သူငယ်ချင်း ကောင်းမြတ်စံရဲ့ ချစ်စရာကောင်းတဲ့ တချက် ကို ထုတ်ပြောပြလိုက်တဲ့ ပိုးကြာဖြူခင်

MRTV 4 သရုပ်ဆောင်တွေဖြစ်ကြတဲ့ ကောင်းမြတ်စံနဲ့ ပိုးကြာဖြူခင်တို့ကတော့ ဇာတ်လမ်းတွဲ အသီးသီးမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားကြသူတွေဖြစ်ပါတယ်။ ပိုးကြာဖြူခင်နဲ့ ကောင်းမြတ်စံတို့က အနုပညာမောင်နှမတွေဖြစ်ကြသလို အပြင်မှာလည်း သူငယ်ချင်းလို၊ မောင်နှမလိုချစ်ကြရတဲ့ သူတွေပဲဖြစ်ပါ တယ်နော်။

ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး အတွဲညီကြလွန်းတဲ့ ကောင်းမြတ်စံနဲ့ ပိုးကြာဖြူခင်တို့နှစ်ယောက်စလုံးကို ချစ်ခင်စွာနဲ့ အားပေးကြတာပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ ပိုးကြာဖြူခင်က ကောင်းမြတ်စံဆီမှာရှိတဲ့ ချစ်စရာကောင်းတဲ့အချစ်တစ်ချက်ကို ပြောပြလာပါတယ်။ ပိုးကြာဖြူခင်က ကောင်းမြတ်စံနဲ့ အတူတူရိုက် ကူးထားတဲ့ ဓာတ်ပုံလေးကိုတင်ရင်း

“ဒီကလေး နားနေရင် ရယ်နေရတာ ပါးစပ်တောင်မပိတ်နိုင် 😄” ဆိုပြီး အနားမှာရှိတဲ့လူကို ရယ်ရအောင်၊ ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တဲ့ ကောင်းမြတ်စံအကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။ကောင်းမြတ်စံကတော့ မျက်နှာလေးအမြဲတမ်းပြုံးချိုနေသလို သူ့ရဲ့အနားမှာရှိတဲ့လူတွေကိုလည်း ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တာ သူ့ရဲ့ ချစ်စရာကောင်း တဲ့ အချက်တစ်ချက်ပါပဲ ဖြစ်ပါတယ်။

Source: Poe Kyar Phyu Khin’s fb

Credit ; Myanmar Celebrities






Add a Comment

Your email address will not be published. Required fields are marked *