တီတီ Bobby Soxer ကို ကားဝယ်ပေးဖို့ ပူဆာနေတဲ့ ဂျက်ဂျက် ကို ချစ်မဝဖြစ်နေတဲ့ မေမေ နန်းမြတ်ဖြိုးသင်း

ပရိသတ်ကြီးရေနန်း​မြတ်ဖြိုးသင်းကတော့ ခင်ပွန်းသည် ဆုံးရှူံးထားပေမယ့်လည်း ကျန်ရစ်ခဲ့တဲ့သားနဲ့သမီးအတွက် အင်အားအပြည့်နဲ့ ဘဝကိုအင်အားအပြည့်နဲ့ ရှေ့ဆက်မယ်လို့ ကြွေးကြော်ထားသူလေးပါ။ ဒါ့အပြင် ချစ်စရာကောင်းတဲ့သားသားလေးနဲ့မီးမီးလေးတို့ရဲ့ ပုံရိပ်တွေကိုမကြာမကြာ တင်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေကတော့ သားသားနဲ့မီးမီးလေးကိုအချစ်ပိုလျက်ရှိနေဆဲပါ

ဒီနေ့မှာလည်း ထက်ထက် (bobby soxer)နဲ့နန်းသူဇာတို့ နန်းမြတ်အိမ်ကိုလာရောက်လည်ပတ်ခဲ့ပြီး”အိမ်ကို တီတီဒုံ တီတီနန်း နဲ့ တီတီထက်တို့လာလည်တုန်းက ဂျက်ဂျက်ရဲ့ပူဆာနေမှုကြီး 🚖🚗တီတီတွေကိုfly kissတွေအားရပါးရပေးသေးတာ ဗီဒီယိုမရိုက်လိုက်ရလို့😅”​ဆိုတဲ့စာလေးနဲ့ စကားတွေ တီတီတာ တာပြောကာ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် လာလည်တဲ့ ထက်ထက်နဲ့နန်းသူဇာတို့ အချစ်ပိုနေရတဲ့ဗီဒီယိုဖိုင်လေးကိုတင်လာခဲ့ပါတယ်။

သူမအနေနဲ့ ရုတ်တရက်ကြီးခင်ပွန်းဆုံးပါးသွားမှုအပေါ် ပရိသတ်တွေနဲ့အနုပညာမောင်နှမတွေဟာလည်း ထပ်တူဝမ်းနည်း ခဲ့ကြပြီး အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့နန်း​သူဇာနဲ့ ထက်ထက်တို့ကလည်း အမြဲဘေးကနေ အားပေးလျက်ရှိတာပါ။ ပရိသတ်တွေလည်း ဂျက်ဂျက်ရဲ့စကားတတ်ကာ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီးချစ်ရင် တစ်ခုခုမှတ်ချက်ပေးခဲ့ပါဦးနော်။

Credit-CeleGabar
Source- NanMyatPhyoThin

ပရိသတ္ႀကီးေရနန္း​ျမတ္ၿဖိဳးသင္းကေတာ့ ခင္ပြန္းသည္ ဆုံးရႉံးထားေပမယ့္လည္း က်န္ရစ္ခဲ့တဲ့သားနဲ႔သမီးအတြက္ အင္အားအျပည့္နဲ႔ ဘဝကိုအင္အားအျပည့္နဲ႔ ေရွ႕ဆက္မယ္လို႔ ေႂကြးေၾကာ္ထားသူေလးပါ။ ဒါ့အျပင္ ခ်စ္စရာေကာင္းတဲ့သားသားေလးနဲ႔မီးမီးေလးတို႔ရဲ့ပုံရိပ္ေတြကိုမၾကာမၾကာ တင္ေပးေလ့ရွိတာေၾကာင့္ ပရိသတ္ေတြကေတာ့ သားသားနဲ႔မီးမီးေလးကိုအခ်စ္ပိုလ်က္ရွိေနဆဲပါ။

ဒီေန႔မွာလည္း ထက္ထက္ (bobby soxer)နဲ႔နန္းသူဇာတို႔ နန္းျမတ္အိမ္ကိုလာေရာက္လည္ပတ္ခဲ့ၿပီး”အိမ္ကို တီတီဒုံ တီတီနန္း နဲ႔ တီတီထက္တို႔လာလည္တုန္းက ဂ်က္ဂ်က္ရဲ့ပူဆာေနမႈႀကီး 🚖🚗တီတီေတြကိုfly kissေတြအားရပါးရေပးေသးတာ ဗီဒီယိုမရိုက္လိုက္ရလို႔😅”​ဆိုတဲ့စာေလးနဲ႔ စကားေတြ တီတီတာ တာေျပာကာ ခ်စ္စရာေကာင္းတဲ့ အမူအရာေလးေတြေၾကာင့္ လာလည္တဲ့ ထက္ထက္နဲ႔နန္းသူဇာတို႔ အခ်စ္ပိုေနရတဲ့ဗီဒီယိုဖိုင္ေလးကိုတင္လာခဲ့တာပါတယ္။

သူမအေနနဲ႔ ႐ုတ္တရက္ႀကီးခင္ပြန္းဆုံးပါးသြားမႈအေပၚ ပရိသတ္ေတြနဲ႔အႏုပညာေမာင္ႏွမေတြဟာလည္း ထပ္တူဝမ္းနည္း ခဲ့ၾကၿပီး အခ်စ္ဆုံးသူငယ္ခ်င္းေတြျဖစ္တဲ့နန္း​သူဇာနဲ႔ ထက္ထက္တို႔ကလည္း အျမဲေဘးကေန အားေပးလ်က္ရွိတာပါ။ ပရိသတ္ေတြလည္း ဂ်က္ဂ်က္ရဲ့စကားတတ္ကာ ခ်စ္စရာေကာင္းတဲ့ ဗီဒီယိုဖိုင္ေလးကို ၾကည့္ၿပီးခ်စ္ရင္ တစ္ခုခုမွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Credit-CeleGabar
Source- NanMyatPhyoThin

Add a Comment

Your email address will not be published. Required fields are marked *