သိန်း (၂၈၉၀ ) တန်တဲ့ ကားသစ်ကြီးတစ်စီးကို လေးနှစ်နှီးပါး အလုပ်လုပ်ပြီးရှာထားတဲ့ ငွေ နဲ့ ဝယ်ယူခဲ့တဲ့ နေခြည်ဦး ရဲ့ ဗီဒီယို-

Posted on

မကြာသေးမီကမှ သစ်တံခါးဆရာတော်ကြီးကို ငွေသိန်း(၁၀၀) လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် နေခြည်ဦး ဟာ ကိုယ့်အရည်အချင်းနဲ့ ကိုယ် ကြိုးစားရင်း အနုပညာနယ်ပယ်မှာ အောင်မြင်မှုရလာသူလေးတစ်ဦး ဖြစ်ပါတယ်။ မိသားစုအသိုင်းအဝိုင်းက ချမ်းသာပေမဲ့ ကိုယ်တိုင်ကြိုးစားရင်း အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်လာခဲ့သူလေးပါ။ခုလည်း နေခြည်ဦး ဟာ သူမရဲ့ ကြိုးစားမှုနဲ့ ရရှိလာတဲ့ ငွေကြေးနဲ့ သိန်းထောင်ကျော်တန် ကားသစ်ကြီး တစ်စီးကို ဝယ်ယူလိုက်တဲ့အကြောင်း ချပြလာတာတွေ့ရပါတယ်။

” NewnYear ,New car, New Adventuren !!! ဒီ vlog လေးက နေခြည်ရဲ့ပထမဦးဆုံး Car Shopping Vlog လေးပေါ့နော်- အခုဝယ်မယ့်ကားက နေခြည်ရဲ့ကိုယ်ပိုင်ဝင်ငွေနဲ့ ပထမဦးဆုံးဝယ်မယ့် ကားလေးလည်းဖြစ်လို့် နေခြည်မှန်းထားတဲ့ Budget နဲ့ ဘယ်လိုကားမျိုး ရမလဲဆိုတာလည်းအရမ်းရင်ခုန်နေတယ်။ နေခြည်ငယ်ငယ်လေးထဲက ကားတွေဆို အရမ်း Crazy ဖြစ်တယ်။နေခြည်ကျောင်းသွားတက်ပြီးပြန်လာတဲ့အချိန်မှာ နေခြည်စီးဖို့ဆိုပြီးဖေဖေက ကားလေးတစ်စီး ဝယ်ပေးတယ်။အဲဒီတုန်းကဆိုနေခြည် အရမ်းပျော်တာ။ဘဝမှာ ပထမဆုံးရတဲ့ ကားလည်းဖြစ်တယ်။ ကိုယ့်စိတ်ကြိုက် တစ်ယောက်ထဲလည်း စီးရမှာဆိုတော့ ”

အခုနေခြည် အသက်အရွယ်လေး တစ်ခု ရောက်လာတဲ့အခါကျတော့ မိဘကို ပူဆာတာထက် ကိုယ့်ဖာသာ ရှာတဲ့ ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ကားတစ်စီးလောက်လိုချင်လာပြီးဖေဖေ နဲ့ မေမေကိုလည်း ဒါသမီး ပိုက်ဆံနဲ့ ဝယ်ထားတာဆိုပြီး ကြွားချင်တာလည်းပါတာပေါ့လေ၊ အဲ ဒါကြောင့် နေခြည် ၃နှစ်ကျော် ၄နှစ်နီးပါး အလုပ် အလုပ် အလုပ် ဆိုပြီး တောက်လျှောက်လုပ်ပြီး ရှာထားတဲ့ ပိုက်ဆံနဲ့ ကားတစ်စီးလောက်တော့ဝယ်တော့မယ်ကွာ လို့ နေခြည် ဆုံးဖြတ်လိုက်တယ်။” ဆိုပြီး နေခြည်ရဲ့ Vlog လေးကိုချပြလာတာတွေ့ရပါတယ်။

အနုပညာလောကထဲ စရောက်ကတည်းက ဒီနေ့အထိ (၄) နှစ်လောက်ရှာလို့ ရလာတဲ့ သူမရဲ့ ကိုယ်ပိုင်ငွေကြေးလေးနဲ့ သိန်း (၂၈၉၀)တန်Range Roverကားအသစ်ကြီးကို ဝယ်ယူခဲ့ပြီးဖြစ်လို့ ငယ်ရွယ်တဲ့ နေခြည်ဦးလေးအတွက် ဝမ်းသာပီတိဖြစ်စေဖို့ ပရိသတ်ကြီးကို မျှဝေပေးလိုက်ရပါတယ်။

Credit ; SWESONE NEWS

Zawgyi :





Credit ; SWESONE NEWS

Leave a Reply

Your email address will not be published. Required fields are marked *