အော် – တို့ ပုရိသ တွေရဲ့ အသဲ ကို ခွဲသွားတာ (၃) နှစ်တောင်ကြာခဲ့ပြီကိုး- Wedding ဗီဒီယိုလေးကိုပဲ ကြည့်နေတော့မယ် ယွန်းဝတီလွင်မိုးရယ်–

Posted on

သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း အမြဲလိုလို တင်ပေးလေ့ရှိရာ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ခေးလေးရဲ့ Instagram Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ တစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာဖက်ထားပြီးရိုမက်တစ်ဆန်ဆန်ကျင်းပခဲ့တဲ့Weddingဗီဒီယိုလေးကိုထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ CeleWeekly ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

သရုပ်ဆောင်လောကမှာ တစ်ချိန်က နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ သရုပ်ဆောင်လွင်မိုး ရဲ့ သမီးကြီး ယွန်းဝတီလွင်မိုး ဟာ သူ့အဖေလိုပဲ အနုပညာလောကမှာဆက်လျှောက်လှမ်းမယ်ဆိုရင် အောင်မြင်မှု ရယူနိုင်မယ့်သူလေးပါ။ ငယ်စဉ်ကတည်းက ပရိသတ်က လွင်မိုးသမီးဆိုပြီး အာရုံစိုက်ရုံ
တင်မက သူမ ကိုယ်တိုင်က ကို ဆွဲဆောင်မှုရှိသူ လေးတစ်ဦးဖြစ်လို့ လူသိများလာခဲ့တာလည်းဖြစ်ပါတယ်။

လှပကျော့ရှင်းသူလေးဖြစ်ပြီး အဖေဖြစ်သူရဲ့ ဗီဇပိုးကပါလာလေတော့ အနုပညာမှာလည်း သူမ အတွက်မစိမ်းခဲ့ပါဘူး- အိမ်ထောင်ကျပြီးဖြစ်ပေမယ့်
သူမ ရဲ့အလှက ခုထက်တိုင် လန်းဆန်းနုပျိုနေတုန်းပါပဲ။ အခုချိန်မှာတော့ ယွန်းဝတီလွင်မိုး တို့ ဇနီးမောင်နှံ နှစ်ဦးစလုံးဟာ ပြည်ပ မှာရောက်နေကြပြီး
မကြာခင်မှာ မြန်မာပြည်ကို ပြန်လာတော့မှာဖြစ်ပါတယ်။

ပျော်ရွှင်စရာမိသားစုဘဝကိုပိုင်ဆိုင်ထားပြီး ၄-ရက်နေ့ကတော့ ယွန်းလေး လက်ထပ်တာ(၃)နှစ်မြောက်တဲ့နေ့ လေးပါပဲ။ မကြာသေးခင်ကမှ သူမ တင်ထား
တဲ့ Wedding video လေးကို ထုတ်ပြလိုက်လို့ ပရိတ်သတ်ကြီးအတွက်ပါထပ်ဆင့်ဝေငှလိုက်ရပါတယ်နော်-။

Credit;Cele Weekly

Zawgyi





Credit; Cele Weekly

Leave a Reply

Your email address will not be published. Required fields are marked *