မိသားစုအတွက် အနုပညာအလုပ်တွေပြန်လုပ်ရတော့မယ့်အကြောင်းအသိပေးလာတဲ့ အက်စတာဒေါ့ချင်းဆုန်

Myanmar Idol Season (3) ရဲ့ Winner တစ်ယောက်ဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ပြိုင်ပွဲမှာ Winner ဆုကြီးရရှိပြီးနောက် အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလို့လာခဲ့တာ ဖြစ်ပါတယ်။ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ပရိသတ်တွေအတွက် သီချင်းတွေကို အဆက် မပြတ်ဖန်တီးနေပြီး မရိုးနိုင်တဲ့ ဂီတလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေသူလေးတစ်ဦး ဖြစ်ပြီး နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ အက်စတာဒေါ့သ်ချင်းဆုန်ဟာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်တော့မယ်ဆိုတဲ့အကြောင်းကို အသိပေးလာခဲ့ပါတယ်။

အက်စတာဒေ့ါသ်ချင်းဆုန်က “2020 -2021 ဖြတ်ကျော်ရတဲ့ကာလ ဆုန်ဆုန်အပါအဝင်အလွှာအသီးသီးက လူတိုင်းမထင်မှတ်ဘဲအခက်အခဲပေါင်းစုံကို ဒီကာလမှာခံစားခဲ့ရတယ်။ ပေးကမ်းတဲ့လက်တစ်စုံတွေလည်းကြာလာတော့ ခက်ခဲလာကြပြီ။ ဒီကာလမှ ာကိုယ်လည်းပျော်နေတာတော့မဟုတ်ပါဘူး။ မပျော်ပေမယ့် လည်း မိသားစုအတွက်ရော၊ကိုယ်ကူခြင်တာ ကိုယ်လှူချင်တာအတွက်ရော ကိုယ်ကပေးကမ်းတဲ့လက်တစ်စုံအဖြစ်ဆက်ရှိခြင်သေးတယ်။

အဲဒီတော့ လုပ်သင့်လုပ်ထိုက်တာလေးတွေတော့ လုပ်မှရတော့မယ့်အချိန်ဖြစ်သွားပြီ။ ဒီကာလမှာ ဘာအလုပ်တစ်ခုမှ မလုပ်ပဲ နားထားတာလဲ ကြာခဲ့ပြီဆိုတော့ ဆုန်ဆုန့်အနေနဲ့ (သေခြာစီစစ်ပြီးတော့) အလုပ်လေးတစ်ချို့ကိုတော့ ပြန်စလုပ်ချင်ပါတယ်။ အားလုံးကိုလေးစားတဲ့အနေနဲ့ နားလည်ပေးဖို့မေတ္တာရပ်ခံပါတယ်။” ဆိုပြီး ပြောလာပါတယ်။ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ မိသားစုအတွက် လှူချင်တာတွေလှူနိုင်ဖို့အတွက် အနုပညာအလုပ်တွေကို သေချာစီစစ်ပြီး ပြန်လည်လုပ်ကိုင်တော့မယ့်ဖြစ်ကြောင်း ပရိသတ်တွေကို လေးစားစွာ အသိပေး လာခဲ့တာပဲဖြစ်ပါတယ်။

Source: Esther DCS’s fb

Credit ; Myanmar Celebrities

Add a Comment

Your email address will not be published. Required fields are marked *