အောင်ရဲလင်း လည်း ပုဒ်မ (၂၅) နဲ့ အဖမ်းခံနေရတဲ့ ခြိမ့်ကေကို ဘက်က ရပ်တည်ဝင်ပြောလိုက်ပါပြီ-

Posted on

COVID-19 ကာလ အတွင်းမှာ လူစုလူဝေးနဲ့ ကျင်းပခဲ့တဲ့ မွေးနေ့ပွဲတွင် ဖျော်ဖြေခဲ့မှုကြောင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/ ၃၀ (က) နဲ့ အမှုဖွင့် ခံထားရတဲ့ ခြိမ့်ကေကို/ ငှက်ပျောသီး ဟာ ဇန်နဝါရီလ (၄) ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့မ ရဲစခန်းမှာ ကိုယ်တိုင် သွားရောက် အဖမ်းခံခဲ့ပါတယ်။

ခြိမ့်ကေကို ကို ပုဒ်မ (၂၅) နဲ့ တစ်ခါထဲ ဖမ်းခဲ့တာကြောင့် ပရိသတ်တွေ ကြားမှာ ပြောစရာဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကာလ KTV မှာ ဖမ်းမိတဲ့သူတွေကျ လွှတ်ပေးပြီး ခြိမ့်ကေကို ကို ဖမ်းခဲ့လို့ ပရိတ်သတ်တွေကြား ဝေဖန်နေကြပါတယ်။ ခြိမ့်ကေကို အချုပ်ထဲမှာ ငိုနေတယ် လို့ သူရဲ့ အမေက ဦးဒိန်းဒေါင် ကို ငိုပြီးပြောခဲ့တာကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြ ပါတယ်။

သရုပ်ဆောင် အောင်ရဲလင်းကတော့ ခြိမ့်ကေကို ဘက်ကနေ ရပ်တည်ပြော ခဲ့တာပဲဖြစ်ပါတယ် ။ အောင်ရဲလင်းက “Stay Strong Fella!#KeepYourHeadsHigh # ChaintKKo” ဆိုပြီး သူ့ရဲ့ FB မှာ ဦးဒိန်းဒေါင်ဖြေထားတဲ့ interview လေးကို Share ရင်းရေးခဲ့တာပဲဖြစ်ပါတယ်။ တော်ရုံဝင်မပြောကာ အေးဆေးစွာပဲ နေတတ်သူ အောင်ရဲလင်း ကပါ အဆိုတော် ခြိမ့်ကေကိုအတွက် အားပေးမှုတွေနဲ့ ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။

Credit ; SWESONE NEWS

Zawgyi ;



Credit ; SWESONE NEWS

 

Leave a Reply

Your email address will not be published. Required fields are marked *