သာသနာ့ဘောင် အတွင်းပျော်မွေ့နေပြီး ပရိတ်သတ်တွေကို တရားချ လိုက်တဲ့ ဆက်ဆီမော်ဒယ် သဇင်ဦး
ဆက်စီမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ သဇင်ဦးကတော့ သူမရဲ့ စွဲမက်ဖွယ်အပြည့်နဲ့ ညှို့အားကောင်းကောင်းပုံရိပ်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ လူငယ်တစ်ယောက်ပီပီ လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်ပေမယ့် ဘာသာရေး ကိုလည်း မမေ့လျော့တဲ့ သဇင်ဦးဟာ မနေ့က ဇန်နဝါရီလ (၇) ရက်နေ့မှာပဲ သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့ပါတယ်။
ဆရာလေးသီလဝတီတဖြစ်လဲ သဇင်ဦးက “လူဘောင်လူလောကမှာရှိနေပြီး ကိလေသာအပူတွေကိုယူနေကြတဲ့ လူသားတွေအားလုံးကို ဆရာလေးကမှာချင်ပါတယ်။နောက်ဆုံးအချိန်မရောက်ခင် လူဘဝရဲ့အညစ်အကြေးတွေသန့်စင်နိုင်ဖို့ အေးချမ်းတဲ့တရားရေအေးနာယူအားထုတ်ဖို့/ လူဆိုသာသေမျိူး ဘယ်နေ့သေမလဲမသိနိုင်သလို စက္ကန့်တိုင်းမှာလဲသေသွားနိုင်တယ်။
ဒါကြောင့်သေရင် ကိုယ့်အတွက်ပါမဲ့ ဒီကုသိုလ် ငြိမ်းချမ်းတဲ့နေရာသာသနာ့ဘောင်ထဲကို သာသနာပြုနိုင်ဖို့ကြိုးစားကြပါလူသားအားလုံး🙏🙏🙏 ” ဆိုပြီး ပရိသတ်တွေကိုလည်း လူ့ဘဝရဲ့မသေခင်အချိန်ခဏလေးအတွင်းမှာ သာသနာပြုဖို့ကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ သဇင်ဦးကတော့ သေရင်ကိုယ့်အတွက်ပါမယ့် ကုသိုလ်အတွက် သာသနာ့ဘောင်ထဲကိုဝင်ပြီး တရားထူးတရားမြတ်တွေကို ကျင့်ကြံအားထုတ်ကာ သာသနာပြုနေလျက်ရှိတာမို့ ပရိသတ်ကြီးက ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုပေးခဲ့ကြပါဦး။
Source: Tha Zin Oo’s fb
Credit ; Myanmar Celebrities
Source: Tha Zin Oo’s fb
Add a Comment
Your email address will not be published. Required fields are marked *