တစ်နှစ်ကျော်ကြာအောင်ထိန်းသိမ်းလာခဲ့ရတဲ့ မြတ်နိုးတဲ့ အရာတစ်ခုကို မိနစ်ပိုင်းကြာမယ့် ဇာတ်ဝင်ခန်းတစ်ခုအတွက် အနုပညာရှင်ပီသစွာ စွန့်လွှတ်ရ တော့မယ်လို့ မအေးသောင်း ပြောလာပြီ-
Posted on
မအေးသောင်းလို့ ပြောလိုက်ရင် လှပတဲ့ကိုယ်ဟန်သွင်ပြင်နဲ့ သွက်သွက်လက်လက် သရုပ်ဆောင်တတ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေးကို မြင်လိုက်ကြမှာဖြစ်ပါတယ်။မြန်မာဟန် မြန်မာစတိုင်လေးနဲ့ လှလှပပ လှုပ်ရှားရိုက်ကူးတတ်တဲ့ မအေးသောင်းဟာ ကြော်ငြာရိုက်ကူးရေးတွေကို လောလောဆယ်မှာအားစိုက်လုပ်ကိုင်နေပြီး ရုပ်ရှင်ရိုက်ကူးရေးကိုတော့ ခဏနားထားပါတယ်။
မအေးသောင်းလေးဟာ သူမနှစ်နဲ့ချီပြီး ကာလအတန်ကြာအောင်ထိန်းသိမ်းလာခဲ့တဲ့ သူမ မြတ်နိုးတဲ့ အရာတစ်ခုကို မကြာမီမှာ စွန့်လွှတ်ရတော့မယ်လို့ထုတ်ဖော်ပြောလာတာတွေ့ရပါတယ်။ သူမပြောတာက ” ၂၀၁၉ ဒီဇင်္ဘာတုန်းက ဇာတ်ကားရိုက်ကူးဖို့အတွက် ဆံပင်တိုလေးဖြစ်အောင် ညှပ်လိုက်ရတယ်တဲ့- အခုတော့ အဲဒီ ဇာတ်ကားလေးမှာဇာတ်ဝင်ခန်းတစ်ခန်းပြန်ရိုက်ရမယ်ဆိုတော့ ပြန်ညှပ် ရတော့မှာပေါ့နော်လို့ ပြောလိုက်တဲ့အပြင် တစ်နှစ်ကျော်အတွင်း ပြန်ရှည်လာတဲ့ ဆံပင်ရှည်ကြီးကိုနှ မြောလိုက်တာ-။ကိုဗစ်ကိုမုန်းတယ်။ တစ်ထွာကျော်ကျော်ပြန်ညှပ်ရမှာဗျ- လို့ဆိုပြီး စိတ်မကောင်းစွာနဲ့ ပြောလာခဲ့တာပါ။
မအေးသောင်းကတော့ သူမရဲ့ တစ်နှစ်ကျော်ကြာရှည်လာခဲ့တဲ့ လှပတဲ့ ဆံပင်ရှည်ကြီးကို ဖြတ်ပစ်ရမှာ စိတ်မကောင်းဖြစ်နေပေမယ့် အနုပညာရှင်ကောင်းပီသစွာနဲ့ ရိုက်ကူးမယ့် ဇာတ်လမ်း ဇာတ်ကွက်နဲ့ ကိုက်ညီအောင် ညှပ်ပေးပြီးစွန့်လွှတ်ပေးပါလိမ့်မယ်။ အနုပညာစိတ်ဓါတ်အပြည့်အဝရှိတဲ့ မအေးသောင်းလေးကို ပိုမိုအားပေးရင်း အောင်မြင်မှုတွေဆက်လက်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ရအောင်နော်–။
Credit ; Cele Connection
Zawgyi ;
Leave a Reply
Your email address will not be published. Required fields are marked *