(၅-၁-၂၀၂၁) နေ့မှာ YGN KTV ကိုဝင်ရောက်ဖမ်းဆီးရာ မန်နေဂျာအပါအဝင် စုစုပေါင်း ၈၂ ဦးကိုဖမ်းမိ

Posted on

ကိုဗစ်ကာလ အတွင်း ဖွင့်လှစ်ကာ  ရောင်းချနေသော ဒဂုံမြို့သစ် မြောက်ပိုင်း၊ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော YGN KTV ကို  ယနေ့ ဇန်နဝါရီ ၅ ရက် မနက် ၀၀ နာရီ ၄၀ မိနစ်က  အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှူးနှင့်  ခရိုင်ရဲတပ်ဖွဲ့မှူး  ဦးဆောင်သော အဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ  ဆိုင်ဝန်ထမ်းကျား( ၁၇) ဦး မ (၁၃) ဦး၊ လာရောက် သီဆိုစားသောက် နေသူကျား( ၃၅) ဦး၊မ (၁၆)  ဦးတို့နှင့် မန်နေဂျာ လွတ်လပ်အောင် ၊ စုစုပေါင်း( ၈၂ ) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆိုင်မန်နေဂျာ လွတ်လပ်အောင် ကို ဒဂုံမြို့သစ်မြို့မရဲစခန်းက (ပ)၆/၂၀၂၁၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၅ ဖြင့်  အရေးယူထားကြောင်း နှင့် ကျန်သူများကိုခံဝန် ဖြင့်ပြန်လွှတ်လိုက်ကြောင်း  သိရသည်။

Credit; CWESONE NEWS

Zawgyi;

ကိုဗစ္ကာလ အတြင္း ဖြင့္လွစ္ကာ  ေရာင္းခ်ေနေသာ ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္း၊ ျပည္ေထာင္စု လမ္းမႀကီးေပၚတြင္ ဖြင့္လွစ္ထားေသာ YGN KTV ကို  ယေန႔ ဇန္နဝါရီ ၅ ရက္ မနက္ ၀၀ နာရီ ၄၀ မိနစ္က  အေရွ႕ပိုင္းခရိုင္အုပ္ခ်ဳပ္ေရးမႉးႏွင့္  ခရိုင္ရဲတပ္ဖြဲ႕မႉး  ဦးေဆာင္ေသာ အဖြဲ႕က ဝင္ေရာက္ဖမ္းဆီးရာ  ဆိုင္ဝန္ထမ္းက်ား( ၁၇) ဦး မ (၁၃) ဦး၊ လာေရာက္ သီဆိုစားေသာက္ ေနသူက်ား( ၃၅) ဦး၊မ (၁၆)  ဦးတို႔ႏွင့္ မန္ေနဂ်ာ လြတ္လပ္ေအာင္ ၊ စုစုေပါင္း( ၈၂ ) ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဆိုင္မန္ေနဂ်ာ လြတ္လပ္ေအာင္ ကို ဒဂုံၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းက (ပ)၆/၂၀၂၁၊ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာ ပုဒ္မ ၂၅ ျဖင့္  အေရးယူထားေၾကာင္း ႏွင့္ က်န္သူမ်ားကိုခံဝန္ ျဖင့္ျပန္လႊတ္လိုက္ေၾကာင္း  သိရသည္။

Credit; CWESONE NEWS

 

 

Leave a Reply

Your email address will not be published. Required fields are marked *