မွေးလတူ ကလေးတွေကို စုပေါင်းပြီး မွေးနေ့ကျင်းပ ပေးလိုက်တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ မိဘမဲ့ ဂေဟာလေးကို တည်ထောင်ထားပြီး အခြေအနေတွေ အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးတွေကို တရားဝင် ခေါ်ယူ မွေးစား စောင့်ရှောက်ပေးနေခြင်း ဖြစ်ပါတယ်။ သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်န ာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။

ကလေးငယ်လေးတွေကို ဝမ်းနှင့်လွယ်မွေးထားရတဲ့ သားသမီးတွေလိုမျိုး ချစ်ခြင်းမေတ္တာတရားတွေ အပြည့်ပေးနေတဲ့သူဖြစ်ပါတယ်။ ခိုင်နှင်းဝေက သားသမီးလေးတွေရဲ့ ချစ်ဖို့အရမ်းကောင်းတဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေ ၊ ဓာတ်ပုံလေးတွေကိုလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးေ နကြဖြစ်ပါတယ်။

အခုလည်း မွေးလတူတဲ့ သားတွေသမီးတွေကို စုပြီး ပျော်ရွှင်စရာ အမှတ်တရလေးတွေ ဖန်တီးပေးဖြစ်ခဲ့ပုံကို ဗီဒီယိုလေးနဲ့ တကွ ” ခိုင်ထက်ဦးမောင်၊ ခိုင်လွတ်လပ်မောင်၊ ခိုင်နွေဦးမောင် တို့ရဲ့ (၁)နှစ်ပြည့် မွေးနေ့လေးပါရှင်…❤️❤️💕💓🎁🎁(မွေးလတူတဲ့ အတွက် စုပြီး ကျင်းပပေးခဲ့ပါတယ်..) ” ဆိုတဲ့ စာလေးကို ရေ းသားဖော်ပြထားတာကို ပရိသတ်တွေ အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit– Cele Zone

Photo – Khine Hnin Wai




Credit– Cele Zone

Photo – Khine Hnin Wai

 

Add a Comment

Your email address will not be published. Required fields are marked *