အများချစ်တဲ့ ဖြူဖြူထွေး ရဲ့ မိသားစုဝင်တွေနဲ့ အိမ်မှာ ရိုက်ကူးထားတဲ့ လူကြိုက်များ ဗီဒီယိုလေး-။

Posted on

ဖြူဖြူထွေး ဆိုတာ ငယ်ရွယ်လန်းဆန်းတက်ကြွပြီး အမြဲတမ်း ဖျတ်ဖျတ်လတ်လတ် နဲ့ ခပ်သွက်သွက်သရုပ်ဆောင်နေတဲ့ သမီးလေးဖြစ်ပါတယ်။ကြော်ငြာတော်တော်များများရိုက်ကူးနေရပြီး ဇာတ်ပို့ ဇာတ်ရံ မင်းသား မင်းသမီးကြီးတွေကို ခေါ်ပြီးကြော်ငြာရိုက်လေ့ရှိတာတွေ့ရပါတယ်။ ကြော်ငြာရိုက်ကူးပြီးတိုင်း သူမ ခေါ်ရိုက်ကူးတဲ့ မင်းသား မင်းသမီးကြီး တွေကို လှူဖွယ်ပစ္စည်းလေးတွေနဲ့ အမြဲကန်တော့တာကိုပါတွေ့မြင်ရမှာပါ။

မျက်နှာလေးက အမြဲပြုံးချိုနေတတ်ပြီး ဖော်ရွေတဲ့ သူမ အမူအယာလေးက ပရိတ်သတ်ရင်ကိုအေးမြ စေပါတယ်။ လှူဒါန်းရာမှာ ရက်ရောချက်က လမ်းမှာမသိတဲ့ ချို့တဲ့သူတွေကို မကြာမကြာ လှူဒါန်းနေတာလေးကို ပီတိဖြစ်ဖွယ်တွေ့မြင်ရပါတယ်။ အိမ်မှာရှိတဲ့ မိသားစုဝင်တွေကို သူမ အမေပါမကျန်လိုအပ်သလို ကြော်ငြာရိုက်ကူးရာမှာပါဝင်ကူညီနေတာအားလုံးအသိပါ။

မိသားစုဝင်တွေနဲ့ အတူ အခွီးဗီဒီယိုလေးတစ်ခုကို သရုပ်နှစ်မျိုးခွဲပြီး သရုပ်ထားရိုက်ကူးထားပါတယ်။ ချစ်သူ အမျိုးသားနဲ့ အမျိုးသမီး တို့ရဲ့ ဇာတ်ရုပ်နှစ်မျိုးကို ပီပြင်အောင် ရယ်စရာ အခွီးလေးတွေနဲ့ ရောယှက် ရိုက်ကူးထားတာပါ။ ပရိသတ်ကြီးအတွက် အပျော်တွေကူးစက်ဖို့ ဖြူဖြူထွေး ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Zawgyi ;




Leave a Reply

Your email address will not be published. Required fields are marked *