။

Credit:Myanmar MyinKwin Zone

Add a Comment

Your email address will not be published. Required fields are marked *