အကောင်းဆုံးကြိုးစားပြီး ဇာတ်ရုပ်နဲ့လိုက်အောင် အရှက်ကိုဘေးချိတ်ပြီး သရုပ်ဆောင်ခဲ့ရကြောင်း ရိုက်ကွင်းနောက်ကွယ်ကပြောလာတဲ့ ဖြူဖြူထွေး

Posted on

ချစ်စရာကောင်းတဲ့အပြင် ရိုးသားဖြူစင်လွန်း တဲ့ သရုပ်ဆောင် ဖြူဖြူထွေးလေး ကတော့ သူမရဲ့ တက်ကြွတဲ့ ဟန် အမူအယာလေးတွေကြောင့် ပရိသတ်တွေကြားမှာ ေ ရပန်းစားအောင်မြင် လာသူတစ်ယောက် ဖြစ်ပါတယ်။ ဖြူဖြူထွေးက အခုဆိုရင် ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးရတဲ့အပြင် နောက်ပိုင်းမှာလည်း ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ နိုင်ငံကျော် သရုပ်ဆောင်တွေနဲ့အတူတူ တွဲဖက်ပြီး သရုပ်ဆောင်နိုင်တဲ့အထိ အောင်မြင်မှု ရရှိလာတာပဲ ဖြစ်ပါတယ်။ နေ့စဉ် ရက်ဆက်ကြော်ငြာတွေကို ဆက်တိုက် ရိုက်ကူးနေရတဲ့ ဖြူဖြူထွေးက သူမကိုအားပေးနေကြ တဲ့ ပရိသတ်တွေနဲ့လည်း အဆက်အသွယ်ပြတ်တောက်သွားခြင်း မရှိအောင် ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေကို မှတ်မှတ်ရရ အမြဲတမ်းလိုလိုချပြပေးနေတာ ပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက် မှာတော့ ဖြူဖြူထွေးက သူမရဲ့ ကြော်ငြာရိုက်ကွင်းပေါ်က အလွဲလေးတွေကို ချပြရင်း သရုပ်ဆောင်တစ်ယောက် ပီပီ အရှက်ကို ဘေးချိတ်ပြီး ကျရာ ဇာတ်ရုပ်အတိုင်း မရှက်မကြောက်နေပဲ အကောင်းဆုံးကြိုးစား သရုပ်ဆောင်ခဲ့ရကြောင်းကို ဗီဒီယိုလေးနဲ့တကွ တင်ဆက် ပြသလာပါတယ်။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ ရိုက်ကွင်းနောက်ကွယ်က ရယ်စရာအမှတ်တရလေးတွေကို မျှဝေတင်ဆက်ပေး လိုက်ပါတယ်နော်။

ဖြူဖြူထွေးကတော့ သရုပ်ဆောင်မျိုးရိုး မရှိပေမယ့် သူမရဲ့ ထူးခြားတဲ့ ပင်ကိုယ်ပါရမီကြောင့်သာ အခုဆိုရင် အောင်မြင်တဲ့နေရာ တစ်နေရာကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီ း ရိုက်ကွင်းပေါ်ကို အမှန်တကယ်ရောက်ရှိသွားသလို ခံစားနေရမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်နော်–။

Source: Phyu Phyu Htwe’s fb

Credit ; Cele Connection

Zawgyi ;






Leave a Reply

Your email address will not be published. Required fields are marked *