ယနေ့မှာ ကျ ရောက်လာတဲ့ မွေးမိခင်ရဲ့ မွေးနေ့ကို အဝေးက နေ ဆုတောင်းပေးရလိုက်တဲ့ အဆိုတော် Rဇာနည်

နိုင်ငံကျော် အဆိုတော် R ဇာနည် ကတော့ ဂီတလောကမှာ နှစ်ပေါင်း (၂၀) ကျော်တိုင် အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးအရှုပ်အထွေးတွေမှာလည်း R ဇာနည်ဟာ တရားသောဓမ္မဘက်ကနေ ရပ်တည်ပြီး ပြည်သူတွေဘက်ကနေ ရဲရဲဝံ့ဝံ့ရှိနေခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာလည်း လွတ်မြောက်နယ်မြေမှာနေထိုင်ရင်း ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေလျက်ရှိတဲ့ R ဇာနည်ဟာ ဒီကနေ့မှာလည်း သူ့ရဲ့မိခင်ကြီးကို သတိရတမ်းတနေတာကိုတွေ့ရပါတယ်။ R ဇာနည်က ဒီကနေ့ ဇန်နဝါရီလ (၇) ရက်နေ့ကတော့ R ဇာနည်ရဲ့ မေမေ မွေးနေ့ဖြစ်ပြီး R ဇာနည်က သူ့မိခင်ရဲ့မွေးနေ အတွက် “Happy Birthday 🎊🎉🎂🎁🎈 ပါမေမေ.. မေမေ့ အရင်မွေးနေ့ တွေမှာ ရိုက်ထားတဲ့ ပုံ အချို့နဲ့ Wish လုပ်ပြီး ဒီနှစ်တော့ အဝေးကနေ ကန်တော့လိုက်ပါတယ် 🙏🙏🙏🙏🙏

မကြာခင်ပြန်ဆုံမယ်နော် အရမ်းချစ်တယ် အာဘွား😘❤️” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။ မေမေ့ရဲ့မွေးနေ့မှာ အနားမှာရှိမနေနိုင်ပဲ အဝေးရောက်နေတာမို့ မိသားစုတွေနဲ့ အမြန်ဆုံးဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Zarni Myonyunt ‘s fb

Credit ; Myanmar Celebrities

Add a Comment

Your email address will not be published. Required fields are marked *